>Waso Full Moon Day – View at Shwedagon Pagoda in Rangoon

>

သမိုင်းနောက်ခံကားချပ် ရွှေတိဂုံ၏ ၀ါဆိုလပြည့် မြင်ကွင်း
မိုးမခဓာတ်ပုံသတင်း – မိုးမခအထောက်တော် (ရန်ကုန်)
ဇူလိုင် ၂၇၊ ၂၀၁၀
(၀ါဆိုလပြည့်နေ့ ရွှေတိဂုံ အရှေ့ဘက်မုခ်မှာ တွေ့မြင်ရသည့် သံဃာနှင့် သီလရှင်များ၊ စက်တင်ဘာ လှုပ်ရှားမှုတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ဦးသည် သမိုင်းမှတ်တမ်းဝင် နေရာတစ်နေရာဖြစ်ခဲ့သည်။)
 ယမန်နေ့ – ဓမ္မစင်္ကြာနေ့ဟုလည်း ခေါ်ဆိုသည့် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ အဖို့နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် အလျှောက် တန်ခိုးကြီးစေတီဖြစ်သည့် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးများ ထောင် သောင်းချီလာရောက်သည်ကိုတွေ့ရသည်
ရွှေတိဂုံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းတွင်လည်း အစဉ်အမြဲနောက်ခံကားချပ် တစ်ချပ်အနေဖြင့် ပါဝင်လျက်ရှိသည့် နေရာတနေရာဖြစ်သည်။
၁၉၂၀ ကျောင်းသားသပိတ် သစ္စာဆိုရာဌါန၊
၁၉၃၀ ကျောင်းသားသပိတ် စခန်း၊
ဒုတိယကမ္ဘာစစ်အပြီး ဖဆပလ၏ အလယ်ပစ္စယံ လူထုစည်းဝေးပွဲ၊
၁၉၇၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ရွှေတိဂုံ အရေးအခင်း၊
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးလူထုသို့ မိန့်ခွန်းပြောသည့် အနောက်ဘက်မုခ် ဟောပြောပွဲ၊
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း၏ စုရပ် စသည့် အဖြစ်အပျက်များတွင် ရွှေတိဂုံသည် နောက်ခံကားချပ် တစ်ချပ်ဖြစ်ခဲ့သည်။
 
(ဘုရားဖူးလာသူများအား ဖိနပ်ထည့်သည့် ကြွတ်ကြွတ်အိတ် ရောင်းနေသည့် ကလေးငယ် တစ်ဦး)
(အရှေ့ဘက်မုခ် စောင်းတန်းလမ်း တလျှောက် စည်ကားနေသည့် ပျံကျဈေးသည်များနှင့် ဘုရားဖူးများ၊ အ၀တ်အထည်၊ ထီးနှင့် အခြားအသုံးအဆောင်များရောင်းချသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံတွင် အရင်းအနှီးနှင့် ကျွမ်းကျင်မှု နည်းပါးသူများအဖို့ လမ်းဘေး ဈေးရောင်းခြင်းသည် အလွယ်ဆုံး လုပ်ငန်းတခုဖြစ်သည်)
(ရွှေတိဂုံ အရှေ့ဘက် စောင်းတန်းအတွင်းမှ နိဗ္ဗာန်ကုန်ရောင်းသည့် ဆိုင်တစ်ဆိုင်၊)
(ရွှေတိဂုံယင်ပြင်တော်ပေါ်တွင် ၀တ်ပြုနေသည့် ဘုရားဖူးများ၊ ၂၀၀၇ စက်တင်ဘာတွင် အဆိုပါ ရင်ပြင်တော်ပေါ်၌ နေ့စဉ်စုဝေးကြပြီး ရန်ကုန်မြို့ကို လှည့်လည် မေတ္တာပို့ဆုတောင်း ရွတ်ဖတ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရန် အစိုးရကို မေတ္တာရပ်ခံခဲ့သော်လည်း နောက်ဆုံးတွင် ရက်စက်စွာ ဖြိုခွဲခံခဲ့ရသည်။)
(ရွှေတိဂုံရင်ပြင်တော်ပေါ်၌ တွေ့မြင်ရသည့် ဘုရားဖူး မိသားစုနှင့် သံဃာများ)
(အနောက်ဘက် စောင်းတန်းအနီး တန်ဆောင်းရှေ့တွင် တွေ့မြင်ရသည့် သံဃာအချို့)
 (တောင်ဘက်စောင်းတန်း အဆင်း )
(စောင်းတန်း အလယ်တွင် တွေ့မြင်ရသည့် ပြည့်လျှံနေသည့် အမှိုက်ပုံး)
(ဘုရားဖူးများအား လမ်းကူးရန်လမ်းပြနေသည့် ယာဉ်ထိန်းရဲတစ်ဦး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts