>Businessman Wai Lu Kyaw in Taung Pyone

>

ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊
တောင်ပြုန်းပွဲမှာ ကိုယ်တိုင် အရောင်းမြှင့်တင်
မိုးမခအထောက်တော် ပုံတောင်ပုံညာ
သြဂုတ် ၂၅၊ ၂၀၁၀
ဝေဠုကျော် တောင်ပြုန်းတွင် ဈေးကွက်ထိုးဖောက် (ဓာတ်ပုံများ – မိုးမခ)


ဗီဒီယိုမင်းသား ဝေဠုကျော်က သူထုတ်လုပ် ရောင်းချသော တိုင်းရင်းဆေးများကို လက်ရှိ ကျင်းပနေသည့် တောင်ပြုံးပွဲတော်ကြီးတွင် အကြီးအကျယ် ကြော်ငြာလျက်ရှိသည်။

ထိုသို့ ကိုယ်တိုင် အရောင်းမြှင့်တင်ရာတွင် သူ၏ မိတ်ဆွေ လူရွှင်တော် တချို့ကလည်း ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

နိုင်ငံတစ်ဝန်းမှ နတ်ကိုးကွယ်သူများ စုဝေးရာ တောင်ပြုံးပွဲတော်သည် ၁၀ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ဤပွဲတွင် မင်းသားက သူ၏ တိုင်းရင်းဆေးများ ဈေးကွက်သို့ ကျယ်ကျယ် ပြန့်ပြန့် ရောက်ရှိစေ လာရောက် ကြော်ငြာနေခြင်း ဖြစ်သည်။

မန္တလေးမြို့အနီး မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် နှစ်စဉ် ကျင်းပသည့် ဤပွဲတော်ကြီးသို့ အနယ်နယ်မှ ရိုးရာနတ်ကိုးကွယ်သူ အများအပြား လာရောက်ကြသည်။

အနယ်နယ်မှ ပရိသတ်များ စုဝေးရာ တောင်ပြုံးပွဲကို အားကိုးသည့် အနုပညာရှင်မှာ ဝေဠုကျော် တစ်ဦးတည်း မဟုတ်ပေ။

အဆိုတော်ပေါက်စ နှင်းအဉ္ဇလီ ကလည်း သူ၏ စီးရီးသစ် “ပေါက်ပေါက်ဖောက်” ကို တောင်ပြုန်းတွင် ပရိုမိုးရှင်း လုပ်မည်ဟု တနင်္လာနေ့ထုတ် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။ နှင်းအဉ္ဇလီက ဝေဠုကျော် နည်းတူ ပွဲတော်သို့ နယ်စုံမှ လာသူများကို ကြော်ငြာမည့်သူ ဖြစ်သည်။

ဝေဠုကျော် နှင့် သူ၏ ရှူဆေးကို အားပေးနေကြသော ရွှေပွဲလာများ
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင် တဖြစ်လဲ ဗီဒီယိုမင်းသား ဝေဠုကျော်


မင်းသား ဝေဠုကျော် ပါဝင်သော ဗီဒီယိုဇာတ်ကားများသည် နိုင်ငံ အနှံ့အပြားတွင် လူကြိုက်များလျက် ရှိသည်။

မကြာသေးမီက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ မြန်မာပြည်တွင်း လုပ်ငန်းများတွင်လည်း ဝေဠုကျော်၏ လှုပ်ရှားမှုတချို့ကို တွေ့ရသည်။

၂၀၀၈ နာဂစ်မုန်တိုင်း အပြီးတွင် ဝေဠုကျော်သည် လူမှုရေး လုပ်ငန်းများကို ဇာဂနာ၊ ကျော်သူတို့နှင့်အတူ ကူညီရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်ခဲ့သည်။

နာဂစ်ဒေသရောက် ဝေဠုကျော်၏ လှုပ်ရှားမှုကို ဇာဂနာက VOA သတင်းဌာနသို့ ပြောပြခဲ့ဖူးသည်။

“တော်တော် ပင်ပန်းရှာပါတယ်။ သူကိုယ်တိုင် မော်တော်ကားနဲ့ မောင်းပြီးတော့၊ သူကိုယ်တိုင် ဆန်ပြုတ်ကျိုပြီးတော့ ရွာတွေထဲကို သူကိုယ်တိုင် လိုက်တိုက်တယ်” ဟု ဇာဂနာက ဆိုသည်။

ထိုလုပ်ငန်းများအတွက် ချီးကျူးသံ အများအပြား မထွက်ပေါ်ခဲ့သော်လည်း မင်းသား ဝေဠုကျော်သည် ၀န်ကြီးဌာနများ၏ ၀ါဒဖြန့် ဇာတ်ကားများတွင် ပါဝင်မှုကြောင့် ဆဲဆိုခံနေရသည်။


မင်းသားနှင့်အတူ အရောင်းမြှင့်တင်ကြသည့် လူရွှင်တော်တချို့




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts