>Burmese Rakhine Community in SF Bay to host Food Fair to help Giri Victims

>

ဆန်ဖရန်ဘေးဧရိယာက မြန်မာများ ဂီရိလေဘေးကူညီရေး ရန်ပုံငွေ ဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၃၊ ၂၀၁၀
လာမည့် နိုဝင်ဘာ ၇၊ တနင်္ဂနွေနေ့ မနက် ၁၀ နာရီက နေ့ခင်း ၂ နာရီအထိ ဖရီးမောင့်ပန်းခြံတွင် ရန်ပုံငွေဈေးရောင်းပွဲတခု ကျင်းပရန် နိုင်ငံတကာရခိုင်အမျိုးသားများအသင်း (ယူအက်စ်အေ) က ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာကွန်မြူနီတီအားလုံးသို့ ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ က မြန်မာပြည်၊ ရခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ပြည်သူအများ ဘေးသင့်ခဲ့ကြရာ နောက်ဆုံးစစ်တမ်းများအရ အိမ်ခြေ ၇ သောင်းနဲ့ လူ ၂ သိန်း ဒုက္ခရောက်နေရတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။
အမေရိကန်ရောက် ရခိုင်အမျိုးသားများအသင်းက အလှူငွေများ ကို အမေရိကန်ပြည်နယ်များ၊ မြို့နယ်များအလိုက် ကိုယ်စားလှယ်များ သတ်မှတ်ပြီး ကောက်ခံ လှူဒါန်းနေရာမှာ လက်ရှိ ၀ိုင်းဝန်းရရှိငွေ ဒေါ်လာ ၃၁၄၀ ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ရန်ပုံငွေဈေးရောင်းပွဲဖြင့် အားလုံး ဒါနပြုကြရန် နိုဝင်ဘာ ၇ ရက်ကို ဖိတ်ခေါ်ထားပါတယ်။ ဖိတ်စာကို သည်နေရာမှာ ကြည့်ပါ။
ဆန်ဖရန်ဒေသမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက လုပ်အားပေးများကတော့ အဲသည်နေ့မှာ ၀ိုင်းဝန်းလုပ်အားပေးကြရန်နဲ့ အသင်းသား မိတ်ဆွေများ၊ စေတနာရှင်များထံက ကောက်ခံရရှိတဲ့ စုပေါင်းအလှူငွေကို ပေးအပ် လှူဒါန်းကြရန် စီစဉ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်အမျိုးသားအသင်းဖိတ်စာက သည်လိုပါ …

ရခိုင်ပြည် ဂီရိလေဘေးဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ က ဖိတ်ခေါ်ပါတယ်
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာများနဲ့ နိုင်ငံတကာရခိုင်အမျိုးသားများအသင်း (ယူအက်စ်အေ)
နိုဝင်ဘာ ၇၊ ၂၀၁၀ – တနင်္ဂနွေနေ့၊ နေ့ခင်း ၁၀ နာရီ မှ ၂ နာရီ
Lake Elizabeth Park, Fremont Central , Picnic Lot B
40000 Paseo Padre Pkwy, Fremont CA 94538
မြန်မာပြည်တွင်းရှိ လူမှုရေးအသင်းနှင့် စေတနာ့ဝန်ထမ်းများထံသို့ တိုက်ရိုက် ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်
(Photo credit – Narijara.com)
 Sample Image
Sample Image


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts