>Moemaka quotes in April 2011

>

မိုးမခ၏ ဧပြီလ စာကိုး၊ စကားကိုး
  မေ ၇၊ ၂၀၁၁


အုပ်ချုပ်သူ လူတန်းစားမို့လို့ ဥပဒေရဲ့အပေါ်ကို ရောက်သွားတဲ့ ဘယ်စနစ်ကို မဆို ကျွန်တော် မနှစ်သက်ပါဘူး
ဝေဠုကျော်
7DAY NEWS ဂျာနယ်၊ ဧပြီ ၇

၁၃၇၃ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေရပ်ရပ်ကို သုံးသပ်ရရင်တော့ – ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အခက်အခဲတွေ အနည်းငယ် ပြန်ပြေလည်လာနိုင်ပြီး လူမှုရေး ပြဿနာ အနေနဲ့ကတော့ လူငယ်ထုအတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ပေါ်လာနိုင်တယ်။ ပညာရေးပိုင်းဆိုင်ရာ ထူးထူးခြားခြား အားကောင်းမယ် ဆိုပေမယ့် ပညာကို ငွေကြေးနဲ့ဆပ်ရမယ့် အခြေအနေတွေ ဖြစ်လာမယ်။ – နိုင်ငံရေးပိုင်းမှာတော့ ပြောင်းလဲမှု ရှိမလာနိုင်ပါဘူး။ နာမည်ကြီးတဲ့ လူလတ်ပိုင်း အနုပညာရှင်တွေ ကြွေလွင့်ကိန်း ရှိပါတယ်။ အထူးသဖြင့် စာပေပိုင်းဆိုင်ရာမှာ ပိုဖြစ်နိုင်ခြေ ရှိတယ်။
စံဇာဏီဘို
news-eleven.com

နှစ်ပေါင်း ၂၀ အတွင်းမှာ Iron Cross ရဲ့ ဖြစ်တည်မှုကို ကြည့်ပြီးတော့ ကြိုတင်ကြံစည်မှု လို့ ထင်ယောင်မှားကြပါတယ်။
အမှန်ကတော့ ကျွန်တော်တို့က ရည်ရွယ်ချက်နဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ညီအစ်ကိုတွေပါပဲ။ အချိန်မရွေး အိမ်ပေါ် တက်ပြီး ထမင်းစားလို့ ရသလို အချိန်မရွေး ၀င်အိပ်လို့လည်း ရတယ်။ နှစ်ပေါင်းများစွာ စတူဒီယိုတစ်ခုတည်းမှာ အတူတူ နေခဲ့ဖူးတယ်။ ကျွန်တော်တို့က မွေးချင်း ညီအစ်ကိုထက် သံယောဇဉ်ကြီးကြတယ်။ အငဲနဲ့ ကျွန်တော်နဲ့က သားချင်းပေါ့။ မျိုးကြီးနဲ့ ၀ိုင်ဝိုင်းကျတော့ ညီအရင်းတွေလိုပါပဲ။ ကျွန်တော်တို့က ရည်ရွယ်ချက်နဲ့ ရအောင် တွေ့ဆုံပြီးတော့ ရအောင် ဆက်စပ်ယူထားကြတာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ လူမသိတဲ့ ပြဿနာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အချင်းချင်း ထိုးကြတာတွေတောင် ဖြစ်ဖူးတယ်။ အဲဒီလိုမျိုးက ၁၀ နှစ် တစ်ခေါက်လောက် ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ပေါ့။
လေးဖြူ
Myanmar Post ဂျာနယ်၊ ဧပြီ ၆

IC နာမည်ကြီးတဲ့ အကြောင်းရင်းထဲမှာ ဖျော်ဖြေချိန်တိကျတာကလည်း ပါဝင်တယ်။ ၈ နာရီစမယ်ဆို စတယ်။ ပရိသတ်က IC ကို မစောင့်ရဘူး။ IC က ပရိသတ်ကို စောင့်ရတဲ့သဘောမှာရှိတယ်။
မင်းထက်ငြိမ်းချမ်း၊ စာနယ်ဇင်းသမား
The Voice ဂျာနယ်၊ ဧပြီ ၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts