>Rgn electricity, Burmese Saing Waing – –


>

လာပြန်ပြီ ဒီ မီး၊ ဆိုင်းဝိုင်းထဲ ပြင်ပတူရိယာ မ၀င်ရ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၁၉၊ ၂၀၁၀


ဂျာနယ်ထဲက ဒေါ်အောင်ဆန်းစုကြည် (Venus News ဂျာနယ်- ဒီဇင်ဘာ ၁၆)
ဘယ်အချိန်ကြည့်ကြည့် မြင်ရသူတွေ အတွက်မရိုးနိုင်အောင် အချစ်ပိုရတဲ့ သားအမိလေး နှစ်ယောက်..။ ကြည့်ဦး.. ပျော်တယ် တဲ့လေ..မေမေက..။ ဒါပေါ့.. ဒီတခွန်းထဲနဲ့ကို တဘ၀လုံး ပြည့်စုံမတတ် ရည်ညွှန်းသွားခဲ့ရှာတာ..။ ဂျာနယ် အတော်များများ နောက်ကျကြရှာတယ်.. ဒီသတင်းကို ထည့်ဖို့လေ..။



မြန်မာသင်္ဘောသားများ ပြန်ပေးဆွဲခံရ (Venus)
မြန်မာသင်္ဘောသားတွေ ဆိုမာလီ ပင်လယ်ဓါးပြ လက်ထဲ ပါရရှာပြန်ပြီ..။ တို့အစိုးရကတော့ ကယ်ဆယ်ရေး လုပ်မှာ မဟုတ်၊ ရူးချင်ယောင် ဆောင်ပြီး ထုံပေပေ ရူးပေါပေါ လုပ်နေဦးမှာ။ သင်္ဘောကုမ္ပဏီက ဘာလုပ်ပေးမလဲဘဲ စောင့်နေကြရရှာမယ့် သုတို့မိသားစုတွေခမြာ.. ရင်တမမ မျှော်နေရုံသာ..။ ကယ်ကြပါဦး..။



တွေးစရာ ကာတွန်း (Venus)
ကာတွန်းလေးက မရဲတရဲနဲ့ ဆွဲထားရရှာတာ.. စဉ်းစားလေလေ တရေးရေး ပေါ်လေပါဘဲ..။ စိတ်ထဲမကောင်းလွန်းလို့ အပြင်ကလူတွေ သိရအောင်.. တို့အားလုံးဟာ..မှာ ရင်ထဲရှိတာလေးတောင် ပေါ်လွင်အောင် မပြောရဲ.. မရေးရဲတဲ့ဘ၀ ဆိုတာကိုလေ..။



“မီး — လာမှာပါ ဦးရယ်” တဲ့ (Messenger ဂျာနယ် – ဒီဇင်ဘာ ၁၃)
လျှပ်စစ်မီး အကြောင်း ဂျာနယ်တွေကတော့ တပ်လှန့်နေပါပြီ..၊ ကဲ .. ကဲ .. ကိုယ့်လူတို့ .. မီးစက်တွေ စစ်ဆေးကြ..၊ ဘက်ထရီတွေ ကောင်းရဲ့လား..၊ အင်ဗါတာက ပုံမှန် အလုပ်လုပ်ရဲ့လား..၊ မီးတွေပျက်တော့မယ် ပေါ့နော်..။ ဟီးဟီးး (မချိသွားဖြဲရယ်သံ)..။

ကိုယ်တို့နားလည်ထားတာက အစိုးရက “ဟင့်အင်း..ဟုတ်ပါဘူး” လို့ပြောပြီဆိုရင် သေချာတယ် ‘အင်း…’ ဆိုတာ..။ အင်း…

လောလောဆယ် ရန်ကုန်မီးက အချိန်ပြည့်တော့ မဟုတ်၊ လာလိုက် ပျက်လိုက်ဘဲ။ ပုံမှန် ပြတ်တာမျိုး မရှိ။ သို့သော် မီးအားတော့ ကျတယ်။ မီးမြှင့်စက်သုံးရတယ်။


ဆိုင်းဝိုင်းထဲ ကီးဘုတ်၊ ဂစ်တာ မ၀င်ရ (Messenger)
မြန်မာ့ဆိုင်းဝိုင်း ကို တိုင်းတပါး ဒူရိယာ မနှောရဘူးတဲ့..။ ကိုင်း.. ဒီလောက်တောင်ဘဲဗျ..။ သြချ…။ အော်ဒါ အောက်ထားတာ ကြာဘီ ဆိုပေမယ့် လိုက်နာမှု အားနည်းနေတုန်း တဲ့။ ရောရေး မရောရေး ဆိုတာလည်း အငြင်းပွားစရာအရေးတခု ပါပဲ။


ရန်ကုန်ရနံ့ ရစေမယ့် ဆောင်းပါး ၂ ပုဒ် (Messenger)
“အချိန်နဲ့ စိတ်ကျေနပ်မှုကို ၀ယ်ယူခြင်း” က စိတ်မရှည်တတ်သူများအတွက်.. ဒါတွေက ဆုံးမစာ သံပေါက်တွေ နဲ့ တူနေပါလိမ့်မယ်..။

“အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်” က စုံလဲ စုံသလို ကိုယ်တိုင် လိုက်ကြည့်နေရသလိုမျိုး အတူ ပါသွားတယ်လေ။ အရေးက သွက်သကိုးကွာ။ အဆုံးသတ်ပုံလေးကလည်း စိတ်ဝင်စားစရာ။




မသန်စွမ်းလူဦးရေစာရင်း (Messenger)

စိတ်ဝင်စားမယ်ထင်လို့..။



ချမ်းလာပြီ၊ ဘာတွေ ၀တ်ကြသလဲ (စောင့်ကြည့်ဂျာနယ် – နိုဝင်ဘာ ၂၄)

ပြည်ပရောက် မြန်မာပြည်သားတွေ ချမ်းရင် ဘာဝတ်ကြသလဲ။ ဒီမှာတော့ လေဘေးထည် အရောင်း သိပ်သွက်။



ပါရဂူ မွေးနေ့ (စောင့်ကြည့်ဂျာနယ် – နိုဝင်ဘာ ၂၄)
ဆရာပါ အသက် ဘယ်လောက် ရှိပြီလဲ မသိပါဘူး။ ထည့်ရေးဖို့ မေ့သွားတာ ဖြစ်မယ်။ ဆရာပါက မြန်မာပြည်က မင်းသမီးမင်းသား အဆိုတော်တချို့လို အသက်ကို လဝ လုပ်ထားမယ် မထင်။



လူထုစိန်ဝင်းကိုမှ သွားပြောရတယ်လို့ (စောင့်ကြည့်ဂျာနယ် – နိုဝင်ဘာ ၁၁)

လူထုစိန်ဝင်း ဆောင်းပါးတွေ ထိုင်ပြီး ညွှန်းသလို ဖြစ်နေပြီ။ အင်း – သူကလည်း ရေးအား ကောင်းသကိုး။

သတင်းတပုဒ်ကို ဂျာနယ်တွေမှာ မထည့်ကြအောင် တားဖို့ သူ့ကို လာပြောပါသတဲ့။ ဆရာက ဘာဆက်ပြောတယ် ထင်ပါသလဲ။ ဒါနဲ့ပဲ ဒီဆောင်းပါးဖြစ်လာပါတယ်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts