>APK’s cartoon Nov 7

>

Cartoon APK လတ်လတ်ဆတ်ဆတ်
နိုဝင်ဘာ ၇၊ ၂၀၁၀


ကာတွန်းနှင့် မှတ်ချက်များကို APK Fan Page in FaceBook မှ ယူသည်။


အဖြေကို လူတိုင်းသိပြီးသားပါ။
တကယ့်တန်ဖိုးက အဖြေမဟုတ်ဘဲ၊ အဖြေရအောင် ဘယ်လိုတွက်ချက်ခဲ့တယ် ဆိုတာပဲ။ သိတဲ့သူ ရှိရင် ကြိုတင်မဲ ထည့်မရေတွက်ခင်က ဘယ်သူနိုင်တယ်၊ ကြိုတင်မဲ ထည့်တွက်လိုက်တော့ ဘယ်သူနိုင်သွားတယ် ဆိုတာလေး တင်ပေးရင် သမိုင်းတန်ဖိုး ရှိမှာပါ။ ကိန်းဂဏန်း အတိအကျပါရင် ပိုကောင်းတာပေါ့။ မဲဆန္ဒတစ်နယ်လုံး မဟုတ်တောင်၊ ကိုယ့်အိမ်နားက ကိုယ်ထည့်ခဲ့တဲ့ မဲရုံရဲ့ ကြေငြာချက် အမှန်လေးရရင် တော်ပါပြီ။ အမှန်ကို သိရတာပေါ့။

May Nyane, Khin Min Zaw and 110 others like this.

Tayzar Lwin ထိမိတယ်ဗျို့

Kyi Thar Myint Myat ကျွန်မတို့တွေ မထည့်ခဲ့တဲ့ ဗလာမဲတွေက သူတို့အတွက်..။

Kyaw Zwa ‎”It’s Not the People Who Vote that Count; It’s the People Who Count the Vote,”‘ Joseph Stalin.
Khaing Zin Aye ဗြုန်းကနဲ ကြည့်လိုက်ရင်… ကြိုဝင်မဲလိုလို..ဘာလိုလို… 😀
Zaw Zaw Win good idea
Cartoon Aungmaw ဆရာရေ အကြောပေးထားတာ……………..
Thu Shin ခြံဝင်လို့ နွားပါရင် တော်ပြီပေါ့ဆရာ. (ထင်တော့မထင်ပါဘူးဗျာ)
Win Myint Aung ကျနော့်ယောက္ခမ(73)နှစ်မဲသွားထဲ့တော့ ကြိုတင်မဲနဲ.တိုးလို….ဟဲ့ငါကအခုမှ
ထဲ့မလို.လာတာဆိုတော့…….တိတ်တိတ်နေဆိုပြီး….correction pen နဲ.ဖျက်ပြီး…..ထဲ့တဲ့ ဘာလဲကွ။ ကျနော်က NOဘဲ….
အလကား ကျော်စွာ ဂိန် ….
Naing Win Latt မဲမထည့်မဖြစ်လို့ထည့်ကြရတဲ့အခါ “သူတို့” မဟုတ်တဲ့ တခြားတစ်ယောက်ကိုမဲထည့်ကြတယ်လို့ပြောကြတယ်
ကျွန်တော်တို့ စင်္ကာပူကလူတွေကျ မဲထည့်ဖို့ဘာမှမအသိမပေးဘူး
ကြည့်ရတာ ဒီကလူတွေရဲ့မဲတွေလဲ ကြိုတင်မဲအလုပ်ခံလိုက်ရပြီထင်တယ်.. 🙁
Bon Lay ‎@Naing: ဖွဲ့စည်းပုံလုပ်တုန်းကတော့ စင်ကာပူမှာကို ကျောင်းတွေကိုရော အိမ်တွေအထိပါ လာ vote ဖို့ စာပို့တယ် ကြားတယ်ဗျ။ ရွေးကောက်ပွဲအတွက်က သံရုံးမှာစာကပ်ထားတာတော့တွေ့တယ်။ လိုက်အကြောင်းကြားတာတော့ လုံးဝကိုမကြားမိဘူး။

Soe Emeroon I’m waiting for election results,hoping this could be true results,

Imran Ismail hopeless bullshit voting

Min YePhone ဆရာပီရဲ့ကာတွန်းတွေက ထိလွန်းလို့ ကော်မန့်တောင် မပေးရက်ပါဘူး..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts