>Amnesty International Activists to March in Solidarity with Aung San Suu Kyi and the People of Myan

>

နိုဝင်ဘာ ၅ သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်အတွက်
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ဆန်ဖရန်တွင် ချီတက်မည်
မိုးမခရွာဆော်ကြီး
နိုဝင်ဘာ ၃၊ ၂၀၁၀
စစ်အစိုးရ၏ သမိုင်းဝင် နိုဝင်ဘာ ၇၊ ရွေးကောက်ပွဲအကြိုကာလတွင် အမေရိကန်ရှိ Amnesty International က ၎င်း၏ ဒေသဆိုင်ရာ နှစ်ပတ်လည်ညီလာခံကျင်းပမည့် ရက်သတ္တပတ်အဖွင့်အဖြစ် မြန်မာပြည်၏ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုသော ချီတက်ပွဲတခု ဆန်ဖရန်စစ္စကိုမြို့တွင် လာမည့် သောကြာနေ့ ညနေ ၅း ၃၀ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် မြန်မာအရေးတက်ကြွသူများကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုညီလာခံကြီးတွင် မြန်မာပြည်၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် ကာကွယ်နေကြသူများ ဖြစ်ကြသော – အင်န်အယ်ဒီ လွတ်မြောက်နယ်မြေအဖွဲ့က လူငယ်ခေါင်းဆောင် ကိုတိုးလွင်၊ မြန်မာအမေရိကန်ဒီမိုကရေစီမဟာမိတ်အဖွဲ့က ကိုညွန့်သန်း၊ မြန်မာအမေရိကန် အမျိုးသမီးမဟာမိတ်အဖွဲ့က မယယ်စမင်ဗန်ယ နှင့် ပြည်ပရောက် ၁၉၉၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်တို့ကလည်း တက်ရောက် စကားပြောကြမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုဘယ်ငြိမ်းချမ်းရေးဆုရထားသော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးတွင် ထောက်ခံသူ လူ ၂.၈ သန်း ရှိပြီး နိုင်ငံပေါင်း ၁၅၀ ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများကို ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ဖိတ်စာတွင် ရေးထားသည်။
သည်နေရာမှ ဖိတ်စာကို ကြည့်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts