>Di Let Myo – life is such


>

ဘ၀ဆိုတာ ဒါပဲလား ဗိုလ်စံ
ဒီလက်မျိုး
ဇန်န၀ါရီ ၁၈၊ ၂၀၁၁
ဘ၀ဆိုတာ ဒါပဲလား ဗိုလ်စံ …
နှင်းတွေ သိပ်သိပ်သည်းသည်း ကျတယ်၊
မိုးတွေ သည်းသည်းမဲမဲ ရွာတယ်၊
ပူပြန်တော့လည်း အကျီ်မကပ်လောက်အောင် ပူတယ်
လူ့အလို နတ်မလိုက်နိုင်တဲ့ တိုင်းပြည်မှာ
ဘ၀ဆိုတာ ဒါပဲလားဗိုလ်စံ။
ကဗျာဆရာက ကဗျာရေးတယ်
သတင်းသမားက သတင်းလိုက်တယ်
အတင်းသမားက အတင်းပြောတယ်
ဆူရှီသမားက ဆူရှီလိပ်တယ်
ပြောစရာကျန်ခဲ့ရင် ပြောပါဦးဗိုလ်စံ
ဘ၀ဆိုတာဒါပဲလား။
သူငယ်ချင်းသစ်ကောင်းအိမ် ရှိတယ်
အကိုအောင်ဝေး ရှိတယ်
အကိုအောင်သာငယ် ရှိတယ်
ညီလေးကျော်သူမိုးမြင့် ရှိတယ်
ပြီးတော့ ဗိုလ်စံ ရှိတယ်
ပြီးတော့ …
ရှိတော့ရှိခဲ့မှာပေါ့ ဗိုလ်စံရယ်။
ဒါနဲ့တင် ဘ၀ဆိုတာ ဒါပဲလား ဗိုလ်စံ။
ပြန်ပြောင်း သတိရစရာမကျန်သော ခေတ်ကြီးမှာ
ပြန်ပြောင်း သတိရစရာမလိုသော လူတို့ရဲ့ စကားတွေကို
ကျနော်ကတော့ မတင့်တယ်ရိုး အမှန်ပါ။
ကြားဖူးတဲ့စကားတော့ ရှိဖူးပါရဲ့
ကိုယ်လုပ်ကိုယ်ခံ မတောင်းပန်နဲ့
ငါဘုရားသည် အချဉ်မဟုတ်။
ဘ၀ဆိုတာ ဒါပဲလား ဗိုလ်စံ။
ဇန်န၀ါရီ ၅၊ ၂၀၁၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts