>Burmese Monastery in Miwalke celebrated Burmese Thadingyut


>

  မီဝေါကီးက မြန်မာ ဝါကျွတ်ပွဲတော်

မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၂၄၊ ၂၀၁၀
 
ဝစ္စကွန်စင်ပြည်နယ်၊ မယ်ဝေါကီးမြို့၊ ပညာရာမ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္မဘာသာ သီတင်းကျွတ်ပွဲတော်ကို ရိုးရာမပျက် ကျင်းပပြုလုပ်ကြရာ အောက်တိုဘာ ၁၆ ရက်နေ့၊ စနေနေ့တွင် ဆီမီးရောင်စုံဖြင့် ကြည်ညို ပူဇော်ခြင်း၊ ၁၇ ရက်၊ တနင်္ဂနွေနေ့တွင် သစ်သီးစုံတို့ဖြင့် ဆွမ်းတော်ကြီးကပ်ခြင်း၊ နေ့ခင်းတွင် ကျောင်းထိုင်ဆရာတော် ဦးဇာဂရမှ မိဘကျေးဇူးတရားကို ဟောကြားခြင်း ၊အသက်ကြီးမိဘများကို  ဝါကျွတ်ကန်တော့ကြခြင်း စသည်ကို   မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ တို့ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
 
မြတ်စွာဘုရားရှင်သည် မယ်တော်နတ်သားကို အဘိဓမ္မာတရားဖြင့် ဟောကြား ကျေးဇူးဆပ်သကဲ့သို့ ဗုဒ္မဘာသာနွယ်ဝင်တို့သည်လည်း  ထိုကောင်းမှုကို အတုယူကာ  အခုလိုအခါတွင် မိဘဘိုးဘွားများကို  ကန်တော့ ကျေးဇူးဆပ်ကြကြောင်း၊ သည်ဓလေ့ကောင်းကို  ဘယ်ဒေသ ဘယ်နေရာပဲ ရောက်ရောက်  ထိန်းသိမ်း  ကြရမည်ဖြစ်ကြောင်း၊ သက်ရှိမိဘများကိုကျေးဇူးဆပ်သကဲ့သို့၊ နောင်တချိန်တွင် ဇာတိမိဘတိုင်းပြည်ကိုလည်း  ကျေးဇူးဆပ်ကြရမှာဖြစ်ကြောင်း ဆရာတော်က ဟောကြားသွားခဲ့သည်။

 (ဓာတ်ပုံ – ပညာရာမဘုန်တော်ကြီးကျောင်းမှ တဆင့် ရရှိသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts