>San Francisco Bay Area Burmese Community donated US$ over 13 thousand

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာမိသားစုများ၏ ရေအလှူ ကျပ် ၁၃၅ သိန်းနဲ့ ၁ သောင်း လှူဒါန်းခဲ့ပြီး

မိုးမခအထောက်တော် ၀၀၂
ဇွန် ၂၅၊ ၂၀၁၀
လွန်ခဲ့သည့် ဇွန်လ ၆ ရက်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာမိသားစုများ၏ ရေအလှူရန်ပုံငွေ ဈေးပွဲတော်က လက်ခံရရှိခဲ့သော အများပြည်သူကောင်းမှု အလှူငွေ ကျပ် ၁၃၅ သိန်းနှင့် ၁ သောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ရေအလှူလုပ်ငန်းများအတွက် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဈေးအလှူပွဲတော်မှ လက်ခံရရှိသော အလှူငွေများအပြင် ရပ်နီး ရပ်ဝေးမှ စေတနာရှင်များ၏ ၀ိုင်းဝန်းလှူဒါန်မှုများကိုပါ တစုတပေါင်းတည်း ကောက်ခံရယူပြီး ပေးပို့လှူဒါန်းနိုင်ခဲ့သည်ဟု သိရှိရသည်။
(ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အများကောင်းမှု ရေအလှူဒါနမှု တခု)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts