>Friends of Citizen of Burma (LA) to fund rasise with fun fair

>

အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည်

မိုးမခအထောက်တော် အယ်လ်အေ
သြဂုတ် ၂၄၊ ၂၀၁၀
စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာစွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ ၀န်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာတွေက မြန်မာပြည်နဲ့ မိသားစု၊ မိတ်ဆွေများ အလွမ်းပြေ အိမ်တိုင်း မြို့တိုင်းမှာ ကာရာအိုကေစက်တွေနဲ့ သီချင်းတွေ သီဆိုဟစ်ကြွေးလေ့ရှိတော့ အခုသည် ဂီတဆည်းဆာပွဲမှာ အလှူလည်း လုပ်၊ ကိုယ့်အဆိုပါရမီတွေကိုလည်း အများနဲ့ ဝေငှပြီး ချစ်ခင်ရင်းနှီးမှုတွေလည်း ရ၊ မိသားစုတွေရဲ့ ဆိုင်ချက်၊ အိမ်ချက် စားဖွယ်ရာရာတွေကိုလည်း ၀ယ်ယူအားပေးပြီး မြန်မာမိသားစုတွေရဲ့ နွေးထွေးတဲ့ အသိုင်းအ၀န်းကို ခံစားကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါ ကြော်ငြာအတိုင်း အချင်းချင်း လက်တို့ပြီး သွားရောက် အားပေးကြပါ။ ယခင် ကျောင်းသားဘ၀မှာ ကြုံခဲ့ကြတဲ့ ပျော်ပွဲ ရွှင်ပွဲလိုမျိုး ကို ပြန်လည် ဖန်တီးကြမှာ ဖြစ်လို့ အဝေးက ပြည်သူ့ဂုဏ်ရည် ချစ်သူတွေကလည်း သူတို့ရဲ့ အဆို နဲ့ အစား အစွမ်းသတ္တိတွေ လာရောက် ပြသလို့ ရတယ်လို့ သိရပါတယ်။
အဲသည်က အလှူငွေ၊ ရန်ပုံငွေတွေ အားလုံးကို မြန်မာပြည်တွင်း လူမှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ ဂုဏ်ယူဖွယ်ရာ မြန်မာများ မော်ကွန်းမှတ်တမ်းကို တည်ဆောက်ပြီး ၎င်းစာရင်းမှ ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ရန်အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာတွေ ဆုံစည်းနေကြ အယ်လ်အေက အောင်ဇေခန်းမမှာ ညနေ ၅ နာရီက ည ၁၀ နာရီအထိ တွေ့ဆုံကြဖို့ ဖိတ်ခေါ်ထားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts