>Artists visited shelter for people living with HIV

>

ကဗျာ၊ ဂီတ၊ ပန်းချီ လောကသားများ မဖြူဖြူသင်း၏ လူနာများထံ သွားရောက် အားပေး
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၈၊ ၂၀၁၀
http://www.demowaiyan.co.cc/2010/11/hiv_29.html
သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ ဂေဟာတွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေပုံ

ကိုတိုးလွင် (ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့က ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ ၂၀ ခန့်က NLD က ဖွင့်လှစ်ထားသည့် HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ ယနေ့ သွားရောက်ပြီး အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ စာအုပ်များ လှူဒါန်းကြသည်။ ထိုဂေဟာကို NLD မှ မဖြူဖြူသင်းနှင့် လူငယ်များက ဦးစီးလျက်ရှိသည်။

လာမည့် ကြာသပတေးနေ့တွင် ကျရောက်မည့် WORLD AIDS DAY အစီအစဉ်ကို ရွှေဂုံတိုင်ရှိ NLD ရုံးတွင် ကျင်းပပြုလုပ်မှာ ဖြစ်သည်။ ထိုနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား လှူဒါန်းပြီး ရန်ကုန်တွင် ရောက်နေသည့် သားငယ် ကိုထိန်လင်းက HIV ဝေဒနာရှင်များကို ဂစ်တာတီးခတ် ဖျော်ဖြေမည်ဟု သိရသည်။

မကြာသေးခင်ကလည်း ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့ကလည်း တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များထံသို့ သွားရောက်ပြီး အ၀တ်အစားများ၊ အလှူငွေများ လှူဒါန်းခဲ့ကြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts