>Shwe Pyi Soe – State Terrorism of Burmese Regime

>

နအဖရဲ့မင်းမဲ့ စရိုက်များ
ရွှေပြည်စိုး
အောက်တိုဘာ ၁၈၊ ၂၀၁၀
မြန်မာနိုင်ငံမှာ နဝတ အာဏာသိမ်းချိန် ၁၉၈၈ ကတည်းက အစပျိုးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မင်းမဲ့စရိုက်ပာာ တဖြည်းဖြည်း ကြီးထွားလာပြီး နဝတ၊ နအဖ အာဏာပိုင် ကြီးငယ်အဆင့်ဆင့်တို့ရဲ့မင်းမဲ့ စရိုက်ကြောင့်ရာနဲ့ ချီသော ပြည်သူတွေအသက် သွေးမြေကျခဲ့ရပြီးဖြစ်တယ်။
အခုစက်တင်ဘာလဆန်း၊ ပဲခူးမြို့ မှာ ဖြစ်ပွါးတဲ့ မင်းမဲ့စရိုက်လူသတ်မှပာာ နအဖ ခေတ်တလျှောက်လုံး အဆိုးဆုံး တွေထဲက တခုဖြစ်ပါတယ်။ ဒီမင်းမဲ့စရိုက် ဖြစ်ပွါးပုံကိုကြည့်ပါ -၂၀၁၀-၉-၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန်မှာ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်၊မြလမ်းရှိ ကာလီဖိုးနီးယား စားသောက်ဆိုင်က စားသောက်ပြီး အရပ်ဝတ်နဲ့ထွက်လာတဲ့ ပဲခူးနယ်မြေခံ ခလရ ( ၅၉ )မှ ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေစီးလာတဲ့ ဆိုင်ကယ်ကယ်ရီနဲ့  မောင်အောင်သူပိာန်း၊ မောင်စိုးပိုင်ဇော် သူငယ်ချင်းတစုစီးလာတဲ့ သုံးဘီးဆိုင်ကယ်ပွတ်တိုက်မိရာက ခိုက်ရန်ဖြစ်ပွါးတယ်။ 
ဒဏ်ရာသွားတဲ့ အရာရှိကတပ်ရင်း ပြန်ပြီးလက်နက်ကိုင်စစ်သား ၁၀ ယောက်ခန့်ခေါ်လာပြီး အဲဒီလူငယ်တွေရှိရာ ဇိုင်းဂနိုင်းတောင်ပိုင်းမှာ စောင့်ပစ် ခေတ်တဲ့အတွက် မောင်အောင်သူပိာန်း ( ၂၂ ) နှစ်မှာသေနတ်ကျည်ဆန် ၆ချက်၊ မောင်စိုးပိုင်ဇော် ( ၁၈ ) နှစ်ကသေနတ် ကျည်ဆန် (၄ )ချက် ထိမှန်ပြီးပွဲချင်းပြီး သေဆုံးသွားရတယ်။
စစ်တပ်က ကြုံးဝါး
ခလရ (၅၉) တပ်မှအရာရှိခေါ်လာတဲ့ စစ်သားတွေက လက်နက်မဲ့ထိုလူငယ်နှစ်ဦး ကိုမသေမချင်း သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်တဲ့အပြင် “ကြိုက်တဲ့ကောင်၊ စမ်းချင်တဲ့ ကောင်စမ်း… အကုန်သေကုန်မယ်  စစ်တပ် ကိုလာစမ်းရင် အကုန်လုံးသေချင်းဆိုးနဲ့ သေသွားမယ်” လို့  ကျန်ပြည်သူတွေကိုပါကြုံးဝါးသွားသေးတယ်။ (ဒီဗွီဘီ၊ ခေတ်ပြိုင်၊ ဘီဘီစီ၊ ၂၀၁၀-စက်တင်ဘာ-၅၊ ၆ )။  နအဖစစ်တပ်ကဘယ်လောက် မင်းမဲ့စရိုက်လုပ်လဲဆိုတာ စာဖတ်သူတို့ သိလောက် ပါပြီ။
နအဖစစ်ဗိုလ် စစ်သားတွေပာာအရပ်ဝတ်နဲ့ အရပ်ထဲက စားသောက်ဆိုင်မှာလဲ လာစားသောက်တယ်၊ မူးပြီး အပြန်လမ်းမှာ  အရပ်သားလူငယ်တစုနဲ့ ရန်ဖြစ်တယ်၊ တပ်ရင်းပြန်ပြီးလက်နက်ကိုင် စစ်သားတွေခေါ်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာနဲ့ ပစ်သတ်ရုံမက ပြည်သူတွေကိုပါ ကြုံးဝါးတာကတော့ လက်နက်မဲ့ပြည်သူတွေအပေါ် ဥပဒေမဲ့ မင်းမဲ့ စရိုက်လုပ်တာကိုတော့ သည်းမခံနိုင်စရာပဲ။ လက်နက်မဲ့ ပြည်သူတွေကိုတာ ဒီလိုဥပဒေမဲ့နိုင့်ထက်စီးနင်း လုပ်ရဲတာ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကိုတော့ ကြောက်လိုက်ကြတာတုန်လို့ သွားတောင်မထိရဲဘူး။ လက်နက်ချင်းမယှဉ် ရဲကြဖူး၊ ရန်ဖြစ်တာပာာဥပဒေ အရအရေးယူလို့ ရပါလျှက်နဲ့ လက်နက်နဲ့လာအနိုင်ကျင့်တာကတော့ မြန်မာနိုင်ငံမှာဥပဒေ မစိုးမိုးတော့ပဲ ဗိုလ်ကြီးသိန်းကြည်စိုးလို လူရမ်းကားမင်းမဲ့ စရိုက်သမားတွေ         ၊ ကြီးစိုးနေတယ်ဆိုတာ ထင်ရှားစေပါတယ်။
စစ်ဗိုလ်စစ်သားလူပါးဝပုံများ 
(၁)ရန်ဖြစ်တဲ့ အရပ်သားလူငယ်တွေကို အသေသတ်ပြီးတာတောင် အားမရသေးလို့  “ကြိုက်တဲ့ကောင်၊ စမ်းချင် တဲ့ကောင်စမ်း…..၊စစ်တပ်ကိုလာစမ်းရင် အကုန်လုံးသေချင်းဆိုးနဲ့သေကုန်မယ်”လို့ကျေးဇူးရှင်ပြည်သူတွေကိုပါ ကြုံးဝါး သေးတယ်ဆိုတော့ ဒီနအဖစစ်တပ်ပာာ ပြည်သူ့ဆန်စားပြီး လူပါးဝနေကြတာ ဖြစ်တယ်။ သူတို့ပာာစည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့နဲ့ ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ “သတ်မတော်” ဖြစ်နေပါတယ်။
          (၂)ပြည်သူ့လုပ်စာ စားနေကြရတဲ့ ခလရ (၅၉)က စစ်ဗိုလ်စစ်သားတွေပာာ လက်နက်မဲ့လူငယ်နှစ်ဦးကို တရား ဥပဒေမဲ့လဲ သတ်ဖြတ်သေးတယ်၊ သူတို့ကပဲ အခင်းဖြစ်ပွါးတဲ့ကိစ္စနှင့် ပတ်သက်၍ သတင်းမေးလာသူများကို မပြောဆိုရန် တားမြစ်သေးတယ်။ (ဧရာဝတီ၊ ၂၀၁၀-စက်တင်ဘာ-၆) နအဖအာဏာပိုင်တွေပာာ ဘယ်လောက်လူပါးဝလဲ ဆိုတာသိ လောက်ပါပြီ။        
(၃) ခလရ ( ၅၉ )က ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေပာာ အရပ်ဝတ်နဲ့ လာစားသောက်တယ်။  အပြန်လမ်း မှာလူငယ်တစုနဲ့ စကားများရန်ဖြစ်တယ်။ တကယ်ဆိုကလေးတွေ ဆိုးရင်တောင်မှ အရာရှိတယောက်အနေနဲ့ သူတို့တွေကို ဆိုဆုံး မသင့်တယ်၊ ခုတော့မဆုံးမတဲ့အပြင် သူတို့နဲ့ဖက်ရန်ဖြစ်၊ တပ်ရင်းကစစ်သားတွေကို ပြန်ခေါ်ပြီး သေနတ်နဲ့ပစ်သတ်ခိုင်း တယ်ဆိုတော့ ဒါပာာအရာရှိ သို့မပာုတ် လူကြီးတယောက်ရဲ့  အင်္ဂါရပ်နဲ့မညီဘူး။ ငါကစစ်တပ်ကအရာရှိပဲ၊ ငါ့မှာလက်နက်ရှိ တယ်ဆိုပြီး လက်နက်နဲ့ ပြန်လာရမ်းကားတာပာာ မင်းမဲ့စရိုက်ဖြစ်တယ်။
နအဖ ဥက္ကဌကြီးအပါအဝင် အာဏာပိုင် အရာရှိကြီးငယ်တွေက မိမိလက်အောက်ငယ်သားတွေကို ဆိုဆုံးမမှုမရှိ လို့ ဒီလိုမင်းမဲ့စရိုက်ဖြစ်နေတာဖြစ်တယ်။ တနည်းအားဖြင့် နအဖဗိုလ်ချုပ်မှူးကြီးနဲ့ ကောင်စီသင်တွေကိုယ်တိုင်က မင်းမဲ့စရိုက် လုပ်နေလေတော့ ဗိုလ်ကြီးသိန်းကြည်စိုးလို အရာရှိငယ်နဲ့ စစ်သားတွေကဒီလိုလက်ရဲဇက်ရဲနဲ့ ပြည်သူတွေကိုသတ်ရဲ နေတာပေါ့။
“သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်းဆရာခေါင်း” ဆိုတဲ့ အတိုင်း တပ်သား မကောင်းတော့ တပ်ချုပ်ကြီးခေါင်းဖြစ်တယ်။ တပ်ချုပ်ကြီးကိုယ်တိုင်က သွန်သင်ဆုံးမမှုမရှိတဲ့ အပြင်အာဏာ တည်မြဲရေးအတွက် ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်လုပ်နေမှတော့ သူ့အားကိုးနဲ့ ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေပာာ လူပါးဝနေကြတာပေါ့။
နအဖတွေ လိမ်ညာနေ။
          ပဲခူးလူသတ်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ကောလာပာလ သတင်းလွင့်တာက သေဆုံးသူ ၂ ဦးအပါအဝင် လူငယ် ၇ ဦးက စစ်သားတွေရဲ့လက်နက်တွေကိုလုယူဖို့ကြိုးစားတဲ့ အတွက်စစ်တပ်က ပစ်သတ်တယ် ဆိုပြီး ကောလာပာလ သတင်းထုတ်လွှင့်ပါသေးတယ်။ (ဒီဗွီဘီ၊၂၀၁၀-စက်တင်ဘာ-၆)
 စာဖတ်သူတို့စည်းစားကြည့်ပါ။ ဗိုလ်ကြီးသိန်းကြည်စိုးတို့ပာာ အရပ်ဝတ်နဲ့ လာစားသောက်ကြတာ ဘာသေနတ် မှမပါဘူး။ ရန်ဖြစ်ပြီးမှတပ်ရင်းပြန်ပြီး လက်နက်ကိုင်စစ်သားတွေကို ခေါ်လာပြီးရန်ပြစ်တဲ့ လူငယ်တွေကို ဇိုင်းဂနိုင် တောင်ပိုင်းရပ်ကွက်မှာစောင့် ပြီးပစ်သတ်တာကို သူတို့သေနတ်ကိုလုယူဖို့ ကြိုးစားတယ်ဖြစ်အောင် လီဆယ်ပြီး ကောလာ ပာလသတင်းလွင့်သေးတယ်။ ကလေးတွေက သေနတ်လုယူဖို့ နေနေသာသာ၊ စစ်သားတွေကို မြင်တာနဲ့ ရွံလို့၊ မုန်းလို့ သောက်မြင်ကတ်လို့ (ကြောက်တာလဲပါမယ်) အနားတောင်ကပ်ကြမှာမပာုတ်။ ဒါပာာ အများက ထင်ယောင်ထင်မှားဖြစ် အောင် လီဆယ်ပြီးပြောတဲ့ စကားဖြစ်တယ်။
          ဒါ့ပြင် စစ်တပ်ကလူငယ်နှစ်ယောက်ကို သေနတ်နဲ့ အချက်ပေါင်းများစွာနဲ့ ပစ်သတ်တာကို မြန်မာ့အလင်း သတင်းစာက  “အရက်မူးနေသော လူငယ်များခိုက်ရန်ဖြစ်ပွါးခြင်း”ပာုဆိုကာ နိုင်ငံရေးသမားများနှင့် ပြည်ပမီဒီယာများက ဖြစ်စဉ်ကိုခုတုံးလုပ်ကာ နိုင်ငံတွင်းရုံးရင်းဆန်ခတ်မှု ဆူပူမှုများဖြစ်ပေါ်စေရန် သွေးတိုးလှုပ်ဆော်နေသည် ပာုစွပ်စွဲသည်။ (မဇ္ဈိမ၊ယနေ့မြန်မာ ကြေးမုံ-၂၀၁၀-၉-၁၀ )
(၂၀၁၀-၉-၁၀ )နေ့ထုတ်မြန်မာ အလင်းသတင်းစာ အရ၊
          အရက်မူးတဲ့ လူငယ်တွေ ရန်ဖြစ်ရုံနဲ့ သေနတ်ကျည်ဆံ ထိမှန်စရာအကြောင်းမရှိပါ၊ ဒီလူငယ်တွေဆီမှာလဲဘာ သေနတ်မှမရှိ၊ စစ်တပ်ထဲမှာသာရှိတာ။ မောင်အောင်သူပိာန်းက သေနတ်ကျည် ၆ ချက်၊ မောင်စိုးပိုင်ဇော်က သေနတ် ကျည် ၄ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေတာပာာ နအဖ စစ်တပ်လက်ချက်မပာုတ်လို့ ဘယ်သူ့လက်ချက်လို့ ဆင်ခြေ ပေးချင်သေးလဲ။ မြန်မာအလင်းသတင်းစာက လီဆယ်စွတ်စွဲသလို ဘယ်နိုင်ငံရေးသမားကမှ ဒီပြဿနာကို ခုတုံးမလုပ်၊ ဝင်မစွက်သလို ဘယ်ပြည်ပမီဒီယာမှလဲ သွေးထိုးလုံ့ဆော်တာမျိုးမလုပ်။ သူတို့က မီဒီယာကျင့်ဝတ်အတိုင်း နအဖ အာဏာပိုင်များရဲ့ မင်းမဲ့စရိုက်ကို အရှိကိုအရှိအတိုင်းရေးသားဖေါ်ပြကြတာပဲဖြစ်တယ်။
နအဖ လက်ချက်ပာုတ်မှန်ကြောင်းသက်သေထူပြီ။
ပဲခူးမှလူငယ်နှစ်ဦးပာာ ခလရ (၅၉)မှ စစ်ဗိုလ်စစ်သားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားရတာ မှန်ကန် ကြောင်း အောက်ပါအချက်တွေကသက်သေထူနေပါပြီ။
          (၁) “နအဖ အာဏာပိုင်တွေက လူငယ်နှစ်ဦးသေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းမေးလာသူများကို မပြောဆိုရန်တားမြစ်ခြင်း” အကယ်သာ ခလရ (၅၉) ကစစ်ဗိုလ်စစ်သားတွေရဲ့ လက်ချက်မပာုတ်ရင် သူတို့ဘာမှလာပြီး တားမြစ်စရာအကြောင်းမရှိ သူတို့လက်ချက်ဖြစ်နေလို့ သတင်းဆက်မပျံအောင်လာတားမြစ်ခြင်းဖြစ်တယ်။ ဒါကြောင့် လူငယ်နှစ်ယောက်သေဆုံးရတာပာာ သူတို့လက်ချက်ဖြစ်ကြောင်း ထင်ရှားပါတယ်။
(၂) “လူငယ်၂ယောက် သေဆုံးရတဲ့အမှုကို ကျေအေးပေးရန် ဗျူပာာမှူးဦးဆောင်တဲ့ စစ်တပ်အရာရှိများက လျှော်ကျေး အဖြစ်ငွေကျပ် ၁၀ သိန်းစီသွားပေးခြင်း”( နှစ်ဖက်လူကြီးများကလက်မခံကြ ) (ရာဝတီ၊ဒီဗွီဘီ၊၂၀၁၀-စက်တင်ဘာ-၆) ။
          နအဖ စစ်တပ်လက်ချက်ကြောင့် မပာုတ်ရင် ကျေအေးပေးရန်၊ လျော်ကျေးပေးရန် လာပြောစရာအကြောင်းမရှိ သူတို့လက်ချက်ဖြစ်လို့ လာပြောတာဖြစ်တယ်။ဒါ့ကြောင့် ပဲခူးလူငယ်နှစ်ယောက်သေဆုံးရတာပာာ နအဖ လက်ချက်ဖြစ်ကြောင်းထင်ရှားနေပါတယ်။
          (၃)“အလောင်းကြည့်ခွင့်မပေး၊ စစ်တပ်ကသင်္ဂြိုလ်မယ့် အကြောင်း အာဏာပိုင်များကပြော” (ဒီဗွီဘီ၊ဘီဘီိစီ၊ ၂၀၁၀-စက်တင်ဘာ-၆)။
          အကယ်သာ နအဖ စစ်တပ်လက်ချက်ကြောင့် လူငယ်နှစ်ယောက်သေဆုံးရတာ မပာုတ်ရင် အလောင်းကို ကြည့်ခွင့် မပေးစရာအကြောင်း မရှိသလို စစ်တပ်က သင်္ဂြိုလ်ပေးစရာအကြောင်းလဲမရှိ။ ဒီနှစ်ချက်ကို ထောက်ခြင်း အားဖြင့် ဒီလူငယ်နှစ်ယောက် သေဆုံးရတာပာာ နအဖ စစ်တပ်လက်ချက်ကြောင့် ဖြစ်ကြောင်း ထင်ရှားစေပါတယ်။
          (၄) ၂၀၁၀-စက်တင်ဘာ-၁၂ ရက်နေ့ထုတ် ဒီဗွီဘီသတင်းအရ “ပဲခူးမြို့ မှာဖြစ်ပွါးခဲ့တဲ့ စစ်တပ်ကနေ အရပ်သား ပစ်သတ်မှုမျိုးနောက်ထပ် ထပ်မံမကျူးလွန်ကြဖို့” နေပြည်တော်စစ်ရုံးချုပ်က ညွှန်ကြားချက်ထုတ်ပြန်တယ်၊ တို့မှာ (၁) အရာ ရှိနှင့် စစ်သည်အားလုံးအရပ်သားတွေနဲ့ ပတ်သက်ပြီးဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ပြဿနာတစုံတရာ မဖြစ်ပွါးစေရ။ (၂) စစ်သား တွေပာာမြို့ တွင်းရွာတွင်းကို အကြောင်းအမျိုးမျိုးကြောင့် သွားရမယ်ဆိုရင် လုံးဝပြဿနာမရှိ အောင် နေထိုင်ကြဖို့ တာဝန်ရှိ အဆင့်ဆင့် ကအလေးထားကြပ်မတ်ဆောင်ရွက်သွားကြရမယ်” လို့ ညွှန်ကြားချက်မှာ ဖေါ်ထားတာတွေ့ရ ပါတယ်။
          ခုဆိုပဲခူးမြို့ ကလူငယ်နှစ်ယောက်သေနတ်ကျည်သင့် ပြီးသေကြရတာပာာပဲခူနယ်မြေခံ ခလရ (၅၉) ကအရာရှိနဲ့ စစ်သားတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ “နေပြည်တော်စစ်ရုံးချုပ်ရဲ့ ညွှန်ကြားချက်”ပာာ ငြင်းမရအောင်ခိုင်မာတဲ့ သာဓက သက်သေဖြစ်နေပါပြီ။
          နေပြည်တော်စစ်ရုံးချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ အသီးသီးကိုညွှန်ကြားတဲ့ ညွှန်ကြားချက်က -(၁)ပဲခူကအောင်သူပိာန်းနဲ့ စိုးပိုင်ဇော်တို့ကို သေနတ်နဲ့ ပစ်သတ်သူတွေပာာ ခလရ (၅၉)က စစ်ဗိုလ်စစ်သားတွေဖြစ်တယ်။ (၂)ကြေးမုံနဲ့ မြန်မာ့ အလင်းနေ့စဉ် သတင်းစာတွေပာာ အလိမ်အညာတွေ ရေးသားဖေါ်ပြတယ်ဆိုတာကို တချိန်တည်းဖေါ်ပြသွားတာဖြစ်ပါ တယ်။
          နောက်ထပ်ရတဲ့ သတင်းအရ ပဲခူးက လူငယ်နှစ်ယောက်ကို ပစ်သတ်ဖို့ အမိန့်ပေးတဲ့ (၁၀၁) ခြေမြန်တပ်ရင်းက နအဖ မင်းမဲ့စရိုက်ဗိုလ် ဗိုလ်ကြီးသဒ္ဓိစိုး ( ယခင် သတင်းမျာအရ ဗိုလ်ကြီးသိန်းကြည်းစိုး ) နဲ့ ခလရ ( ၅၉ ) ကအရာရှိနဲ့ စစ်သား ၁၀ ရောက်ယောက်ကို တပ်ချုပ်မှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ( RFA 2010-Oct-4 )
          အခုနောက်ဆုံး သတင်းအရ ပဲခူးလူငယ် နှစ်ဦးကို ပစ်သတ်ခိုင်းတဲ့ အရာရှိကို အပြစ်တစုံတရာမပေးပဲ နေပြည်တော်မှာ ခေါ်ထားတယ်လို့ သိရတဲ့အတွက် ပဲခူးပြည်သူများက မကျေမနပ် ဖြစ်နေကြောင်းသိရပါတယ်။
          အထက်ပါသတင်းများအရ အခင်းဖြစ်ပွါးတဲ့နေ့က နအဖအာဏာပိုင် အချို့က လွှင့်တဲ့သတင်းပာာ အလိမ်အညာ တွေ ဖြစ်သလို နအဖပိုင် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတို့ရဲ့ အရေးသားဖေါ်ပြချက်တွေပာာလဲ အလိမ်အညာတွေ ချည်း ဖြစ်တာ တွေ့ရပါတယ်။
ဒီသတင်းစာ နှစ်စောင်ပာာ ပြည်သူလူထု ဇဝေဇဝါဖြစ်အောင် သတင်းမှန်ကို အမှားဖြစ်အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာရေးသား ဖေါ်ပြတာဖြစ်တဲ့ အပြင် မီဒီယာကျင့်ဝတ်ကိုပါ ဖေါက်ဖျက်တယ်ဆိုတာ ထင်ရှားနေပါပြီ။ နအဖခေတ် တလျှောက်လုံး နအဖအာဏာပိုင် ကြီးငယ်တွေ ကျူးလွန်ခဲ့တဲ့ မင်းမဲ့စိုက်ပေါင်းပာာ ရေတွက်လို့ ကုန်နိုင်ဖွယ် မရှိလောက်အောင် များပြားနေပါတယ်။
        ဒါ့ပြင်အဲဒီ နေ့စဉ်သတင်းစာ ၂ စောင်စလုံးမှာနေ့စဉ်ဖေါ်ပြနေတဲ့ –
VOA, BBC – ရန်တိုက်ပေးနေသည်၊
RFA, DVB – သွေးထိုးနေသည်၊
ခလောက်ဆန်   အကောက်ကြံ
လေလှိုင်းသံ   လူသတ်သမား
နားမယောင်လေနဲ့ သတိထား… လို့ရေးသားဖေါ်ပြချက်တွေပာာလဲ အလိမ်အညာတွေဖြစ်တယ် ဆိုတာ သူတို့ အချင်းချင်း ရည်ညွှန်းဖေါ်ဆောင်ထားတယ်ဆိုတာ ထင်ရှားနေတယ်။
          ဒါကြောင့် ဒီနေ့ ဒီရက်ကစပြီး ကြေးမုံ၊ မြန်မာ့အလင်း  သတင်းစာနှစ်စောင်လုံးက ရေးသားတိုင်းကိုလည်း မယုံကြပါနဲ့၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တိုင်းကိုလည်း မယုံကြပါနဲ့၊ နောက်ဆုံး နအဖ ဗိုလ်ချုပ်ကြီးတွေ ပြောတိုင်းကိုလည်း မယုံစားကြပါနဲ့၊ ယုံစားရင်ကုန်စင်အောင်မှားလိမ့်မယ့် အကြောင်း ထပ်လောင်းတင်ပြအပ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts