News

Kyaw Home – News

မစုစုနွေး ပြင်သစ်နိုင်ငံသို့ ရောက်ရှိ
ကျော်ဟုန်း 
မေ ၂၇၊ ၂၀၁၃ 
 

မစုစုနွေးဟာ ပြည်သစ်နိုင်ငံကို မေ ၊ ၂၂၊ ၂၀၁၃ က ရောက်ရှိနေတယ်လို့  သိရပါတယ်။ ရောက်ရှိရတဲ့ အကြောင်းရင်းကတော့ ပြင်သစ်နိုင်ငံ ၊ နာ့စ်မြို့ မှာ ကျင်းပပြုလုပ်မယ့် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့လူ့  အခွင့်အရေးဆွေးနွေးပွဲကို မစုစုနွေး ဖိတ်ကြားခံရတဲ့အတွက် တက်ရောက်ဖို့  ရောက်နေတာပါ။
 ဒီဆွေးနွေးပွဲမှာ မစုစုနွေးအနေနဲ့  မြန်မာပြည်က အလုပ်သမားနဲ့ တောင်သူလယ်သမားအရေးကို သူ့  အတွေ့ အကြုံများတင်ပြဆွေးနွေးလိမ့်မယ်လို့  မျှော်လင့်ရပါတယ်။ မစုစုနွေးဟာ ထောင်နှစ်ရှည်မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာပြီးနောက်ပိုင်းမှာလဲ မြန်မာ့ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတဦးလဲဖြစ်ပါတယ်။

 

မစုစုနွေးဟာ လူ့ အခွင့်အရေးအတွက် မြန်မာပြည်အတွင်းမှာ တက်တက်ကြွကြွ လှုပ်ရျားနေသူတဦးလဲဖြစ်ပြီး ၂၀၀၆ ခုနှစ်ရဲ့ ဂျွန်ဟမ်းဖရီး ဆုရှင်တဦးလဲဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts