>Thar Htoo’s poem on Thet Win Aung

>

အထီးကျန် သို့ မဟုတ် -အကသ၏ ကြယ်တစ်ပွင့်
သားထူး
အောက်တိုဘာ ၁၇၊ ၂၀၁၀


သူ့အမည် မမှတ်မိ
ကျွန်တော့် အမည် သူ မသိ
သူပြောတဲ့လက်သုံးစကား
အမည်နာမ ဟာ အရေးမကြီး …။
အရေးကြီးတာက သွေးနီးဖို့ပါတဲ့…။

နှစ်ယောက်ကြားမှာ တံတိုင်းခြားပေမယ့်…
ဆန္ဒတွေက ပိုင်းမခြားပါ။

သူနဲ့ကျွန်တော် မြေလတ်သား မဟုတ်လည်း
ကျုံးရေကိုတော့ အတူသောက်ခဲ့တယ်။

ထူးအိမ်သင်ကို နှစ်ခြိုက်တဲ့ကျွန်တော်
တောင်ပြုန်းပွဲ ရထားသံကြားတိုင်း
အမေ့အိမ်သီချင်းကို ညည်းမိ။

ပြူတင်း သံတိုင်ကြားက
လရောင်လေးမြင်တိုင်း
စိုင်းထီးဆိုင်ရဲ့ လပြည့်ည
သူ..ကျွန်တော့်ကို ဆိုပြ။

နှစ်အနည်းငယ် ကြာတော့
အခန်းကျဉ်းလေးကို စွန့်ခွာ
မြို့ပြရဲ့ လမ်းမထက်မှာ…
ကျွန်တော်လေ..

ဘီးလေးကို တယောက်တည်းစီးလို့ပေါ့ ။ ။

(မန်း နရသိန် အတွင်းမှာဆုံခဲ့သော သူငယ်ချင်း သက်ဝင်းအောင်အား တမ်းတစွာဖြင့်..)

မှတ်ချက် – ၁။ ဤကဗျာကို သက်ဝင်းအောင် မန္တလေးထောင်တွင် ကျဆုံးခြင်း ၄ နှစ်ပြည့် အမှတ်တရအဖြစ် ဟစ်တိုင် အင်တာနက် စာမျက်နှာမှ ကူးယူ ဖော်ပြသည်။
၂။ သက်ဝင်းအောင်အကြောင်း တစေ့တစောင်းကို နေခြူး၏ ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး – အပိုင်း ၅
http://moemaka.com/index.php?option=com_content&task=view&id=3174&Itemid=132 တွင် ဖတ်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts