>20th Anniversary of the passing of Writer Maung Nay Win

>

စာရေးဆရာ မောင်နေ၀င်း ကွယ်လွန်ခြင်း အနှစ် ၂၀ ဆွမ်းကျွေးကျင်းပ
မိုးမခဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၉၊ ၂၀၁၁
လွန်ခဲ့သည့် တနင်္ဂနွေ ၊ ဇန်န၀ါရီလ ၁၆ ရက် နေ့ခင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မင်းကွန်းတိပိဋက ကျောင်းတိုက်မှာ ဆွမ်းကျွေးအလှူကျင်းပခဲ့ရာ စာပေနှင့် နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်များ၊ မိတ်ဆွေသင်္ဂဟများ တက်ရောက်ကြတာကို တွေ့ရပါတယ်။ 

 
စာနယ်ဇင်းဆရာကြီးနဲ့ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးဝင်းတင်လည်း လာရောက်တာကို တွေ့ရပါတယ်။ သက်ဝါကြီး နိုင်ငံရေးသမားတဦးဖြစ်သူ သခင်လှကွန့် နဲ့ ဦးဝင်းတင်တို့က အမှတ်တရ စကားများ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ 
စာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာကြီး ဒဂုန်တာရာ၊ ဆရာပါရဂူ၊ ကဗျာဆရာ အံ့မောင်၊ မောင်မိုးသူ၊ ဖျာပုံနီလုံဦး၊ ဦးမောင်မောင်ခင်၊ မင်းယုဝေ၊ ဒေါက်တာခင်မောင်ဝင်း၊ ဒေါက်တာခင်မောင်ညို၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဒေါ်ခင်မေ နဲ့ စာပေနဲ့ စာနယ်ဇင်း မိတ်ဆွေများ ကို တွေ့ရပါတယ်။ 

မြန်မာပြည် စာပေလောကမှာ ထင်ရှားတဲ့ စာအုပ်တိုက် နေရီရီက ထူထောင်သူ၊ ကျန်ရစ်သူ ဇနီးသည် ဒေါ်ခင်ရီ နှင့် မိသားစုက စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts