>Aung Tha Nge’s poem – 19

>

ကျနော့်ကို ခွင့်လွှတ်ပါ့ ကမ္ဘာမြေကြီး …
အောင်သာငယ်
မတ် ၂၂၊ ၂၀၁၁

ကမ္ဘာ့ ကဗျာနေ့မှာ
ကဗျာတွေက ပလူတွေလို
အူထ ကျယ်လောင် မိုးပေါ်မှာ မှောင်နေရော့ …

ကဗျာ ငတ်သူတွေက ကဗျာ ဖတ်ကြ …
ကဗျာ တတ်သူတွေက ကဗျာ စပ်ကြ …

ကဗျာ့ ကမ္ဘာကြီးခမျာမှာသာ …
သူ့ဘာသာ တယောက်ထဲ
ပေါက်ကွဲနေလိုက်ပုံမှာ …
တုန်တုန်ရီရီ …

ကျနော်လေ …ကဗျာတွေနဲ့
ခင်ဗျားကို ထပ်ပြီး မသတ်ရက်တော့ပါဘူး …

(ကမ္ဘာ့ ကဗျာနေ့မှာ ကမ္ဘာမြေကိုယ်စား)

Photo : UNESCO

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts