Cartoon Box

အောင်ကိုလတ် (တမူး) ● ရယ်​စရာမှတ်​စု

အောင်ကိုလတ် (တမူး) ● ရယ်​စရာမှတ်​စု
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈

ဖတ်ခဲ့​​တယ်
နှာ​ခေါင်းကို​သွေးထွက်​​အောင်​လက်​သီးနဲ့ထိုးတာဟာ
တုပ်​​ကွေးကာကွယ်​​ဆေးထိုး​ပေးတာလို့မှတ်​ပါဆိုတာမျိုး

ဖတ်​ခဲ့ဖူးတယ်
စစ်​​မြေပြင်​မှာ​တော့ ရှင်​ဟာ သူရဲ​ကောင်းတယောက်​ဖြစ်​​ပေမယ့်
အိမ်​မှာ​တော့ရှင်​ဟာသူရဲ​ကောင်းတ​​ယောက်​မဟုတ်​ဘူးဆိုတာမျိုး

ဖတ်​ခဲ့​ရတယ်
အမျိုးသမီး​တွေကသူတို့ကို​ဘောင်​ခတ်​ချုပ်​ခြယ်​ထားတယ်​ဆိုပြီး
အတွင်းခံအင်္ကျီ​တွေကိုချွတ်
မီးရှို့ဆန္ဒပြကြတယ်​ဆိုတာမျိုး

ဖတ်​ခဲ့​သေးတယ်
နှိပ်​စက်​ခံရလွန်းလို့
ကိုယ့်​ဘာသာစကားနဲ့ကိုယ့်​ကိုဆဲရင်တောင်
ကိုယ့်​နိုင်​ငံကိုပြန်​​ရောက်​ပြီလို့စိတ်​ကူးယဉ်​ပစ်​လိုက်​တယ်​ဆိုတာမျိုး

ဖတ်​ချင်​​သေးတယ်
နိုင်​ငံ​တော်​သီချင်းသံကြားရင်
ရောက်​တဲ့​နေရာမှာရပ်​ပြီး အ​လေးပြုကြတယ်​ဆိုတာမျိုး
ထပ်​ဖတ်​ချင်​​သေးတယ်။

အောင်​ကိုကိုလတ်​ (တမူး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts