>Mar Mar Aye – 380

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် – အမှတ် ၃၈၀

ဆရာပါရဂူ

မာမာအေး
မေ ၁၄၊ ၂၀၁၁။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပတ်က ထူးထူးခြားခြား မိဘကျေးဇူးဆပ်ပွဲဆိုတာ ကြားပြီးကြပြီပေါ့နော်။ အလှူကျင်းပတဲ့ သက္ကလရွာကို ငယ်စဉ်တခါရောက်ခဲ့တာ ဦးလေးပါကြီးတို့နဲ့ဆိုတာ မှတ်မိတယ်။ ဦးလေးပါ သတိရမိတော့ မနေ့တနေ့ကမှ ပျောက်သွားရှာတဲ့ ဆရာပါ … မောင်ကြီးပါ၊ စာရေးဆရာ ပါရဂူဆိုတဲ့ ဆရာကိုပါ ဆက်သတိရပြန်ပါရော။ ပြောပြသင့်တဲ့အထဲ ပါရဂူကြီးလည်း ပါတာပေါ့ရှင်။ တကယ့် စာတွေ ချန်ရစ်ခဲ့သူပေပဲ။

မာအေးစွဲခဲ့တဲ့စာတွေထဲမှာ ဆရာပါရေးတဲ့ စာမျိုးတွေလည်းပါပါတယ်။ မာအေးက ရာဇ၀င်လို၊ သမိုင်း လို နောက်ကြောင်းခံရှိတဲ့စာမျိုးဖတ်ရ တာ ကြိုက်တတ်တယ်ဆိုတော့ ဆရာပါရေးတဲ့ “အဗ္ဗပါလီ”စာ အုပ်က စစွဲသွားခဲ့တာပါ။ မာအေးအကြိုက်ဆုံးဖြစ်လာတဲ့ ဆရာ့စာအုပ်ကတော့ သားတော်ရာဟု လာ ဖြစ်ပါတယ်။ ပင်ကိုယ်ရေးတဲ့ စာရေးဆရာကြောင့်လား ဆရာပါကြောင့်လားတော့ မပြောတတ် ဖူး။ နှိုင်းရာမရှိ မြတ်မုနိပင် လျှင် အဆိုးထင်ခံရမလောက် လက်မြောက်လို့ပါ။

ဆရာပါရဂူကို လူချင်းသိလာတာ တန့်ကြည့်တောင် ဆရာတော်ဘုရားရဲ့ သာသနာပြု ဒါယိကာ ကိုမျိုးလွင်၊ ကိုမျိုးခင်တို့ ညီအကိုနဲ့ မာအေး ရဲ့ရောင်းရင်းကြီး စာရေးဆရာချင်းတွင်းချစ်သွေး တို့ကြောင့် ဖြစ်ပါ တယ်။ ဆွေ မျိုး တစုပြောပါတော့။ ၈၈ အရေးအခင်းပြီးစက ဆရာတော် ဘုရားတရားစခန်းမှာ နေခိုခဲ့ကြလို့ ဓမ္မလမ်းပေါ်ရောက် လာတဲ့အခါ မာအေးရောင်းရင်းကြီး ကိုချစ်သွေးက အကူခေါ်ပါတယ်။ တို့တွေနဲ့ ဆရာတော်သာ သနာပြုလုပ်ငန်းတွေအတွက် လာလှည့်ပါ ။ မန္တလေးတက်ခဲ့ပါဆိုတာနဲ့ လိုက် သွားပြီးဝင်ကူတာမှာ ဆရာပါနဲ့တွေ့ ခဲ့ရ တာပါဘဲ။ ဆရာပါကိုလည်း ကူညီဘို့နဲ့ ပုဂံမြို့မှာ တည်ထားတဲ့ “ဣသိပညာဒေ၀ ဂုရုကျောင်းေ တာ်”မှာ ဖွင့်မယ့်တရားစခန်းဝင်ရအောင် ဖိတ်ထားကြလို့ ပေါ့ရှင်။ အမကြီးဒေါ်ခင်ဆွေဦးလည်း သူတို့ဖိတ်လို့ တရားလာဝင်ပါတယ်။ အဲဒီမှာတင် စာအကြောင်း ဂီတအကြောင်း တရားအေ ကြာင်း ကောင်းကောင်းကျင့် ကောင်းကောင်းပြော မောင်ရင်းနှမတွေလို ရောသွားခဲ့ကြတာပါ။ ခင်မင်ဘို့ဆိုတာ မြန်တာကြာတာအချိန်နဲ့ တိုင်းရတာမျိုး မဟုတ်ဘူးဆိုတာ လက်တွေ့ဘဲ။ မာအေးအနားမှာ အကိုကြီး အမကြီးတို့ မရှိလည်း ချစ်မြဲခင်မြဲရင်ထဲ ရှိနေတာဘဲ။

အဲဒီအချိန်တွေမှာ မာအေးတို့လူငယ်ပိုင်းက ဆရာပါ အကိုကြီးရဲ့ အထီးကျန်လူပျိုကြိးဘ၀ကိုလည်း မြင်တယ်။ အမကြီး ကလည်း ခုနေမှာ တယောက်ထဲ သူ့မဂ္ဂဇင်းနဲ့သူ လုံးထွေးဝဲလယ်ဖြစ်နေတာကိုလည်းမြင်ကြတော့ တပေါင်းတည်းဖြစ်ရင် သင့်မြတ်မယ်ထင်ကြသည်ပေါ့။ မာအေးတို့အပိုင်းက စိတ်ရူးထကြတာပါေ လ။ ရောက်ေ န တာကလည်းကြည့်ဦး … ဧရာဝတီကမ်းနဖူးမှာ ဒီဇင်ဘာလ အေးမြမြ ဆော င်းလေ လေး က မွှေးလှပါ့ လို့ ပြောရမယ့်အချိန်၊ နေ၀င်တိမ်တောက်လို့ မြစ်ရဲ့အနောက်ကိုမျှော်ခဲ့ရင် တန့်ကြည့်တောင်ေ တာ် စေတီကျော်ကို မော်ဖူးနိုင်တဲ့မြင်ကွင်း၊ ချစ်ဖော်ချင်းသာဆိုခဲ့ပါ ရင် သောင်ပြင်တေ လျှာက် မမော ဘဲ လျှောက်လိမ့်မယ်ပေါ့။ တကယ့်လုပ်ဖြစ်ဖို့တော့ မလွယ်ဘူးရှင့်၊ ဒီအချိန်မှာ မာအေးတို့က စံပြအဓိဌာန်ယော ဂီတွေကိုး၊ ကိုယ့်စာဖတ်ပရိတ်သတ်၊ ကိုယ့်သောတရှင်တို့ရှေ့မှာ တုတ်နှောင်ထား သလို စည်းကမ်းအတိုင်းေ နရတာ၊ မနက်အာရုံတက်ကနေ ညဖက်တရားပွဲသိမ်းမှ နားရတာ၊ ဒါတောင် အိပ်ယာဝင်မှာ ကျောင်းကမ္မဌာန်း မှတ်ကြရပါသေးတယ်၊ ဥပုဒ်ယူ အသက်လွတ်စား အဲဒီလို ကုသိုလ်ယူဘို့ ဆရာတော်ဘုရားက သင်ကြားေ တ်ာမူပါတယ်။

*(အဓိဌာန်ယောဂီ …. မှ)
ပူအေးထုံကျဉ် ကောင်းဆိုးကိုက်နာရှုတာ= ဝေဒနာနုပဿနာ၊ စိတ်အစဉ်မှာ ပေါ်ရာရှုတာ = စိတ္တာနုပဿနာ၊ သူ့သဘော သူဖြစ်တာ ရှုတာ=ဓမ္မာနုပဿနာ၊ လက်ထားနည်းလည်း မှန်ကန်စွာ၊ ကိုယ်ထားနည်းလည်း မှန်ကန်စွာ ရှုပုံရှုနည်းလည်း မှန်စွာ မှန်စွာ ၊ ကျင့်စဉ်ကျင့် နည်းလည်း မှန်စွာ မှန်စွာ၊ အရိယာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ လမ်းစဉ်ဆိုသည်မှာ x x x

တရားအလုပ် အားထုတ်ခဲ့ကြတာ အရိယာ အသာထားပါဦး၊ ဣရိယာပုတ်မျှအောင် အားထုတ်ဖို့တောင် သိပ်လွယ်တာ မဟုတ်ပါဘူး။ တန့်ကြည့်တောင်ဆရာတော်က လျောင်း ထိုင် ရပ် သွား ကမ္မဌာန်းလေးပါးလုံး ကိုယ်အဆင်ပြေသလို တလှည့်စီ ရှုမှတ်၊ လပ်တဲ့အချိန်ကို မထားတာပါ၊ မာအေးတို့သုံးယောက်ဟာ တရားမမေ့ပေမယ့် တရားစခန်းတွေမှာတော့ သိပ်ပြီး မွေ့လျော်ခဲ့တဲ့သူတွေ မဟုတ်ကြတာတော့ ရိပ်မိမှာပါနော်။

ဆရာပါနေတဲ့ အိမ်ကလေးမှာဆို စာအုပ်တွေကိုပြည့်လို့၊ ဧည့်သည်လာရင်တောင် ထိုင်စရာ စာအုပ်တွေ ဖယ်ထိုင်ခဲ့ရတာပါ။ အားတာနဲ့ ကလောင်ထကိုင်မယ့် လူပျိုကြီးမျိုးလို့ ထင်ရပါတယ်။ မမခင်ဆွေဦးကိုတော့ မထင်တတ်ပါဘူး။ သူ့စာတွေ ဖတ်ရင် သူရုန်းကန်နေရတာကို နားလည်ရင် တရားဝင်ဖို့ အချိန်ရှိမယ် မထင်ပါဘူးရှင်။ မာအေးလည်း ထူးမခြားနားပါဘဲ။ ရိုးရိုးသားသား ဘုရားသာရှိခိုးတတ်တာ၊ တရားဝင်တဲ့ အတွေ့အကြုံလည်း မရှိပါဘူး။ အိမ်ထောင်ကွဲစ အရူးမလို ခံစားရစဉ်က မိုးကောင်းဘုရားမှာ သဲအင်းဂူ ဆရာတော်ဘုရား ဖွင့်ထားတဲ့ တရားစခန်း သွားဝင်ဖူးတာကလဲ တရက်နှစ်ရက်ပါ။ ၀ဋ္ဋ်ကျွေးရှိသေးတယ် ဒုက္ခမ သိသေး ဘူး ပြန်တော့ဆိုတာနဲ့ မဆက်ရတော့ဘူး။ ဘောက်ထော်က စွန်းလွန်းဂူကျောင်း မှာ လည်း နေ့ လည်တရားထိုင်ကြတတ်တာနဲ့ သွားကြိုးစားဖူးပါတယ်။ ဘာမှရေရေလည်လည် မရှိခဲ့သေးဘူး။

အခုပုဂံမှာ ထပ်ပြီးကြိုးစားကြည့်တာပါ။ တရက် …. နှစ်ရက်ကြိုးစားချက်ကြောင့် စိတ်ငြိမ်လာတယ်။ သုံးရက်ကျတော့ ပင်ပမ်းတယ်၊ ဖိစီးတယ်၊ ဝေဒနာပေါ်တဲ့နောက်လိုက်လေ နာလေနဲ့၊ စိတ်ဓါတ်ကျလိုက် စိတ်တင်းလိုက်နဲ့ တရားပီတိသိချင်တာကို တခြားယောဂီတွေလို မသိရလို့ စိတ်မကောင်းဘူးလို့ ဆရာတော်ထံ ညတရားပွဲမှာ လျှောက်ထားတဲ့အခါ “ရချင်လွန်းတဲ့ဇောနဲ့ လောဘစိတ်ကြောင့်ဘဲ လိုချင်စိတ်ဒိဌိခွာ … ၀င်လေထွက်လေ မလွတ်စေနဲ့ ရလာလိမ့်မယ်”တဲ့။

အဟုတ်ပါဘဲ။ လေးရက်မြောက်လို့ မတ်တပ်ရပ် ရှုမှတ်တဲ့အခါ အေးစိမ့်ကြည်လင် ဓမ္မပီတိဝင်ပြီး သောကေ မာလျတာတွေ ငြိမ်းပျောက် မျက်ရည်ပေါက်တွေ အလိုလို လိမ့်ကျခံစားရတော့တယ်။ ဆရာပါ လည်း နောက် ဆုံးတရားသိမ်းမယ့်ရက်မှာ ဓမ္မပီတိရသွားရှာပါတယ်။ သူမှာလည်း ချမ်းငြိမ်းကြည်သာ မျက်ရည်နဲ့ပါဘဲ။ တကယ့် ကို ရှားရှားပါးပါး မှတ်သားထားထိုက်ပါရဲ့။ ဆရာ့လင်္ကျာဒေါင့်စွန်း မျက်ရစ်ဝန်းက ကျွန်းကလေးမှာ တစ်ပေါက် တည်းမှ တပေါက်တည်း တင်ထားတဲ့အတိုင်းကလေး မြင်ခဲ့ ကြရပါတယ်ရှင်။

ဘီဘီစီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအားပြန်လည်ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts