>The fallen leaves and March

>

မတ်လသစ်ရွက်သေများ
လင်းနွေးအိမ်
မတ် ၂၂၊ ၂၀၁၁


ဒီလိုမတ်လမှာ ကြွေကျသွားတဲ့
သစ်ရွက်သေတွေက
သူ့ ပင်စည်ပေါ် ပကတိအတိုင်း ပြန်မရောက်နိုင်ပေမယ့်
ဒီပင်စည်မှာပဲ
ဖူးညွန့် သစ်တွေ ထွက်လာဖို့ 
သူ့ တို့ ကိုယ်သူတို့ 
အရည်ဖျော် သွန်းလောင်းသွားခဲ့တယ် ညီလေးရေ။

(မတ် ၂၁ ရက် ၂၀၁၁ ခုနှစ်/ကမ္ဘာ့ ကဗျာနေ့ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts