Uncategorized

Naing Oo Nyo (Phoe Zero) – Poem

အရေးကြီးပြီ ကိုမွန်းအောင်
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၇၊ ၂၀၁၃

ကိုမွန်းအောင်ရေ
ဒီတည
ကျုပ်အိမ်ပြန်လမ်းမှာ
ခင်ဗျားရဲ့
သီချင်းဟောင်းတွေ
တောက်လျှောက်
နားထောင်ဖြစ်တယ်
ဒါဟာကဗျာ
အပိုင်းအစတွေဘဲ၊
၈၂ အင်းယားမှာ
ကောင်းကင်လိုင်စင်မရခဲ့တဲ့
လူငယ်ခြေကျက
အစပေါ့ဗျာ၊
ခင်ဗျားကလည်းကချင်
ကျုပ်ကလည်းဗမာ
ခင်ဗျားမွေးတာ
မြစ်ဆုံထိပ်
ကျုပ်မွေးတာ
မြစ်ဝကျွန်းပေါ်
ဧရာဝတီရဲ့
အစနဲ့အဆုံး
တသားထဲ
ပေါင်းဆုံချင်ရင်
ပေါင်းဆုံနိုင်ပါတယ်၊
အမှောင်မလွှမ်းခင်ခေတ်ထိ
ကျုပ်တို့ကတသွေးထဲတသားထဲ
ကွယ်လုရင်းကွယ်လုပြီး
စစ်ခင်းကာသတ်ကြဖြတ်ကြတယ်
ငြိမ်းချမ်းရေးချိုးငှက်လည်း
အတောင်ကျိုးလို့
ဝဲရင်းနဲ့ပျောက်ကွယ်၊
လူငယ်ခြေကျတွေလည်း
ကျပြီးရင်းကျရင်း
အရေးကြီးပြီဆိုကြရင်း
ညီနောင်အပေါင်းတို့လည်း
သွေးနဲ့ရေးကြရင်း
အဆုံးသတ်တိုက်ပွဲ
နွဲဖို့ကြိုးစာကြရင်း
သွေးသစ္စာ
ပျက်သူတွေလည်း
ပျက်ခဲ့ပြီ၊
လူသာရှင်နေ
ဒဏ်ယာတွေသာ
ငါ့နှလုံးသားဟာသေ၊
တိုးတိုးဖွဲ့
နီတဲ့သွေး
ပျက်ခဲ့ပြီ၊
အသက်ကိုတဲ့
ဘာမထီ
သေပါစေ
အု အု အားအား
ကို့ယိုး ကားယား၊
စိုက်ပြီး
ရောင်းသူတွေများ
လူ လူ ဧည့်ဆိုး
မိုးမခပင်တွေလည်း
နေရောင်ခခဲ့ပါပြီကော၊
လမ်းမထက်က
သွေးတွေ
သမုဒ္ဒရာထဲ
ရောက်ခဲ့ပြီးပြီ
မကြေတဲ့အကြွေး
မဆပ်နိုင်ခဲ့ပြီ၊
ဖောက်ပြန်တဲ့
လူတန်းစားတွေ
မုန်တိုင်းကို
ဂုဏ်ပြုကြ
ပျော်ပါးကြ၊
ပန်းချီကားတချပ်ပေါ့
မုန်တိုင်းဆဲရင်တော့
ကမ္ဘာသစ်ဆောက်တည်တော့၊
သွေးသစ္စာလည်းပြုခဲ့ပြီ
သွေးသစ္စာလည်းပြုခဲ့ပြီ
သစ္စာ သစ္စာ
ခင်ဗျားတို့ရဲ့ သစ္စာ
ကျုပ်တို့ရဲ့ သစ္စာ
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ
ပြန်စိုက်ချင်ရင်တော့
သစ္စာ

အရေးကြီးလှသဗျာ၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts