>U Win Tin – Hell of Waves and Power

>

အာဏာငရဲ လှိုင်းငရဲ
ဟံသာဝတီ ဦးဝင်းတင်
မတ် ၂၂၊ ၂၀၁၁
 (ကမ္ဘာကဗျာနေ့မှာ ဆရာဦးဝင်းတင်က မြန်မာပြည်နဲ့ ဂျပန်ပြည်က ပြည်သူတွေအတွက် ရေးတဲ့ ဟိုက္ကူကဗျာ)
 လူ – စက် – မြို့ – မြိုဝါး
ဟီရိုရှီးမား ဗုံးဝင်စား
ဆုနာမီ နဂါး
ငတ် – မွဲ – ကန်း ပိပြား
ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား
ဘိရုမာ ခြောက်ခြား
ဘ၀တူတွေပဲ
အာဏာငရဲ လှိုင်းငရဲ
ဒို့ စာနာ ကြေကွဲ
(ဂျပန်ပြည် ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်ကြရသူ ဂျပန်ပြည်သူ ပြည်သားများအတွက် မြန်မာကဗျာဆရာများက အမှတ်တရ ကဗျာလှုပ်ရှားမှုနှင့် ကူညီမှုအလှူပွဲ အတွက် ဆရာက ရေးပေးတဲ့ ဟိုက္ကူကဗျာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ပေးသူများ ရှိရင် ကောင်းမှာပဲ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts