>Thu Rain Minn – Nonsense Thagyan

>

ဆရာဖေကို လွမ်းတဲ့ သင်္ကြန်
သူရိန်မင်း
ဧပြီ ၁၆၊ ၂၀၁၁
ပြောင်းလဲခြင်းလို့ ခေါ်တဲ့ပွဲ
ဘာတွေပြောင်းလ သလဲ။
ဟိုးယခင် နှစ်များဆီက သပြေခက်နဲ့ ရေပက်တဲ့ပွဲ
အရွယ်စုံမေတ္တာကို စင်တင်ကြတဲ့ပွဲ
ယဉ်ကျေးမှုကို ယဉ်ကျေးခြင်းနဲ့ ယှဉ်ပြိုင်တုတဲ့ပွဲ
မေတ္တာရှင်တို့ပွဲ
အပြစ်မဲ့တဲ့ပွဲ
အနှစ်ရှိတဲ့ပွဲ
ပွဲ   ပွဲ ပွဲ
အမိမြေဆံထုံး ပိတောက်ဖုံးတဲ့ပွဲ။
အခုတော့  အမျိုးပျောက်မှာ စိုးမကြောက်တဲ့ပွဲ
သစ်တောဖြုန်း ပိတောက်ပြုန်းတဲ့ပွဲ
အာဏာရှင် ဆန့်ကျင်ခန်းမှာ ပြည်သူသွေး လွှမ်းရတဲ့ပွဲ
ဒေါသရှင်တို့ပွဲ
သွေးသံရဲတဲ့ပွဲ
အရိုင်းပြိုင်တဲ့ပွဲ
အပြစ်များတဲ့ပွဲ
အနှစ်မဲ့တဲ့ပွဲ
ပွဲပွဲပွဲ
အမေအိမ် ဧည့်ခန်း မျောက်မင်းအူသံ လွှမ်းတဲ့ပွဲ။
ဒါနဲ့များ သာကီမျိုးဟေ့ တို့ဗမာတဲ့
အားမနာ လျှာမကျိုး
မတန်မရာ ဆွေမျိုးစပ်လို့
သေနတ်နဲ့ အာဏာရှာတဲ့
လူဗလာအမိုက် တသင်းကြောင့်
ရင်တွင်းမှာ ပဲ့တင်လာခဲ့
“ တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ရဲ့လေး ”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts