>Unrest in Myawaddy border town …

>

မြ၀တီမြို့တွင် လက်နက်ကိုင်တပ်များ ပစ်ခတ်မှုဖြစ်ဟုဆို၊ မွန်အမျိုးသားပါတီ နယ် ၅ မြို့တွင် နိုင်နေ
မိုးမခအထောက်တော် ရန်ကုန်
နိုဝင်ဘာ ၈၊ ၂၀၁၀
ယမန်နေ့ကတည်းက မြန်မာပြည်နှင့် ထိုင်းနယ်စပ်၊ ကုန်သည်မြို့တခုဖြစ်သော မြ၀တီမြို့တွင် စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယနေ့နံနက်တွင် လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။
မျက်မြင်တို့၏ ဖုန်း သတင်းများအရ စစ်အစိုးရနှင့် အပစ်ရပ်ထားသော ဒီကေဘီအေ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က မြ၀တီမြို့တွင် စစ်အစိုးရတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဆိုသည်။
ယနေ့မနက် ရရှိသော သတင်းများအရ မွန်ပြည်နယ် နယ်များတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲရုံတွင်း တိုက်ရိုက်ရရှိသော မဲအရေအတွက်အားဖြင့် အနိုင်ရနေသည်ဟု ဆိုသည်။ ဘီလူးကျွန်း ၂ မြို့နယ်၊ မုဒုံ ၂ မြို့နယ်၊ ကျိုက်မရော ၁ မြို့နယ်တို့တွင် အနိုင်ရရှိနေသည်ဟု ဆိုပြီး မော်လမြိုင်မြို့ပေါ်တွင် လွှတ်တော် ၃ နေရာ စလုံးမှာတော့ ကြံ့ဖွံ့ပါတီကို ရှုံးသည်ဟု သိရသည်။
မဲပေးသူအချို့က ၎င်းတို့သဘောထားကို ထုတ်ဖော်ပြောဆိုရာတွင်
“ မဲမပေးဘူးလို့ သပိတ်မှောက်ထားတာကတော့ အဓိက လှုပ်ရှားမှုပေါ့နော်။ ဒါပေမယ့် မဲရုံတွေမှာ စစ်အစိုးရနဲ့ ကြံ့ဖွံ့တွေ ဘယ်လောက်အထိ ယုတ်မာမလဲ၊ မသမာမှုတွေ လုပ်သလဲ ဆိုတာကို မျက်ဝါးထင်ထင် သက်သေရှိဖို့အတွက်ကို ကျနော်တို့က မဲသွားပေးတာ ဖြစ်တယ်။ တချို့ဆိုရင် မဲစာရင်းထဲမှာ မပါဘူး။ ပြောပြလဲ ဘာမှ လုပ်မပေးဘူး။  မဲပေးပေး မပေးပေး မဲရုံတာဝန်ခံတွေက မဲပေးသူတွေကို ဂရုတောင် မစိုက်ဘူး။ အဲသလိုမျူိုး ပြုမူဆက်ဆံနေတယ် ဆိုတာ ကျနော်တို့ ကိုယ်တွေ့ ပါပဲ” ဟု ပြောကြားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts