အောင်ဝေး

Aung Way – Poem

ဒ ဂု န် တာ ရာေ နွ ဦး ( ၂ )
အောင်ဝေး
မေ ၂၀၊ ၂၀၁၃
ဆောင်းခိုငှက်က
မြောက်အိပ်မက်ဆီ
ပြန်ခဲ့ပြီ။
ပန်းကြာဝတ်မှုန်
အရုဏ်ရိုးမ
“တောင်ဥက္ကလာဟိုးမား” မှာ
တစ်မိုးသောက်ပါပြီလား။
မပြန်ခင်နှုတ်ဆက်
“သန်လျင်ဂရက်” လေ
နွေရက်တွင် သာမိုင်းခမ်းသို့ ဆုတ်ခွာခြင်း။
ခေမာရဋ္ဌ
ည တစ်ည
လ၀န်းထဲ
ဝပ်နေတဲ့ယုန်ကလေး
ဘယ်ထွက်ပြေးသလဲ။
ဆန်ဖွပ်တဲ့အဘိုးအို
မျက်ရည်စို
ဘာ့ကြောင့်ငိုသလဲ။
“စစ်ဟာ ကျောင်းတော်ကြီးပဲ”
                                   (လီနင်)
ငြိမ်းချမ်းရေးဆိုတာ
အဲဒီကျောင်းက သင်ပေးလိုက်တဲ့
တစ်ခုတည်းသော ပညာ။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts