>Ni Lwin Thwe (Dathanika) – Lt. Commander Soe Reh

>

ကရင်နီပြည်မှ ကြယ်နီတပွင့်
နီလွင်သွေး(ဒဿနိက)
နိုဝင်ဘာ ၁၂၊ ၂၀၁၀

ကရင်နီပြည်မှ
ကြယ်နီတပွင့်
ကြွေလွင့်ခဲ့ပေါ့။

အသက် လေးဆယ့်ခြောက်နှစ်
တော်လှန်ရေးခရီး နှစ်သုံးဆယ်
ဆယ့်ငါးနှစ်အရွယ်မှာ သူပုန်စဖြစ်
တော်လှန်ရေးအပေါ် သစ္စာတည်ပုံက
ကရင်နီတပြည်လုံး ယူကြုံးမရ
သမိုင်းတွင်ခဲ့ရတဲ့ တိုက်ပွဲမှာ
မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်။

ရဲဘော်
သင့်ရဲ့အသက်ခန္ဓာ
ကျဆုံးသွားပါသော်ညား
သင့်ရဲ့အမည်နာမ
ဘယ်တော့မှမသေ
ကရင်နီပြည်သမိုင်းမှာ အမြဲရှိနေလိမ့်မယ်။

“ငါ ရဲဘော်ပဲ လုပ်တတ်တယ်” တဲ့
အဲဒီ ရာဇဝင်မှတ်တမ်း
သူ့ရဲ့သမိုင်းဖြတ်သန်းမှုရုပ်ပုံလွှာ
မြန်မာတပြည်လုံး ငြိမ်းချမ်းရေး
သူ့ရဲ့အသက်သွေးနဲ့
စတေးပေးလှူခဲ့။

ရဲဘော်ရဲ့
လူမျိုးအပေါ်ထားတဲ့စိတ်ဓာတ်က
သူ့သမီးတွေရဲ့အနာဂတ်ကို
ကရင်နီပြည်သူတွေအတွက် ဖြတ်သန်းဖို့
ပိုင်းဖြတ်ထားပုံက
ကရင်နီပြည်သူတွေအပေါ်
ရဲဘော်ရဲ့ပေးဆပ်မှုနဲ့တင် မလုံလောက်လို့
သမီးတွေကိုပါ ပုံအပ်ခဲ့တယ်။

ရဲဘော်ရေ
ကရင်နီပြည်ရဲ့
သမိုင်းဝင် လီပီချိုတောင်တန်းပေါ်မှာ
ငြိမ်းချမ်းစွာ အိပ်ပျော်ပါတော့။ ။

နိုဝင်ဘာ ၃၊ ၂၀၁၀ (စနေနေ့)


ဗိုလ်စိုးရယ် (ဓာတ်ပုံ – ကေတီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts