>Australia complains to SPDC after journalists deported

>

သတင်းသမား ၂ ဦး ရန်ကုန်မှ နှင်ထုတ်ခံရမှု ၾသစေတ်းလ် အစုိးရ ကန့်ကွက်
AFP သတင်းဌာန
နိုဝင်ဘာ ၁၂၊ ၂၀၁၀

မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Hugh Piper နှင့် ထုတ်လုပ်သူ Helen Barrow


သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး လေ့လာနေသော ၾသစေတ်းလ် သတင်းသမား ၂ ဦးကို နှင်ထုတ်မှုအတွက် ၾသစေတ်းလ် အစုိးရက ျမန္မာအစုိးရကုိ ကန့်ကွက်ထားကြောင်း သိရသည်။

ထို သတင်းသမားတို့မှာ ABC သတင်းဌာနအတွက် လုပ်ပေးနေသူများ ဖြစ်ကြောင်း၊ ၾသစေတ်းလ် နိုင်ငံသားတို့ကို ဖမ်းဆီးရာတွင် အကြောင်းမကြားသည့်အတွက် ကန့်ကွက်ထားကြောင်း ၾသစေတ်းလ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အရာရှိက ယနေ့ ပြောပြသည်။

ထိုဖြစ်ရပ်အတွက် ၾသစေတ်းလ် အစုိးရက စိုးရိမ်ကြောင်း၊ နှင်ထုတ်ခံရသည့် သတင်းသမားများကို ကောင်စစ်ဝန်ရုံးအရာရှိတို့က တွေ့ခဲ့ကြောင်း၊ အန္တရာယ်ကင်းပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ဟု အတည်ပြုကြောင်း သူက ပြောသည်။

ABC သတင်းဌာနကမူ ထို ၂ ဦးမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Hugh Piper နှင့် ထုတ်လုပ်သူ Helen Barrow တို့ ဖြစ်သည်ဟု ဆိုသည်။ ၂ ဦးစလုံး မြန်မာပြည်တွင် ရက်ရှည် နေထိုင်ခွင့် ရထားသူများဖြစ်သည်ဟု ဆိုသည်။

ဘန်ကောက်တွင် ရောက်နေသူ Hugh Piper က ABC သတင်းဌာနကို “မြန်မာတိုင်းမ် သတင်းတိုက်မှာ အစိုးရနဲ့ ဆက်သွယ်ရတဲ့သူတချို့  ရှိတယ်။ သူတို့ ပြောတာက ကျနော် ဟိုတယ်ကို ချက်ချင်း ပြန်မှ ဖြစ်မယ်။ ဟိုတယ်မှာ လ၀က အရာရှိပေါင်းစုံ စောင့်နေလိမ့်မယ်။ လေဆိပ်ကို ခေါ်သွားပြီး နိုင်ငံကနေ နှင်ထုတ်လိမ့်မယ်။ အဲဒါ မြန်မာအစိုးရရဲ့ ဆန္ဒပဲ တဲ့” ဟု ရှင်းပြသည်။

ထိုဖြစ်ရပ်အတွက် မြန်မာအစိုးရက အကြောင်းပြချက် မပေးဟု ဆိုသည်။ သို့သော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ပသတင်းသမားတို့ သတင်းပို့မည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟု Hugh Piper က ယူဆသည်။

တနင်္ဂနွေနေ့ကလည်း ဂျပန် သတင်းသမားတဦး မြန်မာပြည်မှ နှင်ထုတ်ခံရသည်။ မြန်မာပြည်တွင် အစိုးရက မီဒီယာကို ချုပ်ချယ် ထိန်းချုပ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts