>Than Win Hlaing – 21st Centuary Pinlon – Q & A

>

၂၁ ရာစု ပင်လုံညီလာခံ ဘယ်လဲ ဘာလဲ
သန်းဝင်းလှိုင်
မတ် ၁၁၊ ၂၀၁၁
ဒုတိယပင်လုံ၏ အစ
          ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်(၂၃)ဦး ပင်လုံစာချုပ်ကို လက်မှက်ရေးထိုးခဲ့သည့်နေ့ကို ပြည့်ထောင်စုနေ့ဟု သတ်မှတ်ပြီးလျှင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ် ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့စနေနေ့တွင် (၆၄) နှစ်ထိတိုင်ခဲ့ပြီ ဖြစ်သည်။
          သို့ သော် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပြီး နှစ် ၆၀ ကျော်သည့်တိုင်အောင် ပင်လုံ၏အနှစ်သာရနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို ယနေ့တိုင်မတည်ဆောက်နိုင်သေးပေ။ စစ်အာဏာရှင်များက အကြောင်းအမျိုး မျိုးပြ၍ အာဏာသိမ်းပိုက်ခဲ့မူကြောင့် မြန်မာလူမျိုးများအပါအ၀င် တိုင်းရင်းသားလူမျိုးစုများအားလုံးသည် စစ်အာဏာရှင်တို့၏ စစ်ဖိနပ်အောက်တွင် ဒီမိုကရေစီရေး၊ လူအခွင့်အရေး များချိုးဖေါက်ခံရကာ အမျိုးမျိုးဖိနှိပ် ချုပ်ချယ်မူ ခံစားနေခဲ့ရလေသည်။
          ထို့ အပြင် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပေါ်ထွက်လာခဲ့ သော အစိုးရသည်လည်း အရပ်ဝတ် ၀တ်ထားသည့် စစ်အာရှင်လူတစုနှင့်၎င်းတို့၏ လက်ကိုင်ဒုတ် မဲလိမ်မဲခိုးဖြင့် အမတ်ဖြစ်လာသောအစိုးရဖြစ်ရာ ပြည်သူလူထုတရပ်လုံး လိုလားသော ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မည်သို့မျှအကောင်အထည် မဖော်နိုင်ဘဲ စစ်အစိုးရ သက် ဆိုးရှည်ရေးအတွက်သာ ဖြစ်နေလေသည်။
          ထို့ ကြောင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ချင်းပြည်နယ်ကလေးမြိုတွင်   ကျင်းပခဲ့ သည့် ၂၂ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ရက်သည် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အား စုခေါင်းဆောင်များ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများ စုပေါင်းဆွေးနွေး၍ ကလေးမြို့ ဆုံး ဖြတ်ချက်ကြေညာစာတမ်း ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။ ယင်းကြေငြာချက်၌                                                                                  
          () တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေသော အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဒီမိုက ရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်များကို မှန်ကန်သော ဦးဆောင်မူ၊ ညီညွှတ်သောအင်အားဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
          () ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲ၏ နိုင်ငံရေး အခင်းအကျင်း နှင့်ရလဒ်သည် ပြည်သူလူထုလိုလားသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် အပြောင်းအလဲတရပ် ဖြစ်ပေါ်လာမည်မဟုတ်ပေ။
          ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မူဖြင့် ဒီမိုကရေစီလိုလားသော တိုင်းရင်းသားပြည်သူအားလုံး ညီညွှတ် ရေးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သောတွေ့ ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားရ မည်ဖြစ်သည်။
          () တိုင်းရင်းသားပြည်သူတရပ်လုံး မှီတင်းနေထိုင်နေသောမြန်မာနိုင်ငံကို တပြည်ထောင်စနစ်   လည်းမ ဟုတ်၊ ခွဲထွက်ရေးစနစ်လည်းမဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်းတန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသားပြည်သူအားလုံး အတူတကွ လက်တွဲပြီး ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရမည်။ ထိုညီလာခံကြီးကို အမြန်ဆုံးကျင်းပရန် လည်းတိုင်းရင်းသား ပြည်သူတရပ်လုံးက ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည် ဟူ၍ဖေါ်ပြထားသည်။
နောက်ခံသမိုင်း
          ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးလမ်းစကို ဖော်ထုတ်ဖန်တီးနိုင်ခဲ့သည့် ပင်လုံစာချုပ်၏ မူလအရင်း အမြစ်ကား ပင်လုံညီလာခံပင်ဖြစ်သည်။ ပင်လုံသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကြားရှိ လဲချား စော်ဘွားပိုင်နယ်အတွင်းမှမြို့ ကလေးတမြို့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြေပြန့် နှင့်  တောင်ပေါ်သားများ တွေ့ဆုံ ဆွေးနွေး၍ သွေးစည်းညီညွှတ်မူရရှိမှသာ လွတ်လပ်သောပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဟု နိုင်ငံရေး ရည်မှန်းချက် အခြေခံမူချနိုင်ခဲ့သဖြင့် ပင်လုံညီလာခံသည် မြန်မာ့သမိုင်းတွင် မော်ကွန်းတင်အပ်သော ဖြစ်ရပ်တ ခုပေတည်း။
ဗြိတိသျှတို့ အုပ်စိုးမူအောက်နှင့် စစ်အာဏာရှင် အောက်တွင် တိုင်းရင်းသားလူမျိုးစုများနှင့် ဗမာလူမျိုးများတို့သည် ပရိယာယ် အမျိုးမျိုး၊ အယူအဆ အမျိုးမျိုးနှင့် သွေးခွဲအုပ်စိုးခဲ့သဖြင့် တိုင်းရင်းသားအချင်းချင်း မညီမညွှတ် မစည်းလုံးဘဲ စိတ်ဝမ်းကွဲပြားခဲ့ရပေသည်။
သို့ သော် တိုင်းရင်းသားတို့ သည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ရာတွင်မူကား သွေးစည်းညီ ညွှတ်ခဲ့ကြလေသည်။ ထို့ ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်၏လက်အောက် မှ လွတ်လပ်ခဲ့ပြီးနောက် မြန်မာ့လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းရာတွင် တိုင်းရင်းသားတို့နှင့် သွေးစည်း ညီညွှတ်စွာ တိုက်ပွဲမှသာ  လုံးဝလွတ်လပ်ရေးရရှိမည်ကို ကြိုတင်နားလည်သဘောပေါက်ခဲ့သဖြင့် တိုင်းရင်းသား အားလုံး၏ သွေးစည်းညီညွှတ်ရေးကို ရရှိနိုင်ရန်အတွက် ကြိုးပမ်းခဲ့လေသည်။
အကြို ညှိနှိုင်းမှုများ
၁၉၄၅ ခုနှစ်သြဂုတ်လ ၁၂ ရက်နေ့ တွင်ရန်ကုန်မြို့ တာဝါလိန်းလမ်း(Tower Lane) (ယခုဗိုလ်ချုပ် ပြတိုက် လမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်တွင် ဗမာ့မျိုးချစ် တပ်မတော်တိုင်းမှူးများနှင့် ဗမာ့တပ်မတော်၏ နောင် ရေးအတွက် ဆုံးဖြတ်ချက်များကို ရေးဆွဲချမှတ်ခဲ့သည်။
တိုင်းပြည်အတွက်ကြေညာစာတမ်းတွင် ကမ္ဘာစစ်ကြီး ပြီးသွားသော်လည်း မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံကား မပြီးသေးသည့်အတွက် မြန်မာပြည်သူများ ညီ ညွှတ်စွာဖြင့် ဖဆပလအဖွဲ့ အတွင်း ၀င်ရောက်ဆောင်ရွက်ရန်ပါရှိသည်။ ဗမာ့တပ်မတော်၏ နောင်ရေးအတွက် ဆုံးဖြတ်ချက်တွင် ပြည်သူ့ ပြောက်ကျားများနှင့် မျိုးချစ်ဗမာ့တပ်မတော်သားများကို အခြေခံ၍ ဗမာ့တပ်မတော် သစ် ဖွဲ့စည်းရန် တိုင်းရင်းသားလူမျိုးများအလိုက် တပ်ရင်းများဖွဲ့၍ ယင်းတပ်များတွင် တိုင်းရင်းသားအရာရှိများ က အုပ်ချုပ်ရန်လို့ ပါရှိသည်။
နေသူရိန်ညီလာခံ၏ အဆို
ထို့ နောက် ၁၉၄၅ ခုနှစ်သြဂုတ်လ ၁၉ ရက်နေ့ တွင် ဖဆပလ အဖွဲ့ ချုပ်ကဦးစီး၍ ရန်ကုန်မြို့ ကန်တော်ကြီး စောင်းရှိ နေသူရိန်ပြဇာတ်ရုံတွင် ပြည်သူ့ အစည်းအဝေးကြီးတရပ် ကျင်းပ၍ မြန်မာပြည်တပ်မတော်အဆို၊ တိုင်း ပြည်ပြုလွှတ်တော်အဆို၊ မြန်မာတနိုင်ငံလုံး ညီညွှတ်ရေးအဆိုတို့ကို တင်သွင်းဆုံး  ဖြတ်ခဲ့သည်။
ဗြိတိသျှတို့၏ ပြည်နယ် ပြည်မ ခွဲခြားသည့် မူဝါဒ
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်သည်  ကလီယိုပတ် ထရာသင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရောက်ရှိပြီး နောက်တနေ့တွင် ၄င်းအားကြိုဆို ဧည့်ခံသော ရန်ကုန်မြို့တော်ခန်းမတွင် အပိုဒ်ပေါင်း ၇၉ ပိုဒ်ပါရှိသော မိန့်ခွန်းကိုခြွေ၍  စက္ကူဖြူစာတမ်းခေါ် ဗြိတိ သျှတို့၏ မူဝါဒ (Burma Statement of Policy H.M.G 1945) ကို ရှင်းပြခဲ့သည်။
၎င်းက …
 မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမူမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ မကြာမီမှာပင် အခြေအနေပေးသည်နှင့် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
သို့သော် အခြေခံအုတ်မြစ်များကို ပြန်လည်တည်ဆောက်၍ မပြီးသေးမီအတွင်း မြန်မာအစိုးရကို ၁၉၄၁ ခုနှစ်ကအတိုင်း ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်သည့်အကြောင်း ထို့ကြောင့် ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံအက်ဥပဒေတွင်ပါရှိသော ပြဌာန်းချက်များနှင့် ညီညွှတ်စွာ နိုင်ငံတော်အုပ်ချုပ်ရေး မ ဆောင်ရွက်နိုင်သေးသမျှ ကာလပတ်လုံး ထိုအက်ဥပဒေပုဒ်မ ၁၃၉ တွင်ပါရှိသည့် ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်   ဖြစ်သည်။
ထိုပုဒ်မနှင့် ဆက်လျဉ်း၍ ၁၉၄၂ ခုနှစ်တွင် ထုတ်ပြန်သော ကြေညာ ချက်၏ တည်တံ့မူမှာ ရှေ့လာမည့် ဒီဇင်ဘာ ၉ ရက်နေ့မှ နောက်ထပ် ၃ နှစ်ဆက်လက် ထားရှိရန် ပြုလုပ်ရန် ကြံရွယ်ထားကြောင်း  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာလူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့ထုံးစံ၊  နိုင်ငံရေးတိုးတက်မူ၊ အဆင့်အတန်း မတူကြသူတို့နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့ နေထိုင်နေကြသော တောတောင်ဒေသများပါဝင်သည့် စာရင်းပါဒေသများ ကိုမူကား ထိုလူမျိုးများက မိမိတို့နေထိုင်နေသော ရပ်ကွက်ဒေသများ (Scheduled Areas) များကို မြန်မာပြည်မ နှင့် သင့်လျော်သောနည်းဖြင့် ပေါင်းစပ်လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့် အချိန်သို့ မရောက် သေးမှီအတောအတွင်း၌ အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဘုရင်ခံနဲ့ ဖတပလ လမ်းခွဲ
          ဗိုလ်ချုပ်အောင်ဆန်းက စက္ကူဖြူစာတမ်းတွင် ဖေါ်ပြထားသည့် စီးပွားရေး၊ လူမူရေးတို့ တွင် စိုးမိုးချယ်လှယ် မည့် ဆင်းမလားစီမံကိန်း(Simla Project) ကို လုံးဝလက်မခံဘဲပယ်ချခဲ့သည်။ လုံးဝလွတ်လပ်ရေး ရသည်အထိ ဆက်လက်အရေးဆိုတိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဖတပလမှ ချမှတ်ထားသည့် စည်း ကမ်းချက်များအတိုင်း ဖြစ်နိုင်ပါမည်ဆိုလျင် ဘုရင်ခံ၏အမူဆောင်ကောင်စီ(၀န်ကြီးအဖွဲ့)တွင်ပါဝင်ရန် ဆုံးဖြတ် ကြောင်း ဖတပလအဖွဲချုပ်မှ ဘုရင်ခံ၏အမူဆောင်ကောင်စီတွင် ပါဝင်မည့်ဗဟိုဦးစည်းအဖွဲ့ ဝင် (၁၁) ဦး၏ အ မည်စာရင်းများကိုလည်း ဘုရင်ခံထံတင်သွင်းခဲ့သည်။
          ၁၉၄၅ အောက်တိုဘာ ၂၅ တွင် ဖတပလအဖွဲ့ချုပ်မှ ဘုရင်ခံ၏အမူဆောင်ကောင်စီတွင် ပြည်ထဲရေးဝန် ကြီးဌာနကို ဖတပလ တင်သွင်းသည့်ပုဂ္ဂိုလ်များအနက် တဦးဦးကို လွှဲအပ်ရန်တောင်းဆိုချက်ကို ဘုရင်ခံက လက်မခံသည့်အတွက် ဖတပလက ဘုရင်ခံ၏အမူဆောင်ကောင်စီအဖွဲတွင် ပါဝင်ရန်အမည် စာရင်းထည့်သွင်း ထားသော ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
          ထို့ နောက် ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဘုရင်ခံဒေါ်မန်စမစ်သည် ၄င်းစိတ်ကြိုက် ရွေးချယ် ထားသော အင်္ဂလိပ်အလိုတော်ရိ ပုဂ္ဂိုလ်များဖြင့် ဘုရင်ခံအမူဆောင်ကောင်စီအဖွဲ့ကို ခန့်အပ်ခဲ့သည်။
          ဗိုလ်ချုပ်အောင်ဆန်းကလည်း ၁၉၄၅ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်သေနာပတိအဖြစ်ဦးစီး၍ ပြည်သူ့  ရဲဘော်အဖွဲ့ (Peoples’ Volunteer Organization) ကို ဖွဲ့စည်းခဲ့သည်။
ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံ
          ၁၉၄၆ ခုနှစ်ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော်အလယ်ပစ္စယံ၌ ဖဆပလ ညီလာခံကြီးကို ကျင်းပ၍ ညီလာခံ၌ –
          (၁) အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပိုက်သောအခါက ရှမ်းပြည်နယ်ကိုပါ တပါတည်းသိမ်းပိုက်ခဲ့ကြောင်း၊ ယခု မြန်မာပြည်ကို လက်လွှတ်ရမည့်အခါသို့ရောက်သောအခါ ရှမ်းပြည်နယ်ကို ချန်မထားဘဲ  တခါတည်း လက်လွှတ်သင့်ကြောင်း၊
          (၂) ဗမာပြည်ရှမ်းပြည် လွတ်လပ်ရေးကိစ္စကြီးတွင် ရှမ်းပြည်ခေါင်းဆောင်များနှင့် ဗမာပြည်ခေါင်း ဆောင်များ သာ ဆွေးနွေးသင့်ကြောင်း၊ တတိယပါတီ မပါဝင်သင့်ကြောင်း၊
          (၃) ရှမ်းပြည်ခေါင်းဆောင်များနှင့် ဗမာပြည်ခေါင်းဆောင်များ မတွေ့နိုင်အောင်လုပ်ထားသောနယ်နှင့် ဥပဒေကို ဖျက်သိမ်းသင့်ကြောင်း
စသည့်အချက်များ ပါဝင်သော အဆိုတရပ်ကို တင်သွင်းခဲ့သည်။
          ထို့နောက် ညီလာခဲ့၌ ဗိုလ်ချုပ်အောင်ဆန်းက – လွတ်လပ်သောမြန်မာပြည်သစ်ကို တည်ဆောက်ရာတွင် တိုင်းရင်းသားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူသည့်နည်းဖြင့် လွတ်လပ်စွာတည်ဆောက်ရန် သဘောတူ ကြောင်း၊ မည်သည့် တိုင်းရင်းသားလူနည်းစုကိုမဆို မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးခွင့်ပေးမည်။ ကျနော်တို့အနေ့ ခွဲထွက်လိုသည့်အခါ ခွဲထွက်ခွင့်ရှိကြောင်း ကတိပြုထားပါကြောင်း ထည့်သွင်းပြောကြားသွား သည်။
ပင်လုံ ပထမညီလာခံ ၁၉၄၆ မတ်လ
          ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ ပင်လုံမြို့တွင် ပထမပင်လုံညီလာခံကို ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်ဘက်သို့ ခရီးလွန်နေသဖြင့်  ဗိုလ်ချုပ်ကိုယ်စား သခင်နု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေအပြင် ဂဠုန်ဦးစောတို့လည်း တက်ရောက်ခဲ့ကြသည်။
သခင်နုက ဗိုလ်ချုပ်အောင်ဆန်းမှာ ကြိုတင်စီစဉ်ထားသော တခြားကိစ္စရှိ၍ သမိုင်းဝင် ဤညီလာခံကို မ တက်ရောက်နိုင်ကြောင်း၊ တောင်တန်းဒေသများ ဗမာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေးရယူရန်   တိုက်တွန်း ထားပြီး လွတ်လပ်ရေးရပြီးလျှင် လက်တွဲလိုပါကတွဲနိုင်၍၊ ခွဲထွက်လိုကလည်း ခွဲထွက်ခွင့် ရှိရမည်ဖြစ်ကြောင်း ထိုမူမှာ မည်သည့်အာဏာရ အဖွဲအစည်းမဆို ကျင့်သုံးသွားရမည့်မူဖြစ်ကြောင်း ထည့်သွင်းပြောကြားသွား သည်။
ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ ချုပ် (ရပလ) ကလည်း ၁၉၄၆ ခုနှစ် သြဂုတ်လတွင် ပြည်မနှင့် ပူးပေါင်း ၍ လွတ်လပ်ရေးအရယူပြီးလျှင် –
    (၁) ပြည်ထောင်စုမူအရပေါင်းမည်၊
    (၂) အခွင့်အရေးနှင့် အဆင့်အတန်းတူဖြစ်ရမည်၊
    (၃) ရှမ်းပြည်အား လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်၊
    (၄) ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့်ပေးရမည် ဟုကြွေးကြော်စည်းရုံးခဲ့သည်။
ထိုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ တွင်ရှမ်းစော်ဘွားများက ဘုရင်ခံသို့ စာရေးပေးပို့ ရာ၌ ပြည်ထောင်စုနှင့် မူအရ ပေါင်းမည်ဆိုလျှင်
    () ရှမ်းပြည်အား ကိုယ်ပိုင်ချုပ်ရေးပေးရမည်၊
    () အခွင့်အရေးနှင့် အဆင့်အတန်းတူဖြစ်ရမည်၊
    () ခွဲထွက်လိုသည့်အချိန်တွင် ခွဲထွက်ခွင့်ပေးရမည် ဟူ၍ဖေါ်ပြထားသည်။
ကချင်တို့ကလည်း လွတ်လပ်ရေးရပြီးဖွဲ့ စည်းမည့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည်  နယ်ပါဝင် ရေးကို အောက်ပါချွင်းချက် () ရပ်ဖြင့်ဖွဲ့ စည်းသွားမည်။
() ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်ပါရေးမပါရေးကို ကချင်ပြည်နယ်သားများက  ဆုံးဖြတ် ရမည်။
    () ခွဲထွက်လိုသည့် အချိန်တွင် ခွဲထွက်ခွင့်ပေးရန်ဟု ဖေါ်ပြတောင်းဆိုခဲ့သည်။
ဘိလပ်သွား ဆွေးနွေးပွဲများ
ယင်းနောက် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၄ တွင်မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးစ်ဘတ်ရန်ခ်က ဘုရင်ခံ၏ အမူဆောင် အစည်းအဝေးတွင် ဗြိတသျှက မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်သို့လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်းပြောကြားသည်။
၁၉၄၆ ဒီဇင်ဘာ ၃၀ တွင်ရှမ်းပြည်ပဒေသရာဇ်ကောင်စီ  အမူဆောင်အဖွဲ့က လားရိုးမြို့ မှ တောင်တန်းဒေသ ညွှန်ကြားရေးဝန်ကြီးထံသို့ ကြေးနန်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းဒေသများ၏ အရေးကို ဆွေးနွေးပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။
          ၁၉၄၇ ဇန်န၀ါရီ ၁၅ တွင်မြန်မာကိုယ်စားလှယ်အဖွဲနှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းရင်းလမ်းရှဝန်ကြီးချုပ်ရုံးတွင် အစည်းအဝေးကျင်းပရာ၊ အစည်းအဝေးကျင်းပနေစဉ် ကာလအတွင်း ဇန်န၀ါရီလ ၂၁ တွင် ရှမ်း စော်ဘွားများကောင်စီက မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးစ်ဘတ်ရန်ခ်မှတဆင့် ဗြိတိသျှအစိုးရထံ ရှမ်းပြည်နယ်များကိစ္စ အမှာစာ ၁ နှင့် ၂ ကိုပေးပို့သည်။
ထိုသတင်းကိုကြားသော ဗိုလ်ချုပ် အောင်ဆန်းကို ထောက်ခံကြသော ရှမ်းပြည်နယ် လူငယ်များခေါင်းဆောင်များ ဦးစီး၍ တောင်ကြီးမြို့တွင် လူထုဆန္ဒပြပွဲကျင်းပ၍ ရန်ကုန် ဖဆပလ သို့ လည်းကောင်း၊ လန်ဒန်မြို့ ဗိုလ်ချုပ်အောင်ဆန်းထံလည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန်အက်တလီ ထံသို့ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံသည်ဆိုသော ကြေးနန်း စာများကို ပေးပို့ ခဲ့သည်။
သို့ဖြင့် အစည်းအဝေးကို ဆက်လက်ကျင်းပပြီးနောက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း အက်တလီ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ စာချုပ်အပိုဒ် ၁၃၊ ၁၄၊ ၁၅ တို့၌ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။
အပိုဒ် (၁၃) နယ်ခြားဒေသများနှင့် မြန်မာပြည်မတို့ ပေါင်းစည်းဆက်ဆံနိုင်ရန်မှာ ဗြိတိသျှအစိုးရနှင့် ပြည်မ ကိုယ်စားလှယ်များ၏ နှစ်ဦးနှစ်ဖက် သဘောတူဆွေးနွေးပြီး ရည်ရွယ်ချက်ဖြစ်သည်။ ဤသဘောအတွင်း နယ် ခြားရှိလူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သောနည်းဖြင့် မြန်မာနိုင်ငံတော်အစိုးရတို့နှင့်  ရင်းနှီးစွာပေါင်းသင်း တွဲဖက်ရှာသည်။
အပိုဒ် (၁၄) ပင်လုံအစည်းအဝေး သို့မဟုတ် လူထုကွန်ဖရင့် အစည်းအဝေးပြီးဆုံးသည့် အခါတွင် ဗြိတိသျှ အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သည် နယ်ခြားသားများထုတ်ဖေါ်ပြောဆို ထင်မြင်ချက်များနှင့် လိုက်လျော ညီစွာ ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းလမ်းစနစ်ကို ချမှတ်လိမ့်မည်။
အပိုဒ် (၁၅) နယ်ခြားဒေသတိုင်းရင်းသားများနှင့် ပေါင်းသင်းဆက်ဆံနိုင်ရန် အကောင်းဆုံးသော  နည်းလမ်း စနစ်ကို ရှာဖွေရန်အတွက် စုံစမ်းရေးကော်မတီတခုကို ချက်ချင်းတည်ထောင်ရန်ဖြစ်သည်။
ထို့ ကြောင့် ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလတွင် ပင်လုံမြို့ ကလေး၌ ဒုတိယပင်လုံညီလာခံကိုကျင်းပခဲ့  ရလေ သည်။
ဒုတိယပင်လုံညီလာခံ ၁၉၄၇ ဖေဖော်ဝါရီလ
ဒုတိယ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလ ၆ ရက်နေ့ တွင် စတင်ကျင်းပသည်။ ထိုနေ့တွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ စည်းဝေးဆွေးနွေး၍ ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် တဖန် ချင်းအမျိုးသားကိုယ်စားလှယ် တို့ ရောက်ရှိလာသဖြင့် ဆက်လက်ဆွေးနွေးကြပြီးနောက်
() မြန်မာများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းအမျိုးသားတို့၏ လွတ်လပ်ရေး သည် ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း
() ဒီမိုကရေစီ နည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း၊ အခွင့်အရေးနှင့် အကျိုးစီး ပွားများကဲ့သို့  ရှမ်း၊ ကချင်၊ ချင်းတို့ သည်လည်း ရရှိခံစားရန် လိုလားကြောင်း
() ရှမ်း၊ ကချင်နှင့် ချင်းအမှုဆောင်ဝန်ကြီးများသည် မိမိတို့ နှင့် သက်ဆိုင်ရာ ပြည်တွင်းရေးကိစ္စ အ၀၀တို့  တွင် မိမိတို့သာလျှင်တာဝန်ခံ၍ အများနှင့်သက်ဆိုင်ရာကိစ္စများ (ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ မီးရထား၊ ဆိပ်ကမ်းခများ) တို့ ကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံလိုကြောင်းဟူ၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည်။
ထိုဆုံးဖြတ်ချက်များကို ညီလာခံတွင် တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်က အသံလွှင်ရုံသို့ သံကြိုးရိုက်အ ကြောင်းကြားကာ ကြေညာစေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေးတို့နှင့် အတူ ပင်လုံညီလာခံ တက်ရောက်ရန်အတွက် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံသို့ရောက်ရှိလာသည်။ ဗြိတိသျှ အစိုးရကိုယ်စားလှယ် ဒိုမီနီယံ၊ အတွင်းဝန်ကလေး မစ္စတာဘော်တွမ်လေ အမှူးရှိသော  ဗြိတိသျှကိုယ်စားလှယ် များလည်း ရောက်ရှိခဲ့ကြသည်။
၁၉၄၇ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်း ပြောကြားရတွင် တောင်တန်းနယ်များကို ဗြိတိသျှတို့ အုပ်ချုပ်သည်ကို ဗမာများက မကြိုက်ကြောင်း  ဗမာပြည် သည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းမှာ ဗမာပြည်နှင့် တန်းတူအဆင့်အတန်း အခွင့်အရေး ရစေလို သောကြောင့်ဖြစ်ကြောင်း ဗမာလူမျိုးများသည် ဗြိတိသျှကျွန်မဖြစ်လိုကြောင်း ထိုနည်းတူ  တောင်တန်းလူမျိုးများ ဗြိတိသျှကျွန်ဖြစ်မည်ကို ဗမာတို့ကမကြိုက်ကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည် ဗမာကျွန် မဖြစ်စေ ရကြောင်း ရှေးဦးစွာပြောကြားသွားသည်။
ထို့ နောက် ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ၏ သဘောတူညီဆုံးဖြတ်ချက်များ () ချက်အပေါ် တစ်ချက်ချင်းအလိုက် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေး ရှင်းလင်းတင်ပြသွားသည်။
() ဆုံးဖြတ်ချက် ၁ နှင့်ပတ်သက်၍ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ၊ ဒီမို ကရေစီကျကျ ခံစားခွင့်ရှိစေရမည်ဟုဆိုသော အချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရ ပြီးနောက် မြန်မာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်း မရှိစေရန်နှင့် အားလုံးတန်းတူရည်တူ ခံစားခွင့်ရရှိစေရန် အစည်းအဝေးတွင် အာမခံချက်ပေးကြောင်းပြောကြားရာ ကိုယ်စားလှယ်များက တခဲနက်သြဘာပေးကြသည်။
() ဆုံးဖြတ်ချက် ၂ နှင့် ပတ်သက်သော အမူဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ် စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုးအသီးသီ၏ ပြည်တွင်းရေးရာ အားလုံးအတွက် တာ ၀န်ယူဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံရေး၊ မီးရထား၊ အကောက်တော်  အစရှိသော အား လုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံးစုပေါင်း တာဝန်ယူဆောင်ရွက်ကြရမည်ဟူသော အချက်ကို မူ အားဖြင့်လက်ခံပြီးဖြစ်၍ အထူးပြောဆိုစရာ မရှိကြောင်းပြောကြားသည်။ ကိုယ်စားလှယ်အာလုံးကလည်း ထပ်မံ ဆွေးနွေးကြခြင်း မရှိချေ။
() ဆုံးဖြတ်ချက် ၃ နှင့်ပတ်သက်သည့် ကချင်တို့က သီးခြားကချင်ပြည်နယ် အလိုရှိကြောင်း    တောင်းဆို ချက်ကို ကချင်တောင်တန်းဒေသတွင် အကြုံးမ၀င်သည့် မြစ်ကြီးနား၊ ဗန်းမော်ခရိုင်နှင့် ကသာမြေပြန့်ဒေသများ မပါဘဲ ကချင်ပြည်ဟု ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်လိမ့်မည်ဟု မိမိမယုံကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူမျိုးများ လိုလားတောင့်တလျှက်ရှိသည့် ကချင်ပြည် နယ် ဖြစ်လာရေးကို လိုလား၍ မူအားဖြင့် မိမိထောက်ခံကြောင်း ယင်းကိစ္စကိုလည်း ရက်သတ္တပတ် အနည်းငယ်အ တွင်း ရန်ကုန်၌ကျင်းပမည့် ဖဆပလ ညီလာခံတွင် မိမိကိုယ်တိုင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ပြောကြားရာ ကိုယ်စားလှယ်များက တခဲနက် သြဘာပေးကြသည်။
ဆုံးဖြတ်ချက် ၄ ဖြစ်သည့် ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့ ၏ (အောင်ဆန်းအက်တလီစာချုပ်) သ ဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရဟူသော အချက်ကိုမူ  အောင်ဆန်းအက် တလီစာချုပ်ကို လက်ခံခြင်းမပြုဟူသောကိစ္စမှာ ယခုဆွေးနွေးနေသည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန် ဆွေးနွေးရန်မလိုကြောင်း ပြောကြားသွားသည်။
ဆုံးဖြတ်ချက် ၅ နှင့်ပတ်သက်သည့် လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့  သဘော ကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိစေရမည်ဟူသောအချက်ကို ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့် လက်ခံပြီး ဤအစည်းအဝေးက ဆုံးဖြတ်နိုင်ခြင်း ရှိမည်မဟုတ်ကြောင်း တိုင်းပြည်ပြု လွှတ်တော်တွင် တင်သွင်း၍ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း တင်ပြရာ အများကလက်ခံကြသည်။  
          ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညတွင်မူ ဗမာပြည်နှင့် တောင်တန်းနယ်များ ပူးပေါင်းရေးအခြေခံ သဘောတူညီ မူအတွက် အထိမ်းအမှတ်အဖြစ် ပင်လုံညစာစားပွဲကြီး တည်ခင်းကျွေးမွေးလေသည်။ ထိုညစာစားပွဲ၌ ဗိုလ်ချုပ် အောင်ဆန်းအား မိန့်ခွန်းပြောကြားရန် တောင်းပန်သဖြင့် ဗိုလ်ချုပ်က
          တိုင်းပြည်တပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိမှာဘဲ။ ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှင်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲ အပြား ပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်တယ် စသည်ဖြင့် စည်းလုံးရေးနှင့် တိုင်းပြည်ရှေ့ ရေးအတွက် ပြောကြားသွားသည်။
          ထိုည ညစာစားပွဲတွင် တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်ကလည်း မိန့် ခွန်းပြောကြားရာ၌
          ယနေ့ညဟာ နေ့ကောင်းရက်မြတ်ဖြစ်တဲ့ ညပါပဲ။ ယခု ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံ အစည်းအ ဝေးကြီးဟာ ရာဇ၀င်မှာမကြုံဖူးသော အစည်းအဝေးကြီးဖြစ်ပါတယ်။ ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်းအမျိုးသားတို့ အချင်းချင်း အထင်မှား သဘောထားကွဲလွဲချက်များ ရှိခဲ့သော်လည်း ယခုတော့ ဒီသဘော ထားကွဲလွဲချက်များ မရှိတော့ပါဘူး။
ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်သားများအားလုံးတို့ ကောင်းရာ ကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်နေပါပြီ။ ဒီအစည်းအဝေးကြီးမှာ ကျနော်တို့ အချင်းချင်းတွေ သွေးကွဲလွဲ အောင်ခြေထိုးသူတွေရှိကြောင်း သိပါတယ်။ သူတို့ရှိပေမယ့် ကျနော်တို့ မအပါဘူး။ ကျနော်တို့ လိုလားတဲ့ လွတ် လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာ ယုံကြည်ပါ။ ချုပ်ချယ်တဲ့ စနစ်ကြောင့်သာ ကျနော်တို့  အောက်ကျနောက်ကျ ဖြစ်ခဲ့ရတာပါ။ ရှေ့အဖို့ လွတ်လပ်တဲ့အခါမှာ အခြားလွတ်လပ်တဲ့ နိုင်ငံကြီးများနဲ့  တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်ပါတယ်။ ယခု နယ်ရှင်စော်ဘွားများဟာ အရင်ကလို မဟုတ်တော့ပါဘူး။ တိုင်းပြည်ကိုယ်စားလှယ်များနှင့် တန်းတူပူးပေါင်းကာ ဆောင်ရွက်ကြပါတော့မယ်။
          အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြွရောက်လာပြီး ညီညီညွှတ်ညွှတ်ဖြစ်အောင် ဆောင်ရွက်ပေးလာလို့  အ လွန်ဘဲ ကျေးဇူးတင်ဝမ်းမြောက်ကြပါတယ်။ ရှေ့အဖို့မှာ ဗိုလ်ချုပ်ဦးအောင်ဆန်း၏ အလိုဆန္ဒအတိုင်း တသွေး တသားတည်း ညီညွှတ်ကြမယ်လို့ ယုံကြည်စေချင်ပါတယ်။ ဤသို့ သိုက်မြိုက်စုံလင်စွာ ကြွရောက်ချီးမြှင့် ကြ သည်ကို ရှမ်းစော်ဘွားများကိုယ်စား ကျနော်က အထူးကျေးဇူးတင်ပါတယ်။ ဟူ၍ ပြောကြားသွားလေသည်။
          ထို့ နောက် ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ကိုယ်စားလှယ် ၂၃ ဦးတို့သည် တိုင်းရင်းသားညီညွှတ်ရေး အဆောက်အအုံကို တည်ဆောက်မည့် ပင်လုံစာချုပ် ကြီးကို တညီတညွှတ်တည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
သမိုင်းဝင် ပင်လုံစာချူပ်
လက်မှတ်ရေးထိုးခဲ့ကြသည့် ကိုယ်စားလှယ်တော်ကြီးများမှာ
() ဗိုလ်ချုပ်အောင်ဆန်း                                         မြန်မာနိုင်ငံတော်အစိုးရ
() ခွန်ပန်းစိန်(တောင်ပိုင်းစ၀်ဖလုံ)                                     ရှမ်းကော်မတီ
()         စ၀်ရွှေသိုက်(ညောင်ရွှေစ၀်ဖလုံ)                                    ရှမ်းကော်မတီ
()         စ၀်ဟုံဖ(မြောက်သိန္နီစ၀်ဖလုံ)                              ရှမ်းကော်မတီ
() စ၀်နွံ(လဲချားစ၀်ဖလုံ)                                        ရှမ်းကော်မတီ
()         စ၀်စံထွန်း(မိုင်းပွန်စ၀်ဖလုံ)                                           ရှမ်းကော်မတီ
() စ၀်ထွန်းအေး(သာမိုင်းခမ်းစ၀်ဖလုံ)                                 ရှမ်းကော်မတီ
()         ဦးဖြူ(သထုံစ၀်ဖလုံကိုယ်စားလှယ်)                                 ရှမ်းကော်မတီ
() ဦးတင်ဧ(လူထုကိုယ်စားလှယ်တောင်ကြီး)                          ရှမ်းပြည်နယ်
(၁၀) ဦးထွန်းမြင့်(လူထုကိုယ်စားလှယ်မောက်မယ်)                       ရှမ်းပြည်နယ်
(၁၁) ဦးခွန်စော(ထူထုကိုယ်စားလှယ်ပင်းတယ)                           ရှမ်းပြည်နယ်
(၁၂) စ၀်ယိပ်ဖ(လူထုကိုယ်စားလှယ်သီပေါ)                               ရှမ်းပြည်နယ်
(၁၃) ဦးကြာပု(လူထုကိုယ်စားလှယ်သီပေါ)                                ရှမ်းပြည်နယ်
(၁၄) ဦးခွန်ဖုံး(လူထုကိုယ်စားလှယ်မြောက်ပိုင်းသိန္နီ)                     ရှမ်းပြည်နယ်
(၁၅) ဦးခွန်ထီး(လူထုကိုယ်စားလှယ်ပင်လုံ)                               ရှမ်းပြည်နယ်
(၁၆) ဆမားဒူးဝါးဆင်ဝါးနောင်(မြစ်ကြီးနား)                            ကချင်ကော်မတီ
(၁၇) ဒူးဝါးဇော်ရမ်(မြစ်ကြီးနား)                                           ကချင်ကော်မတီ
(၁၈) ဒူးဝါးဒင်ရတန်(မြစ်ကြီးနား)                               ကချင်ကော်မတီ
(၁၉) ဒူးဝါးဇော်လ(မြစ်ကြီးနား)                                           ကချင်ကောမတီ
(၂၀) ဒူးဝါးဇော်လွန်း(ဗန်းမော်)                                            ကချင်ကော်မတီ
(၂၁) ဒူးဝါးလဗန်ဂရောင်း(ဗန်းမော်)                                     ကချင်ကော်မတီ
(၂၂) ဦးလွှာမှုန်း(ATM, ISA – ဖလမ်း)                                  ချင်းကော်မတီ
(၂၃) ဦးသောင်ဇာခပ်(ATM – တီးတိန်)                                 ချင်းကော်မတီ
(၂၄) ဦးကွယ်မန်း(ATM – ဟားခါး)                                      ချင်းကော်မတီ
       တို့ ဖြစ်ကြသည်။
ပင်လုံစာချုပ်၏ အနှစ်သာရ
          ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြှော်အမြင်ကြီးစွာ ဆွေးနွေးတိုင်  ပင်ကြပြီး ချုပ်ဆိုခဲ့သော ပင်လုံစာချုပ် ပင်လုံစိတ်ဓါတ်၏ အဓိကအနှစ်သာရမှာ
() သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ ရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းဒေသနယ်မြေ၊ ချင်းတောင် တန်း ဒေသနယ်မြေ () ခု တပြိုင်တည်း လွတ်လပ်ရေးရယူရန်နှင့်
() တိုင်းရင်းသားနယ်မြေများ တန်းတူကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရှိပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအခြေခံ အချက်နှစ်ချက်ပင်ဖြစ်သည်။
    ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တည်ဆောက်ရာ၌
(က) လွတ်လပ်သည့်နိုင်ငံဖြစ်ရမည် (Independence)
() အချုပ်အချာအာဏာပိုင်ရမည် (Sovereignty)
() ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ရမည် (Republic)
() ပြည်ထောင်စုနိုင်ငံဖြစ်ရမည် (Union State)
    ဟူသော အခြေခံမူ () ချက်ကို ချမှတ်ထားသည်။
          နိုင်ငံတော်ဖွဲ့ စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် အထောက်အကူပြုစေရန်အတွက် ဖဆပလ ပဏာမ ပြင်ဆင်ရေးညီလာခံတွင် အဆိုတင်သွင်းသော အချက်(၁၄)ချက်အပေါ် ဖဆပလ ပဏာမ ပြင်ဆင်ရေးညီ လာခံက လက်ခံပြီး တိုင်းပြည်ပြုလွှတ်တော်သို့ တင်ပြရန်စာတမ်းကိုလည်း   ပြင်ဆင်ချမှတ်ထားကြောင်း တွေ့ရ သည်။
          ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်သည်လည်း နိုင်ငံတော်ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ တွင် လမ်းညွှန်ချက် ၇ ချက်ကို ရှင်းလင်းချက်နှင့် ချမှတ်ထားကြောင်းတွေ့ရသည်။ ထိုမျှမက တိုင်းပြည်ပြုလွှတ် တော်က ၁၉၄၇ သြဂုတ်လ ၉ ရက်နေ့တွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကို စဉ်းစားဆွေးနွေး အခြေခံထား ရန် ပြည်ထောင်စုမြန်မာနိုင်ငံမူ ဥပဒေပြုကိစ္စစာရင်းများအပိုင်း ၆ ပိုင်းကိုလည်း သတ်မှတ်ထားကြောင်းတွေ့ ရသည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် ကျဆုံးသွားပြီး နောက် သခင်နုသည် ဖဆပလ ဥက္ကဌဖြစ်လာသည်။ သခင်နုသည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရန်အတွက်        ဦးချန်ထွန်းအား အန္ဒိယနိုင်ငံသို့ သွားရောက်လေ့လာရန် စေလွှတ်၍ ဦးချန်ထွန်းနှင့်ဦးမြင့်သိန်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေကို တလကျော်အတွင်း အပြီးရေးဆွဲစေသည်။
၁၉၄၇ အခြေခံဥပဒေမူကြမ်း၏ အနှစ်သာရ
          တိုင်းပြည်ပြုလွှတ်တော်သို့  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(မူကြမ်း) ကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တင်သွင်းသည့် အခါကပင် ဦးချန်ထွန်းက အခြေအနေအရ မလွှဲသာမရှောင်သာ၍  ပြည်ထောင်စု နိုင်ငံမျိုးဖွဲ့စည်းထားရကြောင်း၊ သို့သော် ထိုပြည်ထောင်စုနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်တို့ကဲ့ သို့ ပြည်ထောင်စုစစ်စစ် နိုင်ငံမျိုးမဟုတ်ကြောင်း၊ ကနေဒါပုံစံ တနည်းအားဖြင့် (Moderate type) အလယ် အလတ်စား ပြည်ထောင်စုမျိုးသာဖြစ်ကြောင်း စသည်ဖြင့်ရှင်းပြခဲ့သည်။   
ဆက်လက်ပြီး ဦးချန်ထွန်းက ဗိုလ် ချုပ်အောင်ဆန်း ချပေးထားသည့် မူအတိုင်းသာလျှင် လူအင်အားအများကြီး သုံးရမည်ဖြစ်ကြောင်း၊ ငွေကြေးအ ကုန်အကျ များမည်ဖြစ်ကြောင်း၊ ယခု စစ်ပြီးစကာလမှာ တိုင်းပြည်ဆင်းရဲနေသေးကြောင်း၊ အခန်း ၁၀ တွင် ခွဲ ထွက်ခွင့်ပြဌာန်းချက်ပါရှိခြင်း၊ အခန်း ၁၁ ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်ဟု ပြဌာန်းချက် ပါရှိကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုလက်စွဲမရှိလျှင် လွတ်လပ်ရေးမရနိုင်ကြောင်း၊ ထို့ ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုရန်လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
          တိုင်းပြုပြည်ပြုလွှတ်တော်တွင် တက်ရောက်လာသော တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ သည် ပင်လုံစိတ်ဓါတ် အမျိုးသားစိတ်ဓါတ် အရှိန်ကြောင့် သခင်နုနှင့် ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များအပေါ် အကြွင်းမဲ့ယုံကြည်ခြင်း၊ နိုင်ငံရေးအတွေ့အကြုံနုနယ်ခြင်း၊ ဥပဒေပြုလုပ်ငန်းများ နားလည်မှုအားနည်းခြင်း၊ အမျိုး သားခေါင်းဆောင်ကြီးများစွာ ကျဆုံးကုန်၍ အချင်းချင်းသွေးစည်း ညီညွှတ်ရေးအတွက် ဆန္ဒပြင်းပြနေခြင်း၊ ဗိုလ် ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်အတိုင်း ဥပဒေစကားလုံးထက် ပင်လုံစိတ်ဓါတ်ကို ယုံကြည်ကိုးစားခြင်း၊ အ ခန်း ၁၁ တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား  ပြင်ဆင်ခွင့်ပါရှိသဖြင့် လွတ်လပ်ရေးရပြီးသည့်နောက် ပြင် ဆင်လိုသောဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သွေးသားညီကိုရင်းအချင်းချင်း ဥပဒေစကားလုံးတွေကို အတိ အကျ အဓိပ္ပါယ်ကောက်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်လိမ့်မည်မဟုတ်၊ မူးတင်းမတ်တင်း ဈေးဆစ်စရာ လို အပ်မည်ဟု မထင်မြင်ခဲ့ပါ။ လွတ်လပ်ရေးကိုလည်း အမြန်ဆုံး ရရှိခံစားလိုကြသည်။ ထို့ကြောင့် တိုင်းပြည်ပြု လွှတ်တော်တွင် တင်ပြသောဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တောင်တန်းခေါင်းဆောင်များကိုယ်စား တောင် ပိုင်းစော်ဘွားကြီး ခွန်ပန်းစိန်က လှိုက်လှဲစွာထောက်ခံလိုက်သည်။
ပြည်ထောင်စုကြီး၏ ပြည်တွင်းစစ်မီး
၁၉၄၇ ခုနှစ်နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ပင်လုံစိတ်ဓါတ်၏ ပဋိဥာဉ်နှင့် သွေဖယ်အားနည်းသွား သဖြင့် ဒီမိုကရေစီရေး၊ တိုင်းရင်းသားများ တန်းတူရေး မဖော်ဆောင်နိုင်သဖြင့် ပြည်တွင်းစစ်မီး လောင်ကျွမ်း ခဲ့ရတော့သည်။ အခြေခံအကြောင်းအရင်းမှာ –
(၁) နိုင်ငံရေးတွင် ဒီမိုကရေစီအခြေခံကျဆုံးဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အ ထည်ဖော်ရာ၌ ပါတီဂိုဏ်းဂဏစွဲ ပြင်းထန်လွန်းခြင်း၊
(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ်ပဋိဥာဉ် အတိုင်း ဗမာပြည်မနယ်မြေကို ပြည်ထောင်စုဗဟိုအာဏာနှင့် လွှဲထားပြီး ရှမ်း၊ ကချင်၊ ချင်းအမျိုးသား နယ်မြေများ ကို လက်အောက်ခံပြည်နယ်အဖြစ် သတ်မှတ်ထားသဖြင့် တိုင်းရင်းသားများ တန်းတူ အခွင့်အရေးဆုံးရှုံးသွား ခြင်း၊ 
          (၃) အမျိုးသားပြည်နယ်အဆင့်အတန်း ရသင့်ရထိုက်သော (ကရင်၊ ရခိုင်၊ မွန်) အမျိုးသားများကို အမျိုးသား ပြည်နယ်များ မဖေါ်ဆောင်ပေးခြင်း၊
          (၄) ကရင်နီနယ်စော်ဘွားများနှင့် ပြည်သူလူထုဆန္ဒမပါရှိပဲ ကရင်နီပြည်ကို ပြည်ထောင်စုမြန်မာနိုင်ငံထဲမှ ပြည်နယ်တခုအဖြစ် ထည့်သွင်းခြင်းစသည့် အခြေခံအကြောင်းများကြောင့် ဖြစ်သည်။
          ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ်၊ တန်း တူရေးစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ် အခြေခံလမ်းစဉ်မှုအပေါ် အားနည်းသွားရာမှ နိုင်ငံရေးသမားများသည် နိုင်ငံရေး ရိုးသားပွင့်လင်းမှု အားနည်းလာခြင်းအပြင် နိုင်ငံရေးအမျိုးမျိုးကိုလည်း ကစားလာကြသည်။
          (၁) အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန် အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲလွန်ခြင်း၊
          (၂) ကူမင်တန်တရုတ်ဖြူ အကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ် ၁၃ နယ်ကို စစ်အုပ်ချုပ်ရေးသတ် မှတ်သ ဖြင့် ရှမ်းပြည်သူလူထုသည် မတရားဖိနှိပ်ညှင်းပမ်း အနိုင်ကျင့်ခံရခြင်း၊
          (၃) ကချင်ပြည် ပြည်သူ့သဘောထား ရယူခြင်းမရှိဘဲ (မီမော်၊ ဂေါလံ၊ ဇာန်ဖန်) နယ်မြေများကို    တရုတ် ပြည်သို့  လွှဲအပ်ပေးခြင်း၊
          (၄) ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ တွင်ပြဌာန်းခဲ့ခြင်း စသည့်
            ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူမျိုးစုများ တန်းတူအခွင့်အရေးများအပေါ် ဆန့်ကျင်သည့် လုပ်ဆောင် မှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ  ပြည်တွင်းစစ်မီး ထပ်  ဆင့် လောင်ကျွမ်းခဲ့ရလေသည်။
          ထိုသို့ ပြည်တွင်းစစ်မီး အရှိန်မြင့်လာသည်နှင့်အမျှ စစ်အာဏာရှင်ပေါ်ထွန်းရန် လက်ယပ်ခေါ်သလိုဖြစ်ခဲ့ရ   သည်။ ထိုစဉ်အတွင်း ဖဆပလ အစိုးရအုပ်ချုပ်သော ၁၀ နှစ်တာကာလအတွင်း အရပ်သားနိုင်ငံရေးသမားများ သည် ပါတီခွဲ၊ ဂိုဏ်းဂဏခွဲပြင်းထန်သဖြင့် ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်းနှင့် တည်မြဲ နှစ်ခြမ်းခွဲထွက်လာ  သည့်အထိ ဖြစ်သွားခဲ့သည်။ ယင်းသို့ ဖဆပလ အစိုးရအတွင်း ပုဂ္ဂိုလ်စွဲ၊ ပါတီခွဲ၊ ဂိုဏ်းဂဏစွဲ ပြင်းထန်နေချိန်  အတွင်း ပြဿနာကို အချင်းချင်း      ညှိနိုင်းဖြေရှင်းရန် ကြိုးစားရမည့်အစား ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော အိမ် စောင့်အစိုးရလက်သို့ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အာဏာလွှဲပြောင်းပေးမှုကြောင့် စစ်အာဏာရှင် ဗိုလ်နေ၀င်းအုပ်စုသည် နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။
စစ်အုပ်စု၏ စစ်ပြည်ထောင်စုဆီသို့
          ထို့နောက် အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ်ဖေဖေါ်ဝါရီလ ၆ ရက်နေ့ တွင် ပါလီမန်ပြည်သူ့ လွှတ်တော် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲတွင်အနိုင်ရရှိသော သန့်ရှင်း ဖဆပလ အား အာဏာ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
သန့်ရှင်း ဖဆပလ (ပထစ) အစိုးရသည် ၁၉၆၂ ခုနှစ်ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ ပြည်လမ်းအသံလွှင့်ရုံတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ရာ ၀န်ကြီးစ၀်ခွန်ချိုက ပြည်နယ်များညီညွှတ်ရေးအဖွဲ့ကိုယ်စား ၄င်းတို့လိုလားသော ပြည်ထောင်စုစနစ် ဖွဲ့စည်း ပုံကို တင်ပြခဲ့သည်။
တင်ပြချက်တွင် (၁) ပြည်မကို ပြည်နယ်တနယ်ဖွဲ့စည်းရေး (၂) ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေး (၃) လူမျိုးစုလွှတ်တော်ကို ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်ပေးရေး (၄) ပြည်နယ်များအား မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟို အစိုးရသို့ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးတို့ကို ဆွေးနွေးတင်ပြခဲ့သည်။
          ယင်းနောက် မတ်လ ၁ ရက်နေ့တွင် လူမျိုးပေါင်းစုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပပြီးနောက် နောက်တနေ့  ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်အာဏာရှင် ၁၇ ဦးတို့က  တော်လှန်ရေးကောင်စီ အမည်ခံကာ ဖက်ဒရယ်မူကို အကြောင်းပြ၍ တိုင်းပြည်ချောက်ကမ်းပါး ကျရောက် လုနီးဖြစ်နေပါသောကြောင့် အာဏာသိမ်းပိုက်ခဲ့ပါသည်ဟု ကမ္ဘာသိ ကြေညာခဲ့လေသည်။
အကယ်၍ အာဏာ မသိမ်းခံရပါက ၀န်ကြီးချုပ်ဦးနု ဦးစီးသောပြည်ထောင်စုပါတီ၊ ပြည်ထောင်စုအစိုးရသည် အင်းအားသုံးပုံ နှစ်ပုံ ကျော်ရှိပြီး ပြည်နယ်များအင်အားနှင့် ပေါင်းပါက ဒီမိုကရေစီကျင့်စဉ်အရ ပြင်ဆင်ရေးဆွဲလိုသော ပြည်ထောင်စု စစ်စစ်မူကို ပြင်ဆင်ရေးဆွဲနိုင်မည်ဖြစ်သည်။
သို့သော် အာဏာငမ်းငမ်းတက်နေသည့် ဗိုလ်နေ၀င်းဦးဆောင် သည့် စစ်အုပ်စုအာဏာသိမ်းယူခြင်းကြောင့် ပြည်ထောင်စုတိုင်းရင်းသား နှင်္ီးနှောဖလှယ်ပွဲကြီးနှင့်အတူ ဖက်ဒ ရယ်မူကိစ္စလည်း ပျက်သုဉ်းသွားခဲ့ရလေသည်။
ယင်းနောက် စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီရေးတိုက်ပွဲဝင်နေသော လက်နက်ကိုင်အဖွဲ့ အစည်းပေါင်းစုံ  နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အလျှိုလျှိုပေါ်ပေါက်လာခဲ့ရာ လက်နက်ကိုင်အဖွဲ့အမျိုးအစား ပေါင်း ၅ မျိုးပင်ရှိခဲ့သည်။ ယင်းတို့ မှာ လက်ဝဲ၊ လက်ျာ၊ တိုင်းရင်းသား၊ ကျောင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အာဏာရှင်တို့၏  လက်ကိုင်တုတ် တလက်ကိုင်စစ်တပ် လက်နက်ကိုင်တပ်ဖွဲ့ တို့ပင် ဖြစ်သည်။
   
အနာဂတ်အလားအလာ
          ယခုအခါ ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာစာတမ်းပေါ်ထွက်လာပြီးနောက် ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာလ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ရာ ပြည်သူလူထုတရပ်  လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်မှန်သောပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအ တွက် တိုင်းရင်းသားလူမျိုးစုပေါင်းစုံနှင့် ညီညီညွှတ်ညွှတ်တိုက်ပွဲဝင်ရန် လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစု ကြည်အား ပြည်သူလူထုတရပ်လုံးက ဦးဆောင်ဦးရွက်ပြုရန် တာဝန်ပေးအပ်ခဲ့ကြသည်။
          သို့သော် လက်ရှိအခြေအနေအရ ဗိုလ်သန်းရွှေဦးဆောင်သော စစ်အာဏာရှင်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲကျင်းပပြီးနောက် ၄င်းတို့စိတ်ကြိုက်ရွေးချယ်ထားသော အရပ်ဝတ် ၀တ်ထားသည့် စစ်အုပ်စု ခေါင်း ဆောင်အချို့နှင့် အစိုးရသစ်ဖွဲ့စည်းတော့မည်ဖြစ်ရာ ၂၁ ရာစုပင်လုံညီလာခံခေါ်ယူရေးမှာ အဓိကစိန်ခေါ်မှုကြီး ပင် ဖြစ်သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသာခေါင်းဆောင်များ ဒုတိယအကြိမ် ပင်လုံညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်သည်မှာ ထိုစဉ်က အုပ်စိုးသူမှာနယ်ချဲ့ အစိုးရဖြစ်နေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မူဖြင့် ဖွဲ့ စည်းထား   သောနိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ်သည့် ဖဆပလ အဖွဲ့ချုပ်ကြီးရှိခြင်း၊ မျိုးချစ်ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏နောက်၌ ခိုင်ခိုင်မာမာရပ်တည်ပေးထားခြင်း၊ ထို့ပြင်ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို အောင်မြင် စွာဖွဲ့စည်းထားနိုင်ခြင်း၊ ဗြိတိသျှအစိုးရ ယန္တရားတခုလုံးကို ကိုင်လှုပ်နိုင်သော အထွေထွေသပိတ်ကြီးကို ဆင်နွှဲ နိုင်ခဲ့ခြင်းတို့ကြောင့် ဗြိတိသျှကိုလိုနီအစိုးရသည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အချိန်ဆွဲထား လိုသော်လည်း အထက်ပါ အခြေအနေအရပ်ရပ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား လန်ဒန်မြို့သို့ဖိတ်ခေါ် ကာအောင်ဆန်း အက်တလီသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ယင်းစာချုပ်အရ မြန်မာ့လွတ်လပ်ရေးကို ပြည်မနှင့် တောင်တန်းဒေသများမှ ပူးပေါင်းစည်းလုံးညီညွှတ်စွာ အရယူနိုင်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
          ယခု ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် စစ်မှန်သည့် ပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက် တိုင်းရင်းသား သွေးချင်းညီအစ်ကိုများနှင့် တွေ့ဆုံစုစည်းဆွေးနွေးမည့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေးအ တွက်      မူအားဖြင့် လက်ခံထားကြသော်လည်း ပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးမှာ လူထုအားဖြင့် ဘုံလမ်းစဉ်ချမှတ်ကာ စစ်အာဏာရှင်စနစ် ဖြိုချရေးပင်ဖြစ်သည်။
သို့ဖြစ်၍ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်သူလူထု ကြီးတရပ်လုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် နိုင်ငံရေးစိတ်ဓါတ်များကို နိုးကြားတက်ကြွစေနိုင်ရန် နှင့် နားလည်သဘောပေါက်စေရန်အတွက် စည်းရုံးရေးအရှိန်အဟုန်မြှင့်တင်ကာ စစ်အစိုးရယန္တရားတခုလုံး ရပ်ဆိုင်းသွားရန် အထွေထွေအလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း သပိတ်ကြီးကို ဆင်နွှဲနိုင်မှသာ လျှင် ဖြစ်နိုင်မည်ဟု ယုံကြည်မိ ပါသည်။
သို့ဖြစ်၍ စစ်မှန်သော ပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက် ပြည်သူလူထုတရပ်လုံးသည် နိုင်ငံရေးသ    ဘောထားများကို ပြည့်ဝစေရန် လိုအပ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းက လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေး ကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်ဟု ဆိုခဲ့ရာ နိုင်ငံရေးနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို မ သိကြသဖြင့် (သိခွင့်လည်းမရခဲ့ကြသဖြင့်) ၁၉၈၈ ခုနှစ်၌ဖြစ်ပွားခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီးသည် တပါ တီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ဒီမိုကရေစီနိုင်ငံတော်ကြီးကို ယနေ့တိုင် မထူထောင် နိုင် ခဲ့ကြသေးပေ။
ဒေါက်တာဘမော်က – နိုင်ငံရေးမှာ အောင်မြင်မှုရရှိချင်ရင် ရှေ့အတွက် ကြိုမြင်တက်ရမယ်။ ပေးတက်ယူတက်သလို အကွက်ဆင်တက်ရမယ်ဟု တခါကပြောခဲ့ဖူးသည်။ အခိုက်အတန့် လက်သီးလက် မောင်းတန်း ပါတီများပြိုင်ဖွဲ့ကြ၊ ကွဲကြ၊ လှုပ်ရှားကြ၊ ပြန်ငြိမ်ကျသွားလိုက် လုံးချာလိုက်နေသည်မှာ ယနေ့ မြန် မာနိုင်ငံ မြင်ကွင်းပင်ဖြစ်သည်
ထို့ကြောင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လူတိုင်းလူတိုင်းသည် နိုင်ငံရေးအမြင် ဗဟုသုတများ သမိုင်းနောက်ခံများ ကြေညှက်စွာနားလည်သဘောပေါက်ကာ မိမိတို့ အခွင့်အရေးကို ရယူလိုခြင်း၊ ရယူရဲခြင်း၊ ရ ယူတက်ခြင်းတို့ကို ပြည့်ဝနိုင်ရန် အရေးကြီးသည်ဟု အကြံပြုလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts