>kyat 5000 currency is on the way

>

သတင်းထဲက ဂဏန်းများ
အောက်တိုဘာ ၁ တွင် စတင် ဖြန့်မည့် မြန်မာကျပ်ငွေစက္ကူ

စက်တင်ဘာ ၂၄၊ ၂၀၀၉
၅ဝဝဝ ကျပ်
အနီရောင် ငွေစက္ကူ၏ ရှေ့ဘက်

ကျောဘက်
၅ဝဝဝ
တန် ငွေစက္ကူကို ထုတ်ဝေပြီးဖြစ်သဖြင့်
အောက်တိုဘာ ၁ ရက်နေ့တွင် စတင် သုံးစွဲမည်ဟု ယနေ့ညနေပိုင်းက မြန်မာပြည်ရှိ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့တွင် ကြေညာသွားသည်။ ဆင်ဖြူတော်၊ မြို့တော်သစ်နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပုံများကို ငွေစက္ကူသစ်တွင် ရိုက်နှိပ်ထားသည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်မီက ဗိုလ်ချုပ်အောင်ဆန်းပုံ အမျိုးမျိုးကို ထည့်သွင်း ရိုက်နှိပ်ခဲ့သည်။ ယခု စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ၁၉၉၀ ပြည့်နှစ်က ၁ ကျပ်တန် ငွေစက္ကူ ထုတ်ဝေစဉ် တကြိမ်သာ အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ခြင်္သေ့ပုံများကို အသုံးပြုခဲ့သည်။ ယခု ခြသေ့င်္နေရာတွင် ဆင် ၀င်လာခြင်း ဖြစ်သည်။

ထုတ်ဝေခဲ့ပြီးသည့် ငွေစက္ကူများ၏ အချက်အလက်များကို အောက်ပါအတိုင်း တွေ့ရသည်။

၁ ကျပ် (၁၉၉၀) ဗိုလ်ချုပ်အောင်ဆန်း နှင့် နဂါးသစ်ထွင်းပန်းပု
ပြား ၅၀ (၁၉၉၄) စောင်းကောက်

၁ ကျပ် (၁၉၉၆) ခြင်္သေ့ နှင့် ရန်ကုန်မြို့ ကန်တော်ကြီး လှေပြိုင်ပွဲ
၅ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ခြင်းဝိုင်း

၁၀ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ကရ၀ိတ်ဖောင်
၂၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်

၅၀ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ရိုးရာလက်မှုပညာရှင်
၁၀၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ရိုးရာလက်မှုပညာရှင်

၂၀၀ ကျပ် (၁၉၉၈) ခြင်္သေ့ နှင့် သစ်ဆွဲဆင်
၅၀၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ပန်းပုပညာရှင်

၁၀၀၀ ကျပ် ဆိုဒ်ကြီး (၁၉၉၈) ခြင်္သေ့ နှင့် ဗဟိုဘဏ်အဆောက်အအုံ
၁၀၀၀ ကျပ် ဆိုဒ်သေး (၂၀၀၄) ခြင်္သေ့ နှင့် ဗဟိုဘဏ်အဆောက်အအုံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts