>Fund Rasing for Project Help Burma held yesterday

>

Project Help Burma ရန်ပုံငွေ ဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပပြီးစီး
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၃၊ ၂၀၁၀
ယမန်နေ့ နေ့ခင်းက ဘေးဧရိယာ၊ နယူးအခ်မြို့ ခမ်းမဆောင်တွင် မြန်မာကွန်မြူနီတီတို့ စုဝေးသော ဈေးရောင်းပွဲတော်တခု ကျင်းပခဲ့သည်။ ၎င်းဈေးရောင်းပွဲတော်ကို Project Help Burma အမည်ရှိ မြန်မာလူမှုရေး တက်ကြွသူတို့က စုပေါင်းကျင်းပခြင်းဖြစ်သည်။ ထိုရန်ပုံငွေပွဲတော်က ရရှိသော အလှူငွေတို့ကို မြန်မာပြည်တွင်းရှိ လူမှုရေး၊ ပညာရေး ထောက်ပံ့ကူညီမှု အရေးများတွင် သုံးစွဲမည် ဖြစ်သည်။ ယခု ရန်ပုံငွေပွဲတော်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန်နှစ်ကလည်း အလှူပွဲတော် ကျင်းပခဲ့သည်။

 အလှူရှင်ဈေးဆိုင်ပေါင်း ၁၉ ဆိုင်နှင့် ပွဲတော်ကို ကမထကပြု လှူဒါန်းသည့် လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ ၁၀ဦးခန့် ရှိသည်ဟု သိရသည်။

   မြန်မာ့ ဂီတ၊ အလှ၊ အဆို အက တို့ဖြင့် ပရိသတ်အလှူရှင်များကို ဖျော်ဖြေခဲ့ရာ ဧည့်သည်အဆိုတော် မီမီဝင်းဖေ၊ ဧည့်သည်စာရေးဆရာ ဒေါက်တာခင်မောင်ညိုတို့နှင့်အတူ အိမ်ခံ အနုပညာဝါသနာရှင်များ၊ လူငယ်မျိုးဆက်သစ်များကလည်း သီဆို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။ 
စုစုပေါင်း ရန်ုပုံငွေအလှူ အမေရိကန်ဒေါ်လာ ၇ ထောင် ကျော် လက်ခံရရှိသည်ဟု ဆိုသည်။ 
 
အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ တခုဖြစ်သော မဖြူဖြူသင်းဦးဆောင်သည့် HIV/ AIDS လူနာများစောင့်ရှောက်ရေး ဂေဟာသတင်းများနှင့် မြန်မာပြည်တွင်းက ၀ိုင်းဝန်းကူညီလှူဒါန်းမှုများကို နံရံကပ် ပိုစတာများနှင့် ခမ်းမတနေရာတွင် တင်ဆက်ပြသထားသည်ကိုလည်း တွေ့ရသည်။ ထိုပြပွဲသီးသန့်ကလည်း အလှူငွေ အမေရိကန်ဒေါ်လာ ၂၂၀ ရရှိခဲ့သည်ဟု ဆိုသည်။ 
 
ပြည်သူ့ဂုဏ်ရည် – ဆန်ဖရန်အဖွဲ့သားများကလည်း အဆိုပါရန်ပုံငွေ အလှူပွဲတော်တွင် လုပ်အားဒါန၊ အလှူဒါနအဖြစ် လဘက်၊ ဂျင်း သုပ် အရောင်းဆိုင်ဖွင့်လှစ်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts