>cold spring

>

စပရင်းရာသီ ချမ်းစိမ့်စိမ့်
အောင်ဝေး
မတ် ၂၂၊ ၂၀၁၁

ဆောင်းကတော့
ကဒါဖီရဲ့ တင့်ကားပျက်ထဲ ပါသွားပြီ။

ခရုဇ်ဒုံးပျံတွေနဲ့ အတူ
နွေဦး ပေါက်ချလာတယ်။

စစ်ဆန့် ကျင်ရေးဆန္ဒပြဖို့ 
ပိုစတာကိုင် ထွက်လာတဲ့
အပျံစားကလေး။

လမ်းပေါ်မှာ …
လမ်းပေါ်မှာ …
လမ်းပေါ်မှာ …။

ဗြုန်းဆို
လက်ကျန် ရေခဲမိုးတစ်မ
သဲကြီးမဲကြီး ရွာအချ။

ငါ့ စိတ်ပေါ်
နှင်းမိုးတွေလား …
ဗုံးမိုးတွေလား …။ ။

အောင်ဝေး
မတ် ၂၁-၂၀၁၁ (ကမ္ဘာ့ကဗျာနေ့ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts