>journal pieces on Jan 19

>

ဧရာဝတီကို လည်ပင်းညစ်၊ အဆိတ်ခတ်ပြီ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၁၉၊ ၂၀၁၁



News Watch ဂျာနယ် (ဇန်န၀ါရီ ၁၂)

သက်ရှည်ကျန်းမာ
ကမ္ဘာအရပ်ရပ်မှာ အသက်ရှည်သူတွေ စံချိန်တင်နေကြတာ နေ့စဉ်နဲ့အမျှ စာနယ်ဇင်းတွေထဲမှာ ဖတ်နေကြရမှာပါ..။ ရာကျော် ဖိုးဖိုးတွေ ဖွားဖွား တွေ များမှများဘဲ..။

တခုတော့ရှိတယ်.. မောင်နှမတွေ အုပ်စုလိုက် သက်ရှည်ကျန်းမာစွာ ရှိကြတယ် လို့တော့ သိတ်တွေ့ဘူးကြမယ်မထင်ဘူး။ ကြည့်ပါဦးဗျာ .. တပျော်တပါးကြီးခင်ဗျ.. မောင်နှမတွေ။

သတင်းကောင်းပါပဲ။ ဘယ်ဒေသကလဲ ဆိုတာတော့ မပါဘူး။

လက်ရှိ နဲ့ အနာဂတ် စာနယ်ဇင်း
လူထုဦးစိန်ဝင်းခမြာ သတင်းစာတွေကို ဟောသလို မျှော်နေပါပြီ..။ ကိုယ်တို့လဲ ပါပါတယ်.. မျှော်တဲ့ထဲလေ.. ကျ မကျန်ရစ်အောင် ကဗျာကယာ ပါလိုက်ရပါတယ် ခင်ဗျ..။

Envoy ဂျာနယ် (ဇန်န၀ါရီ ၁၃)

ဧရာဝတီကို လည်ပင်းညစ်၊ အဆိတ်ခတ်ပြီ
ချီဗွေ ရေကာတာစီမံကိန်းတဲ့.. လျှပ်စစ် အများကြီးထွက်မဲ့နေရာ လို့ဆိုတယ်.. ထွက်သမျှ ကိုယ်တို့အတွက်လား ဆိုတာတော့ ရှင်းမထားဘူး။

လောလောဆယ် ပေါက်ဖေါ်ကြီးတွေ မြစ်ရိုးတလျှောက် အသေအလဲ ရွှေကျင်နေကြ တာများ မြင်မကောင်း ရှုမကောင်း၊ တိုင်းရင်းသားတွေ ကပ်လို့တောင် မရဘူးတဲ့..။ တခါ ရွှေကျင်ပြီးတဲ့အခါ ရလာတဲ့ အရောအနှော တွေထဲက ရွှေကို ဖမ်းနိုင်ဖို့ ပြဒါး သုံးရပါတယ်တဲ့ ခင်ဗျာ..။

ဧရာဝတီ ဆိုတာ မြန်မာနိုင်ငံကို ဒေါင်လိုက်ဖြတ် နေတဲ့ အရှည်ဆုံးမြစ်.. ဘယ်လောက်များ အဆိပ် ဖြစ်လိုက်မလဲ တွေးကြည့်။ အစိုးရမင်းများ စကားတင်းဆိုချင်ပြီ ဆိုရင် ရွှေကျင်တဲ့အကြောင်းများ ဘယ်တော့မှ သတင်းမဖြစ်.. တူးတဲ့ အကြောင်းလောက်သာ အရင်းအမြစ် သဘောထားနေတတ်တာ. ကလား..။

တွဲလျက်ပါလာတဲ့ ရွှေတူးသူများ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်သင့် ဆိုတဲ့ News Watch ဂျာနယ် သတင်းလေးပါ တွဲဖတ်ကြည့်ရင် သိသာပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ သတိနဲ့စောင့်ကြည့်ရုံနဲ့ မပြီးတော့ဘူးထင်ပါတယ်။ မိအေးနှစ်ခါနာတော့ ဖြစ်နေပြီ..။ ဖတ်ကြည့်ပြီး တခုခု လုပ်ကြပါဦးလို့ မေတ္တာရပ်ခံပါတယ်ဗျို့..။

Messenger ဂျာနယ် (ဇန်န၀ါရီ ၁၃)

ခက်ခက်ခဲခဲ လုပ်ရမယ့် မင်္ဂလာပွဲ ဆိုပဲ
တလောဆီက မိဘနဲ့စိတ်ဆိုးလို့ဆိုတဲ့ မျိုးစန္ဒီကျော်ပါ..။ မင်္ဂလာဆောင်တော့မယ်တဲ့..။ အမယ်.. သူတို့လေးတွေကလဲ မခေပေဘူး.. ရအောင် ဆွေမျိုးစပ်တာများ ချောလို့.. ဘယ်နှစ်ဝမ်းတွေကွဲတယ် ဆိုလား..။

မျက်စိလည်စရာပေမဲ့.. ပရိသတ်ကြိုက်တဲ့ ပူပူနွေးနွေး ဟော့(တ်)ဖြစ်တဲ့ သတင်းလေးမို့ ထည့်ပေးပါတယ်.. ဖတ်ကြည့်ပါဦး။

ရေလိုတဲ့ အင်းလေး
အင်းလေးကန်ကြီးကတော့ ကြည့်ရင်း ကြည့်ရင်း ကို ခမ်း.. လိုက်လာနေပါပြီ..။ တနိုင် တပိုင်နဲ့တော့ မရနိုင်လှ.. နိုင်ငံတော်က ကူမှ ဖြစ်တော့မှာ..။ သိတဲ့အတိုင်း.. နိုင်ငံရေးမှာ အနိုင်နဲ့မတရားပိုင်း ဖို့က အဓိက ဖြစ်နေတဲ့ ဘုရင်ရူးကြီးက မလှုပ်ဘူးဗျ။ ကိုင်းဘယ့်နဲ့လုပ်ကြမတုန်း.. ပိုက်ဆံမရှိဘူး တဲ့..။

Good Health ဂျာနယ် (ဇန်န၀ါရီ ၁၃)

ပါနေကျလေးပါခင်ဗျာ.. ဖတ်လို့ အဆုံးမှာ.. ပြုံးကြရအောင်ပါ.. ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts