>Burmese Thagyan in Oregon a success last weekend

>

 
အော်ရီဂွန်မြန်မာသင်္ကြန် စည်ကား
မိုးမခ၊ မေ ၃၊ ၂၀၁၁
ဧပြီ ၃၀ မှာ အောရီဂွန်ပြည်နယ်ရောက် မျိုးဆက်သစ်မြန်မာလူငယ်တွေရဲ့ သင်္ကြန်ပွဲ စည်ကားတယ်လို့ သိရပါတယ်။ လူကြီးသူမများကို သက်ကြီးပူဇော်ပွဲ ကျင်းပခြင်း၊ ရွှေပွဲလာများကို မုန့်ဟင်းခါး စတုဒီသာ ကျွေးခြင်းနဲ့ စေတနာရှင်များကလည်း တတပ်တအား ရိုးရာစားဖွယ်များ ယူဆောင်ကျွေးမွေး ကုသိုလ်ယူကြပါတယ်။ ဧည့်ပရိသတ် ၆၀၀ ကျော် လာတယ်လို့ ဆိုပါတယ်။ အောက်ခြေက ဗီဒီယိုမှတ်တမ်း ယူကျုမှာ တင်ထားပါတယ်။ (သတင်းပေးပို့သူ – မိုးမခမိတ်ဆွေ ကိုထွန်းထွန်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts