>Gyaw Dee’s Joke (3)

>

”အကြံနဲ့ အကျန်”
ဂျော်ဒီး
မေ ၆၊ ၂၀၁၁

ဈေးကပြန်လာကတည်းက ဂျီးဒေါ် စိတ်ဓါတ်တွေ တဖုတ်ဖုတ်ကျလာတယ်..။ တက်ပြီးရင် ပြန်မဆင်းတဲ့ ကုန်ဈေးနှုန်းတွေကသိသိသာသာတဟုန်ထိုးတက်ဆဲ….။ မြန်မာနှစ်သစ်ရောက်ကာမှ … ဓါတ်ဆီဈေးတက်လို့ ကားခတွေ ဈေးကြီးလို့ ….. အစိုးရသစ်ရဲ့သမတကြီးတွေ လခတွေကောင်းလို့ …. ဘာလို့ ညာလို့ … အကြောင်းအမျိုးမျိုးတွေပြပြီး တက်ကောင်းတိုင်းတက်နေသော အနှီကုန်ဈေးနှုန်း ….။ စာပို့ခတွေတောင် အရင် (၅၀) ကျပ်တန် တံဆိပ်ခေါင်းက (၅၀၀) ကျပ်ဖြစ်သွားသတဲ့ ….။ ဟင်း ….. မဆီမဆိုင် … ဆပ်ပြာတွေ ဆပ်ပြာ မှုန့်တွေ၊ ဆပ်ပြာရည်တွေကလည်း …ဈေးတက်သွားလေရာ …နှစ်သစ်အတွက် အညစ်အကြေးတွေ ဆေးေ ကြာ ကြလို့ထင်တယ်လို့ ဂျီးဒေါ်ကစပ်စုမိတော့ ဆိုင်ရှင်က ….

‘‘ကလင်း … ဂါဘာမန့် …. ဖြစ်အောင် ဆပ်ပြာမှုန့်တွေ ဆပ်ပြာရည်တွေ အ၀ယ်လိုက်နေလို့ … ဗျ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုတော့ ပစ္စည်းတွေ ပြတ်သွားတာ။ တော်တော်ဆေးယူရမယ်” …. လို့ပြောလိုက်သေးတယ်..။

ဘာတွေ မှန်းလဲမသိ….။ ဂျီးဒေါ်ကတော့ ဈေးတွေတက်တာဘဲသိပြီး ….. တဖုတ်ဖုတ်ပြုတ်ကျနေသော စိတ် ဓါတ်ေ တွအတွက်.. ‘‘စိတ်ဓါတ်ကျတယ် …စိတ်ဓါတ်ကျတယ်ဟေ့ .. ” လို့ဘဲ အော်ချင်လာတယ်။

ဈေးတွေကြီးလို့ ထမင်းဟင်းတောင် … မစားဘဲ ဖြတ်ထားဖို့ ဖြေးဖြေးချင်းလေ့ကျင့်နေတာ…။ ကျင့်သားမ ရသေးချိန်ဆိုတော့ အမှန်းအဆမတတ်ဘဲ ထမင်းတွေ နဲနဲပိုနေတတ်တယ်..။ မစားရက် မသောက်ရက် …နှမျောစရာ..။ ဘာလုပ်ရပါ့မလဲ….။ အင်း…ဟုတ်ပြီ။ အကျန် .. အဲ.. အဲ .. အကြံရပြီ ….။

‘‘ဗျိုး … ဂျီးဒေါ် …။ ဘာတွေ ငြိမ်ချက်သားကောင်းနေတာလဲ … ဗျ”
လာဘီ …သာဂိ..။ သူလာရင် ရုပ်ရှင်ထဲမှာ ရွာထဲ လူဆိုးတွေဝင်လာသလို ရုပ်ရုပ်သည်းသည်း …. အော်ကြီး ဟစ်ကျယ်… ။

စိတ်ညစ်ညစ်နဲ့  အော်ပစ်လိုက်တယ်..။

‘‘အကျန်တွေသွားပေးမလို့ … ဟေ့”

‘‘ဘာ … ဂျီးဒေါ်က အကြံပေးရအောင် သမတရဲ့ အကြံပေးအဖွဲ့မှာပါလို့လား..။ ဘာအကြံမှ ပေးမနေနဲ့ …။ လွှတ်တော်ကြီးတခုလုံး အုတ် အော်သောင်းနင်းကျင်းပပြီး … အဲဒီလွှတ်တော်ကပေးတဲ့ အကြံတွေတောင် မကြိုက်ရင် မကြိုက်သလို ပယ်ချခံရတာ…။ ဘယ်သူကများ … ဘာအကြံတွေပေးနိုင်မှာတုံး’’

‘‘လုပ်လာဘီ … သာဂိ။ ကိုယ်ထင်တာတွေ စွတ်ပြောမနေနဲ့ …။ ဘယ်က သမတတွေ …အုတ်ရှောင်တွေကိုမှ အကြံပေးမှာမဟုတ်ဖူး … အချိန်ကုန်လို့ … ။ ထမင်းကျန် ဟင်းကျန်လေးတွေ ဟိုဖက်အိမ်က ခွေးလေးတွေေ ကျွးဖို့  သွားပေးမလို့ …’’

‘‘ဟီး …သိပါဘူးဗျာ ..။ သမတကြီးဆီ … အကြံကောင်းတွေများ သွားပေးမလို့လားလို့ …။ လွှတ်တော်ထဲ မှာ ပြောတာဆိုတာ သဘော ကျရင် ..ကားဝယ်ခွင့်ပါမစ် ..တိတ်တိတ်ကလေး ရွေးပေးသတဲ့ …။ ကားလေး ဘာလေး စီးရအောင်။ ကားစီးရတော့လည်း လွှတ်တော် ထဲမှာပေးခဲ့တဲ့ အကြံတွေထဲက နိုင်ငံရေးအကျဉ်း သားလွှတ်ပေးရေး ဘာရေး …အဆိုပြု အကြံပေးခဲ့တာတွေနဲနဲ မေ့သွားမှာပေါ့ ဗျာ … ဟဲ..ဟဲ’’

‘‘အော် .. ဒါနဲ့ ….နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ တော်တော်အရှိန်ရနေဘီ ဆို ..။ ငါလဲ လက်မှတ်ထိုးချင်တယ် .. သာဂိ’’

‘‘အခု …အဲဒီကိစ္စနဲ့  ဂျီးဒေါ်ဆီလာတာဗျ ..။ လက်မှတ်လဲ ထိုးရမယ်..။ တခြားလက်မှတ်ထိုးချင်သူတွေဆီက လည်း လက်မှတ်တွေ စု ဆောင်းပေးပါ..။ ကျနော်တို့စုနေတာ လက်မှတ်တွေတော် တော်ရနေပြီ …။ တချို့ ရွာတွေ ဆို ရွာဦးကျောင်းထိုင်ဆရာတော်က စလက်မှတ်ထိုးပေးလိုက်တာ …ရွာလုံးကျွတ်နီးပါးဘဲ …လက် မှတ်တွေ ၀ိုင်းထိုးပေးကြတာ … အားရှိစရာဗျာ’’

‘‘ဟယ် …ငါ့လက်မှတ်ထိုးတာကတော့ ရပါတယ်…။ တခြားလူတွေ လက်မှတ်တွေစုဆောင်းပေးရအောင် ငါက …ဘာပါတီ ဘာအဖွဲ့ဝင် မှ မဟုတ်ဖူးလေ …သာဂိရဲ့’’

“ဘာပါတီ ဘာအဖွဲ့ဝင်မှ ဖြစ်စရာမလိုဘူး …ဂျီးဒေါ်။ ကိုယ်ခြင်းစာနာစိတ်ရှိသူ အမှန်တရားကို မြတ်နိုးပြီး …တိုင်းပြည်ငြိမ်းချမ်းတာကိုဘဲ မြင်ချင်တဲ့ နိုင်ငံသားတိုင်း ပူးပေါင်းပါဝင် ကူညီနိုင်တယ်’’


‘‘ဟုတ်လား … ပေး … ပေး … ဒါဆို … ငါလဲ ရသမျှ စုပေးမယ်…။ တကယ်တော့သန့် ရှင်းတဲ့ အစိုးရ ၊ ကောင်း မွန်တဲ့ အစိုးရစစ်စစ်ဖြစ်ချင်ရင်…ဒီလိုယုံကြည်ချက်ကြောင့် မတရား အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးပြီး၊ သက်သေပြလိုက်ရင် အကောင်းဆုံးပါဘဲဟယ် …’’


‘‘အေးလေဗျာ…ကျနော်သာ သမတကြီးရဲ့နိုင်ငံရေးအကြံပေးဆိုရင် … သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်ချင်လား …။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ လုံးဝလွှတ်ပေးလိုက်စမ်းပါလို့  အကြံေ ပးလိုက်မယ်..။ ဒါဆို …ကြားရတဲ့ လူနတ်သတ္တ၀ါ အားလုံး သာဓုခေါ်ကြမှာ …။ ဘာဆပ်ပြာနဲ့ မှ လျှော်စရာမ လိုအောင်ကို သန့်ရှင်းသွားမှာ …။ အင်း … အကြံကောင်းတွေပေးရက်နဲ့ လက်မခံရင်တော့ … ပါတာ ကြီးပေး သမျှ … အရိုးအရင်း အကြွင်းအကျန်တွေကိုသာ လျှာကလေးနဲ့လျှက်ကာ အမြီးလေးနှံ့ေ နေ ပတော့ကွယ်’’


+++ +++ +++


သရုပ်ဖော် – စောငို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts