>Myo Myint Cho – Gossip


>

အတွင်းဝင်တိုက်မည့်သူများအကြောင်း အတင်းပြောကြည့်မိ
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၊ ၂၀၁၀
စစ် အစစ်ဆိုလည်းကောင်းသား…
ကိုယ့်အလောင်း သူများကောက်မယ်
ပြီးရင် အလံလွှမ်းမယ်
ပြန်တမ်း ဖတ်မယ်
သေနတ်စိုက် ဆလုရိုက်မယ်
ဗလာကျည်တုနဲ့ ဂုဏ်ပြုတော့ခံရဦးမယ်..။
သူ့လောက် မရဲမကောင်းလို့ပါ ဆိုပြီး…
ဖဲကြိုးတပ်သတ္ထုပြားကို
ရင်ဘတ် ဒါမှမဟုတ် နံရံမှာကပ်ပေးမယ်
ကတ္ထူချပ်အက္ခရာထွင်း မှန်ဘောင်သွင်းပြီး
ဧည့်ခန်းဆောင်မှာထောင်ပေးမယ်
ကံကောင်းရင်
ငွေ- စက္ကူလေးဘာလေး
မျှော်လင့်လို့ရသေးတယ်
ဆောင်းဘောက်စ်နဲ့ စာရွက်ပေါ်မှာ
နာမည်ခေါ်သံတော့ကြားရဦးမယ်
(ကာလတခုထိပေါ့လေ)
လက်တွေ့မှာ
ကျည်သင့်တာရော
ဝိညဉ်လွင့်သွားတာရော အမှန်ပဲ
ဖြစ်ပုံက
လေ့ကျင့်ရေးသေနတ်နဲ့
ဂုဏ်ပြုတပ်ဖွဲ့မှာ ဝင်တိုက်ပေးမယ့်သူ
စစ်ကူစောင့်ရင်း ကျသွားတာဆိုတော့….

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts