>Aung Thar Nge – Art and You – Between

>

သင်တို့ဟာ အနုပညာနဲ့ ယူဇနာ တသိန်းကျော် ကွာနေပါကြောင်း…
အောင်သာငယ်
မိုးမခ၊ မေ ၁၅၊ ၂၀၁၁
အနုပညာနဲ့ ယူဇနာ အသင်္ချေဝေးတဲ့သူများဟာ …
သနားစရာကောင်းတယ် …
ပန်းသီးတလုံးကို … ငါကတွေ့တဲ့အခါ …
ချစ်ခြင်း မေတ္တာလို့ ပြောမိတယ်…
အဲသည်လူတွေကတော့ …
ဒီပန်းသီးကလည်း
ဈေးကြီးလိုက်တာ တဲ့ …
း))း)) ဟား … ဟား …
 ဧဒင်ဥယျာဉ်အနားမှာလည်း
သူတို့ခမျာ … မသီသွားရရှာပါဘူး …
 မြွေတကောင်ရဲ့ ဖျားယောင်း သွေးဆောင်မှုကိုလည်း
သူတို့ ကောင်းကောင်း သိမယ် မထင်ဘူး …
 မြို့တမြို့ အကြောင်းကို ငါက … ပုံအဖော်မိကောင်းတာနဲ့
သည်မြို့မှာ မနေချင်ရင် ထွက်သွား-ဆိုပဲ …
ဟဲ … ဟဲ … ဟ… ဟ …
ခက်နေကြပြီပေါ့ကွယ် …
 မောင်ရင်က မြို့တော်ဝန်- လားလို့ – မေးတော့လည်း ပြန်မဖြေရှာဘူး …
အရူးတွေနဲ့တော့ ငါ ရန်မဖြစ်ဘူးကွယ့် …း))
ပို့လန်းမြို့ကိုများတော့
အက်စ်တိုးရီးယားလောက်ကို ငါမချစ်ဘူး …
ဆန်ဖရန်ဘေး ဧရိယာက
စာဖတ်သူတဦးကို ပြောလိုက်ပါရဲ့ …
ပို့လန်းက မြို့ခံတဦးကို ပြောလိုက်ပါရဲ့ …
ကျနော့် အမည်ဟာ
အောင်သာငယ်ပါ …
ကျနော်က ကဗျာဆရာပါ …
ရန်လိုသူတဦး မဟုတ်ပါ …
မြို့တမြို့ကို
အောင်သာငယ်က အနုပညာ နို့ရည်ထဲနှစ်ပြီး အချဉ်ဖောက်လိုက်ပါတယ် …
ယာဂုဖြစ်သလား …
ဒိန်ချဉ်ဖြစ်သလား …
သင်ပဲ စဉ်းစားပါ …
 ဥပမာ …
၁ နဲ့ ၁ ပေါင်းတဲ့အခါ (၁) ပဲရကြောင်း
သင်တို့ ကောင်းကောင်း သိခဲ့တဲ့အခါ
အနုပညာကို သင်တို့ နားလည် ချစ်ခင်တတ်လာပါလိမ့်မယ် …
အဲသည်အခါကျမှပဲ
အောင်သာငယ်ရဲ့ အီးမေးလ်လိပ်စာ
သင်တို့ထံပို့လိုက်ပါ့မယ်…
သာကြောင်း မာကြောင်း
အစစ အရာရာကောင်းကြောင်း
ပဋိသန္တာရ စကားများကို
ပြောကြားဖို့ပါ …
 အာမင် … ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts