>Ye Yint Thet Zwe – Paragu Poem

>

ပါရဂူ ရှန်တိနိကေတန် ကို ထားခဲ့တယ်
ရဲရင့်သက်ဇွဲ
ဧပြီ ၁၀၊ ၂၀၁၁

ဝမ်းနည်းကြေကွဲမှုဆိုတာ
တရားလား
သိတယ်
မြင်တယ်။
ဒီအသက်အရွယ် ကြွေချိန်တန်ပါပီလေ
အော် … ကြယ်တပွင့် ကြွေလင့်
အို … ဘုရားရှင် စောင့်ရှောက်တော်မူပါ
အစားထိုးမရတဲ့ ဆုံးရှုံးမှု
ကျနော်တို့ကို ထားခဲ့ပြီလား ဆရာ ပါ။
ဆရာရေ … ရာဟုလာသံကစ္စည်း အငမ်းမရ
ဖတ်ခဲ့ရတဲ့ ကာလများ
ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်
ဆရာရေ
ဘုရားရှင်ကိုယ်တော်တောင်မှ
မလွန်ဆန်နိုင်ခဲ့တဲ့ ကိစ္စ
ဆရာ ပါရဂူ
သေခြင်းသည်မဆန်း၊ ပန်းတပွင့်ကြွေ
မြေ၀သုန်ရေ ဆီးကြိုပေတော့
စသည့်စသည့် အသံလှိုင်းများ ဆူညံ
ကမ္ဘာပျက်သည့်အလား
ကြေကွမှု အတိုင်းအဆ
နှိုင်းပြမှုများ
မိတ်ဆွေတို့ခင်ဗျား
ကျေးဇူးပြုပြီး တိတ်ဆိတ်စွာ
ကြေကွဲ
ဟောဒီမှာ တရားကို
တရားနဲ့ ဖြေဖို့ ကြိုးစားနေဆဲ။

(အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးရပ်စလုံးအတွက် ပါရဂူရှန်တိနိကေတန်ကို ထားခဲ့တယ်)
(ဓာတ်ပုံ – ဆရာပါရဂူ၏ ရှန်တိနိကေတန် စာကြည့်တိုက် – ဓာတ်ပုံ တာရာဝေယံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts