>Swine Flu spreading in Shan State around Larshoe Towship

>

ရှမ်းပြည်မြောက်ပိုင်းတွင် H1N1 ၀က်တုတ်ကွေး ဖြစ်ပွားဟု ဆို
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၂၃၊ ၂၀၁၀
            ယမန်နေ့က သိရှိရသည့် သတင်းတခုတွင် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးဆေးရုံကြီးက ဆရာဝန်ကြီးကိုယ်တိုင် H1N1 တုတ်ကွေးဖြစ်နေပြီး၊ ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများကိုပါ ကူးစက်နေသည်ဟု ဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့တွင် တုတ်ကွေးဖြစ် ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ ၀က်တုတ်ကွေးဟု အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ယခု လားရှိုးဆေးရုံကြီးတွင် ဖြစ်ပွားနေသည့် တုတ်ကွေးမှာ ၀က်တုတ်ကွေးဖြစ်သည်ဟု ဆိုသည်။ လက်ရှိသတင်းများအရ ဆေးကုသမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts