>journal pieces on Jan 17

>

ဗီးနပ်စ်၊ အလင်းတန်း ဖြတ်စများ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၁၇၊ ၂၀၁၁


ဗီးနပ်စ် (၁၃.၀၁.၂၀၁၁)

ခုပဲ မင်္ဂလာဆောင်တဲ့မောင်နှံ သမီးလေး ရမယ် ဆိုပဲ
လူတွေများ.. ရှာရှာဖွေဖွေဗျာ.. သမီးလေး မွေးမတဲ့.. ပြေတီဦးတို့ကိုလေ..။ ခက်ပါဘိနော်.. ဖတ်သာကြည့်တော့.. မွေးမဲ့သမီးတောင် နာမည်ကပေးပြီးသား..။ မပြောချင်တော့ပါဘူးဗျာ.. ဗေဒင်ဆရာတွေများ လုပ်တတ်ကိုင်တတ်ပါ့..။

ကိုယ်ဝန်ရခဲ့ပြီး သမီးလေး ဆိုတာ သိရရင်တော့ ဒီဆရာ နာမည် ကြီးအုံးမယ်။ ဒီလ ၂၃ ရက်နေ့မှာလည်း ဒီဆရာရဲ့ အစွမ်းကို သိနိုင်မယ်။ ဒီဆရာက စိုးမြတ်သူဇာ အကယ်ဒမီ ရမယ်လို့ လျှပ်တစ်ပြက် ဂျာနယ်မှာ ဆောင်းပါးရှည်ကြီး ရေးဖူးတယ်။

ဂီရိ မုန်တိုင်းဒေသအတွက် တဲ့
ဒီလိုဆိုတော့ ဟုတ်သွားပြန်ရော.. ဂီရိအတွက် တဲ့.. ပြေတီဦးတို့မောင်နှံက.. စုံတွဲ ဖျော်ဖြေကြပါရောလား..။

ကြုံတုန်း လျှာရှည်လိုက်၊ ဆရာကြီး လုပ်လိုက်အုံးမယ် – သတင်းရေးထားပုံက အုပ်လုံးချုပ်စနစ်အောက်က ပျင်းစရာသတင်းစာတွေနဲ့ စတိုင် တူနေလို့။ ဘာအဖွဲ့ညာအဖွဲ့ ဆိုတာကို သတင်းအဖွင့်မှာ တင်ထားတယ်။ ဘယ်အဖွဲ့က လုပ်လုပ်ပေါ့၊ သတင်းထဲ ထည့်ရေးစရာ မလိုပါဘူးလေ။ ပွဲမိန့်တောင်းတဲ့စာ ဆိုရင်တော့ တမျိုးပေါ့။

စတိတ်ရှိုးကို သံဃမဟာနာယကအဖွဲ့၊ ဗေဒင်ဆရာများအဖွဲ့၊ NLD စသဖြင့်တို့က စီစဉ်တယ် ဆိုရင်တော့ ထူးခြားနေတာမို့ သတင်းအဖွင့်မှာ ရေးပေါ့ခင်ဗျာ။

မင်္ဂလာဆောင်ရောဂါ
မင်္ဂလာဆောင်တာ.. နာမည်ကျော်စုံတွဲ သာမက.. မြွေတွေလည်းပါသေးတယ်တဲ့..။ ကြည့်ပါဦး မင်္ဂလာဆောင် တဲ့ မြွေနှစ်ကောင်ကို..။ ဗေဒင်ဆရာ ဟောက်စားလုပ်လို့ ဆောင်ပေးလိုက်တာ ဆိုပဲ။ သူတို့ကတော့ တကြိမ်ပဲ ဆောင်တယ်လို့ ယူဆရတယ်။


ဘားမားမိတ်
ဗမာဖြစ်ကား စီးကြမလား မိတ်ဆွေတို့..။ အင်း.. စိတ်ဘဲ ထင်လို့လား မသိ.. ကားတွေ ကြည့်လိုက်ရင်.. ဗမာပြည်ဖြစ်ဆို.. ဒါမျိုးတွေဘဲ ခတ်ဆင်ဆင်နော်..။

ကိုရီးယားမြက် ကြိုက်တဲ့ ရွာနွား
ဗမာပြည်က မင်းသားမင်းသမီးတွေ မအားဘူးဗျ.. အကယ်ဒမီပွဲအတွက်.. ပြင်သူကပြင်.. ဟောလိဝုဒ်ကလာငှား လို့ သွားတဲ့သူကသွား.. ဘောလိဝုဒ်မှာ စာချုပ်မိတဲ့သူမိဖြစ်နေကြတယ်။ ဒါနဲ့ မလွှဲမရှောင်သာ ကိုရီးယားမင်းသား မင်းသမီးဘဲ ငှားလိုက်ရတော့တယ်.. ဈေးချိုတာလဲ ပါသပေါ့ဗျာ..။ လုပ်မှာကလဲ အရောင်းစင်တာ ဖွင့်ပွဲ ဆိုတော့ သိတ်လဲ မကြီးကျယ်ဘူးမို့လား..။
တကတည်းဗျာ လွန်လွန်းလှ..။ ကြည့်ကြပါဦး.. ရိုက်ချင်စရာ။ ကင်မရာနဲ့ပြောပါတယ်။

သတင်းဆိုး
အင်း – အဆိုးမြင်ဝါဒီ ဖြစ်နေပြီထင်ပါရဲ့ – ဒီထဲက သတင်းတပုဒ်နဲ့ ပတ်သက်ပြီး လျှာရှည်ရအုံးမယ်။ ခေါင်းစည်း မကြိုက်ဘူး။ ဧည့်စာရင်း စစ်တာကို ကြိုဆိုသလို၊ နှစ်သက်သလို ဖြစ်နေတယ်။ သတင်းကတော့ သတင်းဆိုးပါ။ ကလေးတယောက်ဆို ၁၀ နှစ်ပဲ ရှိသေးတယ်။

ဒီလို အိမ်ဖေါ်တွေကိုနှိပ်စက်တဲ့ သတင်းတွေက နိုင်ငံခြားသတင်း စာမျက်နှာတွေမှာ အဆန်းတကြယ် မဟုတ်တော့သလိုဘဲ။ ယဉ်ကျေးတဲ့ မြန်မာနိုင်ငံနဲ့တော့ မဆိုင်ဘူးမှတ်တာ.. ဒီသတင်းလေး နှစ်ပုဒ် တွေ့တော့မှဘဲ .. ကိုယ်တို့လဲ.. လူယဉ်ကျေးတွေချည့် မဟုတ်တော့ဘူး ဆိုတာ သိလာရတော့တယ်။ ဆင်ခြင်ကြပါလို့ ပြောချင်ရင်းစွဲ နဲ့ တင်ပေးလိုက်ပါတယ်..ဖတ်ကြည့်ပါဦး..။




အလင်းတန်းဂျာနယ် (ဇန်န၀ါရီ ၃)

စောဝေ
သူရေးတဲ့ ဆောင်းပါးထဲမှာ သူ့ရဲ့ လက်ရှိအခြေအနေတွေ ပါဝင်သလို သူကြုံတွေ့ရတာတွေကိုပါ ဖတ်ရမှာပါ။

မြန်မာသံ ရီရီသန့်
ဒေါ်ရီရီသန့်က မြန်မာသံသီချင်း ၀ါသနာပါသူတွေ သင်ကြားဖို့၊ သီဆိုဖို့ ခက်ခဲနေကြကြောင်း ပြောပြထားပါတယ်။ ဒါပေမယ့် မြန်မာသံက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး တဲ့။


ဂီတမိတ်
ဂီတလောကထဲက အပြတ် လှုပ်ရှားနေတဲ့ အဖွဲ့တခုအကြောင်း ရေးထားပါတယ်။ ဂီတကို စိတ်ဝင်စားသူမဟုတ်ရင်တော့ ဖတ်ရတာ ပျင်းစရာကြီး ဖြစ်မယ်လို့ ကြိုတင် အာမခံပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts