>The Voice journal on Jan 3rd

>

ဧရာဝတီ မဂ္ဂဇင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်သူတို့ကို Voice ဂျာနယ်က ဝေဖန်
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၊ ၂၀၁၁

ဇန်န၀ါရီ ၃ ရက်နေ့ ရက်စွဲတပ် The Voice ဂျာနယ်ရှိ ဆောင်းပါး ၂ ပုဒ်တွင် ဧရာဝတီ မဂ္ဂဇင်း နှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးသမားတို့ကို ဝေဖန် ရေးသားထားသည်။


ဆရာ မောင်စူးစမ်း၏ ဆောင်းပါးတို။
ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အစွန်းရောက်သူများ၊ ပြုတ်မနူးများ ဖြစ်သည်ဟု ထိုဆောင်းပါးတွင် ဆိုထားသည်။ “မနူးမနပ် နိုင်ငံရေးဖြစ်သည်ကို လူအများက သိရှိကြသည်” ဟု ရေးထားသည်။


“ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါလျက် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ် ဆိုပြီး ခေါင်းစဉ် ပြောင်းလဲပြောဆို” သော်လည်း နောက်ကျသွားပြီ၊ မှားသွားပြီဟု သုံးသပ်ထားသည်။

The Voice ဂျာနယ်၏ ပဲ့ကိုင် ဒေါက်တာ နေ၀င်းမောင် (ကလောင်အမည် အောင်ထွဋ်) ၏ ဆောင်းပါး။

သူ၏ ဆောင်းပါးတွင် ဧရာဝတီ မဂ္ဂဇင်းက သူ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ရေရှည် ပြုလုပ်ခဲ့သည်ကို ၀မ်းနည်းစွာ တွေ့ရသည်ဟု ရေးထားသည်။
သူ့ကို တိုက်ခိုက်သူ အရေအတွက်မှာ လက်တဖက်စာပင် မပြည့်ကြောင်း၊ နောင်နှစ်ပေါင်း ၂၀ ခန့် ကြာလျှင် သူ၏ အယူအဆများကို ပို၍ သဘောပေါက်လာကြလိမ့်မည်ဖြစ်ကြောင်းလည်း ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts