>Mingalar Monthly launched for SF Bay Area Burmese community

>

ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာများအတွက် မင်္ဂလာလစဉ်ပုံနှိပ်စာစောင် ထွက်ရှိ
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၁၇၊ ၂၀၁၁
ဆန်ဖရန်စစ္စကိုဘေးဧရိယာကိုအခြေစိုက်ပြီး ထုတ်ဝေလိုက်တဲ့ မြန်မာဘာသာနဲ့ ပုံနှိပ်စာစောင်တခု ယမန်နေ့ကပဲ ထွက်ရှိလာပါတယ်။ Burmese American Heritage Foundation က လစဉ် ထုတ်ဝေတာလို့ ဖော်ပြထားပြီး အင်္ဂလိပ်လို Bay Area Burmese Bulletin  ၊ မြန်မာလိုကတော့ မင်္ဂလာ လစဉ်စာစောင်ပါတဲ့။ စာစောင်ရဲ့ အကျဉ်းဖော်ပြချက်မှာ မည်သည့် သတင်းဌာန၊ နိုင်ငံရေး၊ ဘာသာရေး လက်အောက်ခံမဟုတ်ဘဲ လွတ်လပ်တဲ့ စာစောင်လို့ ရေးထားပါတယ်။ ဘေးဧရိယာ မြန်မာသတင်း၊ မြန်မာပြည်သတင်း၊ မြန်မာ့ယဉ်ကျေးမှုများ၊ ဂုဏ်ယူဖွယ် မြန်မာတို့အကြောင်း ဖော်ပြသွားမယ်လို့ ရေးထားပါတယ်။
ဘေးဧရိယာတ၀ိုက်က မြန်မာတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးနဲ့ အထွေထွေလုပ်ငန်း  ကြော်ငြာများ ထည့်သွင်းဖော်ပြထားပြီး ဘေးဧရိယာ မြန်မာမိသားစုများ၊ အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုသတင်းများပါဝင်ပါတယ်။ ဘေးဧရိယာရှိ မြန်မာရွှေ့ပြောင်းအခြေချလာသူများအား ကူညီမှုဆောင်ရွက်နေသူ ဒေါ်အေးအေးသော်နှင့် စကားပြောခြင်း အပါအ၀င် ကြည်အောင်၊ စောမင်းဝေ၊ ထိန်လင်း၊ မောင်လူမွှေး၊ မင်းဇင်နှင့် ဇော်ဖန်း အစရှိသည့် စာရေးသူများ၏ စာများကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။
စီစဉ်သူတွေအနက် တာဝန်ခံတွေကတော့ အယ်ဒီတာ ထိန်လင်း၊ ကြော်ငြာ ကျော်သူရနဲ့ Jason ဒီဇိုင်း မိုးကျော်တို့ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဆက်သွယ်ရန် Mingalar Monthly PO Box 17, Daly City, CA 94016, email – bbbmingalar@gmail.com လို့ ဆိုပါတယ်။ လုပ်ငန်းတွေ ကြော်ငြာလိုပါသလား၊ မင်္ဂလာသို့ဆက်သွယ်ပါလို့ ဖိတ်ခေါ်ထားပါတယ်။
         မိုးမခက လက်ခံရရှိထားတဲ့ အီးဘွတ်စာစောင်ကို ဒီကနေ အခြားရပ်ဝေးနဲ့ ပြည်တွင်းပြည်ပ စာဖတ်ပရိသတ်တွေ မြည်းစမ်း ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဖိုးနှုန်းသက်သာစွာနဲ့လည်း စာတိုက်ကနေ မှာကြားလို့ ရမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ဘေးဧရိယာမြန်မာမိသားစုများအတွင်း အခမဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
         သည်နေရာမှာ ရယူပါ – http://www.scribd.com/doc/46997552/mingalar-jan2011

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts