>Moemaka Quotes for Nov 2010

>

မိုးမခ၏ နိုဝင်ဘာလ စာကိုး၊ စကားကိုး
နိုဝင်ဘာ ၂၈၊ ၂၀၁၀


သည်းခံခွင့်လွှတ်ခြင်းအားဖြင့် အမှား နည်းပါတယ်။ အဓိက ကတော့ မေတ္တာတရားနဲ့ပဲ အနိုင်ယူတာ ကောင်းပါတယ်။ ဘုရားသခင်တောင် မေတ္တာတရားနဲ့ အနိုင်ယူခဲ့တာပဲ။ ကျွန်တော် ဒေါသထွက်ရင် ဖုန်းကို ကိုင်ပေါက်ပစ်လိုက်လို့ ဟန်းဆက် လဲရတာလဲ တော်တော် များနေပြီ။
နေတိုး၊ သရုပ်ဆောင်
The Myanmar Post ဂျာနယ်၊ နိုဝင်ဘာ ၃
———————————
ကျနော်လည်း ပေါင်းလာခဲ့တာ ၁၅ နှစ်လောက် ဆိုတော့ ကျနော် ကြည့်တာ (စစ်အစိုးရတပ်က ရဲဘော်တွေဟာ) ရုပ်ပျက်ဆင်းပျက် ဘောင်းဘီက သုံးထပ်ပေါ်၊ ဆေးလိပ်လည်း သောက်စရာ မရှိနဲ့၊ ဆန်ကလည်း သုံးပိုင်းကျိုး၊ ပဲကလည်း ပိုးထိုးနဲ့ နောက်ပြီးတော့ လစာလည်း မလောက်နဲ့ နောက်လိုက်က ကျနော် သနားတယ်။
ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလဘွယ် (ခေါ်) နှုတ်ခမ်းမွေး
DVB သတင်းဌာန၊ နိုဝင်ဘာ ၂၂
———————————


ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေ အဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက် တလှည့်စီ NLD ရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။
ကြည်ဝေ၊ ဆောင်းပါးရှင်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂
———————————

(၂၀၁၀ ရွေးကောက်ပွဲအတွက်) ကြိုတင်ဆန္ဒမဲများသည် ပြည်သူတို့၏ ဦးနှောက် နှင့် နှလုံးသားမှ မဲများပင် ဖြစ်သည်။
ဥပဒေ လေ့လာသူ တစ်ဦး၊ ဆောင်းပါးရှင်

ကြေးမုံသတင်းစာ၊ နိုဝင်ဘာ ၁၅
———————————

ကြံ့ဖွံ့ပါတီရဲ့ အောင်မြင်မှုက အံ့မခန်းပဲ။ နိုင်ငံတကာနဲ့ ယှဉ်ရင် ဂင်းနစ် စံချိန်တင်လောက်တယ်။ ပြီးတော့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကြိုတင်မဲပေး စနစ်မျိုး ဒီမှာ ရှိနေတာကလည်း အရမ်း ထူးခြားတယ်။ ကမ္ဘာ့ အံ့သြဖွယ် ရွေးကောက်ပွဲနဲ့ မယုံကြည်နိုင်လောက်သော အောင်မြင်မှုတွေပဲ။ ပါတီတာဝန် ရှိသူတွေက ဂင်းနစ်မှတ်တမ်း ဝင်အောင် ဆက်သွယ် လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်။
ရန်ကုန် တက္ကသိုလ် ဆရာတဦး
ဧရာဝတီ၊ နိုဝင်ဘာ ၂၂
———————————

အခြေခံလူတန်းစား နဲ့ လူလတ်တန်းစားတွေက ဘာလို့ ထားသင့်သလဲ ဆိုတော့ ဥပမာ မီးလောင် တာပဲဖြစ်ဖြစ်၊ သဘာဝ ဘေးအန္တရာယ်ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးသွားရင် အစကနေ ပြန်စရမယ်။ အာမခံထား တယ်ဆိုရင် လျော်ကြေး ပြန်ရတော့ လုပ်ငန်းတစ်ခု ပြန်စဖို့ မျှော်လင့်ချက်ရှိ တယ်။
ဦးအောင်စိုးဦး၊ W.E.S. အာမခံ ဝန်ဆောင်မှုကုမ္ပဏီ
Ecovision ဂျာနယ်၊ နိုဝင်ဘာ ၅
———————————


ဘယ်တုန်းကမှလည်း နိုင်ငံရေးပါတီ မထောင်ခဲ့ပါဘူး။ နိုင်ငံရေးပါတီထဲလည်း မ၀င်ခဲ့ပါဘူး။ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာပြည် နိုင်ငံရေးကိုတော့ စိတ်ဝင်စားပါတယ်။
ညိုမင်းလွင်၊ ရုပ်ရှင် ဒါရိုက်တာ
လျှပ်တစ်ပြက် ဂျာနယ်၊ နိုဝင်ဘာ ၁၂
———————————


ကျွန်တော်တို့ စထူထောင်ခါစက ရပ်ကွက်ကလူတွေက ရွံ့မုန်းကြတယ်။တချို့ ဘေးအိမ်တွေဆို သူတို့ အုတ်နံရံတွေမှာ ‘ခေါင်းထောင် မကြည့်နှင့်။ လောက်လေးစာမိမည်’ ဆိုပြီး မီးသွေးတွေနဲ့ ရေးထားတယ်။ စကားတွေ ဘာတွေလည်း မပြောကြဘူး။ ကျွန်တော် တို့ကတော့ သူတို့တွေ ဒီရောဂါ အကြောင်း သေချာမသိသေးလို့ပဲ ဆိုပြီး အပြစ်မမြင်ပါဘူး။
ဦးခင်သိန်း၊ Phoenix အေ့ဒ်စ်ရောဂါသည် စောင့်ရှောက်ရေး အဖွဲ့၊ လှိုင်သာယာ
မြန်မာတိုင်းမ်၊ နိုဝင်ဘာ ၁၆
———————————

(အိပ်ခ်ျအိုင်ဗီပညာပေး ဇာတ်ကားတချို့မှာ) ဒီရောဂါပိုး သွေးထဲမှာတွေ့တယ် ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ဒါရိုက်တာရဲ့ ရိုက်ချက်တွေ၊ နောက်ခံ တီးလုံးတွေက ကြောက်စရာပုံစံ ဖြစ်နေစေတယ်။

ဒီဇာတ်ကားတွေရဲ့ သက်ရောက်မှုက ပြည်သူလူထုကို ဒီရောဂါကြီးကကြောက်စရာ၊ ရွံမုန်းစရာဖြစ်အောင် တွန်းအား ပေးနေတယ်။ အိပ်ခ်ျအိုင်ဗီဆိုတာ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ် ဆေးထိုးအပ် မျှဝေ သုံးစွဲခြင်းကလွဲရင် မကူးနိုင်ဘူး။ ချွေးက တစ်ဆင့်၊ သွေးက တစ်ဆင့်ကူးတဲ့ အသည်းရောင် အသားဝါ ရောဂါတွေကိုတော့ လူထုက မကြောက်ကြဘူး။ သတိမပြုကြဘူး။
ဆရာဝန်တဦး
မြန်မာတိုင်းမ်၊ နိုဝင်ဘာ ၁၆
———————————-

(မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့) ဝေဒနာရှင်တွေ နေနေတဲ့ ဒီလိုနေရာတွေ ရှိနေတယ် ဆိုတာ ကျနော်တို့ မသိရဘူး။ ဒီလိုပဲ တခြားသူတွေ များများသိဖို့လိုတယ်။ ဒိလိုကိစ္စတွေအတွက် ရဲရဲဝံ့ဝံ့နဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သတင်းစာတွေကနေ တဆင့် အလှူခံခွင့် ရှိရမယ်။ ကျနော့်အနေနဲ့ ပြောချင်တာတခုရှိတာက နိုင်ငံရေးဆိုတာကို မကြည့်စေချင်ဘူး။ တခုခုဆို ဒီလူနာတွေ အရင်ထိမှာပဲ။

ကျနော်ကိုယ်တိုင်လည်း နိုင်ငံရေးအနေနဲ့ သွားတာ မဟုတ်သလို အနုပညာရှင် တယောက်အနေနဲ့ သွားတာလည်း မဟုတ်ဘူး။ ဆရာဝန်တယောက်အနေနဲ့ သူတို့ ဘာတွေ လိုအပ်လဲဆိုတာ ကျနော် အရမ်း သိချင်တယ်။ ကိုယ်တိုင် သွားကြည့်မှ သိရမယ့် အခြေအနေ ဖြစ်နေတယ်။ ကျန်တဲ့ အပိုင်းတွေကို ထည့်မတွက်ရင် အကောင်းဆုံးပဲ။
အဆိုတော် ဟန်ထူးလွင် (ကျားပေါက်)
ဧရာဝတီ၊ နိုဝင်ဘာ ၂၇
———————————-


ရော့ခ်က ကိုယ့်အသံနဲ့လည်း လိုက်တယ်။ ဆိုရတာလည်း အားရတယ်။ ဒါကြောင့် ရော့ခ်ကိုပဲ ရွေးလိုက်တာပါ။
လိမ္မော်သီး၊ အဆိုတော်
အလင်းတန်းဂျာနယ်၊ နိုဝင်ဘာ ၁၇
———————————

face book ၏ အခမဲ့ အီးမေး သည် မိမိကြိုက် နှစ် သက်ရာ နာမည် နှင့် ယှဉ်တွဲပြီး ဖွင့် နိုင်သည် ဟု သိရသည်။
ဥပမာ.. killerthanshwe@facebook.com နှင့် ချီးပေ သိန်းလင်း chepaetheinlin@facebook.com မျိုး မိမိ ကြိုက် နှစ် သက်သည့် နာမည် ယှဉ်တွဲ ယူနိုင်သည် ဟု သိရသည်။

နိုင်ငံတကာတွင် hot mail သုံးစွဲသူ ၃၆၂ သန်း၊ yahoo mail သုံးစွဲသူ ၂၇၃ သန်း နှင့် gmail သုံးစွဲသူ ၁၉၃ သန်း ကျော်ရှိသည်။
Freedom News Group
freedomnewsgroup.com နိုဝင်ဘာ ၁၆
———————————–


ပြည်သူလူထုရဲ့ ဘုံရန်သူ၊ စစ်တပ်ရဲ့ ဘုံရန်သူ ဆိုတာ ကြံ့ဖွံ့ပါတီ ဖြစ်တယ်။
ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်
ဘီဘီစီ၊ နိုဝင်ဘာ ၁၀
———————————-


လူသိပ်မသိတဲ့၊ စစ်တပ်က လက်သပ်မွေး ထောက်ပံ့ထားတဲ့ လက်ဝေခံတွေလည်း ရှိပါတယ်။ စစ်အစိုးရလက်စွဲ “အရပ်ဘက် လူ့အဖွဲ့အစည်း” ဆိုတဲ့ အီးဂရက်စ် (Egress) လိုမျိုးပေါ့။ ဒီလူတွေ အကျိုးစီးပွားက စစ်တပ်ဗိုလ်ချုပ်တွေနဲ့ ဒွန်တွဲနေတာကတော့ ဘာမှ အံ့သြစရာမရှိပါဘူး။ သူတို့ထဲက တချို့က တိုင်းပြည်အတွက် စေတနာကောင်းတွေရှိမှာ မယုံမရှိပါဘူး။ အများစုကလည်း တိုင်းပြည်ရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေကို ကြောင့်ကြနေကြပါတယ်။ ဒါပေမယ့် သူတို့မှာလည်း စစ်အစိုးရအမိန့်တော် နာခံပြီး အလိုတော်ရှိတဲ့ အခါတိုင်း ဗိုလ်ချုပ်ကြီးများ “သြဝါဒ” ကို နာခံဖို့ သစ္စာရှိရှိ ထမ်းရွက်ဖို့ကလွဲရင် ဘာမှ ရွေးလို့ မရပါဘူး။
ဒေါက်တာ ဇာနည်
ဧရာဝတီ၊ နိုဝင်ဘာ ၆

———————————-


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts