>News & Media


>

ဆရာနတ်နွယ်ဈာပန မီးသဂြုင်္ိလ်ပြီးစီး
မေ ၁၄၊ ၂၀၁၁
တာရာဝေယံ

၂၀၁၁ ခုနှစ်၊ မေလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအချိန်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ် ၂၃၈/၄၈ ရပ်ကွက် မဟာဆွေလမ်းနေအိမ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ၊ အယ်ဒီတာကြီး ဆရာနတ်နွယ် (၁၉၃၃ – ၂၀၁၁ ) (၇၉) နှစ်ရဲ့ ဈာပနကို ဒီကနေ့ ညနေ ၄ နာရီခန့်က ရေဝေးသုဿန်မှာ မီးသဂြုင်္ိလ်ပြီးစီးခဲ့ပါတယ်။

မုံရွာအောင်ရှင်၊ မောင်သာချို၊ ကိုခါး (ကွမ်းခြံကုန်း)၊ ဆရာဦးအံ့မောင်၊ ဆရာထက်မြက်၊ ဆရာဌေးမော်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်သာနိုး၊ မောင်စူးစမ်း၊ မောင်ဝံသ အစရှိတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ စည်းကားသိုက်မြိုက်စွာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကွယ်လွန်သူ ဆရာနတ်နွယ်ကို ရည်စူးပြီး ၁၇. ၅. ၂၀၁၁ အင်္ဂါနေ့ (ကဆုန်လပြည့်နေ့) နံနက် ၇း ၀၀ နာရီမှ ၁၁း ၀၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမည်ဖြစ်သည့်အတွက် အမှတ် ၂၃၈ မဟာဆွေ လမ်း၊ ၄၈ ရပ်ကွက် မြောက်ဒဂုံနေအိမ်သို့ ကြွရောက်ကြပါရန် ကျန်ရစ်သူမိသားစုမှ ဖိတ်ကြား ထားကြောင်း သိရသည်။

ဆရာနတ်နွယ်၏ ဈာပနအခမ်းအနားမှတ်တမ်းဓာတ်ပုံများ










ဆရာနတ်နွယ်၏ စာပေနှင့်ဘ၀ဖြတ်သန်းရာ




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts