>Burmese in Japan do food charity to Quake hit area

>

ဂျပန်ရောက်မြန်မာများက ဂျပန်သဘာဝဘေးသင့်သူများကို အဟာရဒါန စုပေါင်းပြု
မိုးမခ၊ မေ ၃၊ ၂၀၁၁
ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆူနာမီနဲ့ ငလျင်ဘေးသင့်ဒေသက ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော MIYAKI ခရိုင်၊ ISHINOMAKI မြို့နှင့် TAKAJOU မြို့ များက ဒေသခံ ဒုက္ခသည်တွေများနဲ့ လုပ်အားပေးများကို မြန်မာထမင်းဟင်းများ ချက်ပြုတ်ပြီး အဟာရဒါန ကူညီမှုများ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာလုပ်အားပေး စေတနာရှင် ၉၅ ဦး လိုက်ပါခဲ့ကြပါတယ်။
 မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူအဖွဲ့အစည်းအသီးသီးက ဦးဆောင်သူများ၏ ခေါင်းဆောင်မှုဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန် TBS သတင်းဌာန၊ Asahi သတင်း နှင့် မြန်မာ့အရေး ထောက်ခံအားပေးသူ ဂျပန်လူမျိုးများ၊ NDB မှ ကင်မရာ၊ ဗွီဒွီယိုကင်မရာ ကြီးများနဲ့ ငလျင်သင့်ဒေသသို့ ကားကြီး ၅ စီး နဲ့ သွားကြတာ ဖြစ်ပါတယ်။ ဦးသန်းဆွေ ၊ဦးကျော်ကျော်စိုး ကိုမိုင်ကျော်ဦးနှင့် အခြားခေါင်းဆောင်များက လိုအပ်သည်များကို ညွှန်ကြားကြတယ်လို့ ဆိုပါတယ်။
သည်နေရာမှာ အီးမေးတွေက ဖြန့်ဝေတဲ့ မီဒီယာမှတ်တမ်းများကို ရယူပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts