>The Funeral Service for Sayagyi Paragu

>

ဆရာပါရဂူ ဈာပနအစီအစဉ်
တာရာဝေယံ
ဧပြီ ၁၀၊ ၂၀၁၁
ယမန်နေ့ နံနက် ၉  နာရီ ၅၅ မိနစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး ပါရဂူ (၉၀ နှစ်) ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဧပြီလ ၁၁ ရက်၊ တနလာင်္နေ့ ညနေ ၅ နာရီအချိန် မီးသဂြိုဟ်မှာ ဖြစ်ကြောင်း သိရပါတယ်။
 
ဆရာပါရဂူ နောက်ဆုံးနေထိုင်ခဲ့ရာ ရွှေပေါက်ကံမြို့သစ် ၁၆ ရပ်ကွက်၊ ဦးပုညလမ်း၊ အမှတ် ၉ ၈၈၊ ၉၉၀ မှာ ရှိတဲ့ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်နေအိမ်မှာ လိုက်ပါပို့ဆောင်ကြတဲ့ကားများ ညနေ ၄ နာရီအချိန်မှာ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။
စာပေလောကသားများ လိုက်ပါပို့ဆောင်နိုင်ဖို့ ဧပြီလ ၁၁ရက် တနလာင်္နေ့ ညနေ ၃း၃၀ နာရီမှာ စာပေဗိမာန်ရှေ့မှ ကားများ ထွက်ခွာပေးမှာ ဖြစ်ပါတယ်။ 
 
အမျိုးသားစာပေဆု၊ တသက်တာစာပေဆုရသူ၊ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ထူထောင်ခဲ့သူ စာပေပညာရှင်ကြီး ဆရာပါရဂူကို ရည်စူးပြီး ရွှေပေါက်ကံရှိ စာကြည့်တိုက်နေအိမ်မှာ ဧပြီလ ၁၅ ရက်၊ သောကြာနေ့မှာ ရက်လည်ဆွမ်းကျွေးမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
 (ဓာတ်ပုံများ – ဆရာကြီး၏ ဓာတ်ပုံ၊ ဆရာကြီးနောက်ဆုံး နေထိုင်ခဲ့ရာ စာကြည့်တိုက်၊ တာရာဝေယံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts