>Maung Maung One Article for Daw Su – 2

>

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း – ၂)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၂၊ ၂၀၁၀

ကျနော့်ခေါင်းတွေ တော်တော်ကြီးသွားတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒါနဲ့ အိမ်ထဲကို ပြေးဝင်သွားတော့ အန်တီက ဒေါ်မြင့်မြင့်ကြွေနဲ့ စကားပြောနေတယ်။ ကျနော် ထပ်ပြောရကောင်း၊ မပြောရကောင်း စဉ်းစားနေရင်းက ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) က ဘေးနားရောက်လာတယ်။ အကြောင်းစုံကို ဘကြီးမိုးကို ပြောပြလိုက်တယ်။ ပြောလို့မှ မဆုံးခင် ကျောင်းသားအုပ်ကြီးက ဒေါ်မြင့်မြင့်ကြွေ အိမ်ရှေ့ကို ရောက်လာကြပြီး ဒေါသသံတွေ အော်ဟစ်သံတွေနဲ့ လုံးထွေးနေတဲ့အသံတွေက မိုးမွှန်လို့ ထွက်လာလိုက်တာ — —။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts