>FFSS Yangon Activity – 3rd Week of 2010

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဇွန်လတတိယပတ် မှတ်စုများ
မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်) ကတဆင့်)
ဇွန် ၂၄၊ ၂၀၁၀
လက်နဲ့မကွာသော အလှူရေစက်များ
        (နာရေးကူညီမှုအသင်း ရေအလှူလုပ်ငန်းများ ပြီးစီးလုနီးပြီ)
စေတနာရှင် ကုသိုလ်ရှင် အများပြည်သူ (ပြည်တွင်း ပြည်ပ)မှ လှူဒါန်းထားသော အလှူငွေများဖြင့် ရေဒုက္ခသည်များရှိရာ မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့  ရေတိုစီမံကိန်းအဖြစ် ရေးဆွဲချမှတ်ကာ အရေးပေါ် လိုအပ်လျှက်ရှိသော သောက်သုံးရေများအား ပေးဝေ လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သလို ရေရှည်စီမံကိန်းအဖြစ်လည်း “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ရေတွင်း (အ၀ီစိတွင်း) တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်း၊ ရေစုပ်စက် မော်တာများ တပ်ဆင်ခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လက်ဆင့်ကမ်း ကုသိုလ်ယူကာ နယ်ခံ၊ ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း လုပ်ဆောင်ပေးခဲ့ရာ ယခုဆိုလျှင် အကောင်အထည်ဖော် လှူဒါန်းမှုများ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါကြောင်းနှင့် ပြည်မြို့နယ် အတွင်းတွင် ကျန်ရှိနေသော တူးဖော်ဆဲ အ၀ီစိတွင်းများ၊ အုတ်ရေကန်များ လုံးဝ ပြီးစီးသွားပါက အများပြည်သူအလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်ခဲ့သော ကုသိုလ်ရေးကို ရေစက်သွန်းချ အမျှပေးဝေ သွားမည်ဖြစ်ပါကြောင်း …
ကဗျာသမိုင်း မှတ်တိုင်စိုက်ပျိုးမှု
        (ကဗျာဆရာကြီးများအတွက် သစ်ပင်စိုက်ပျိုးခြင်း) 
၂၂.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ကဗျာဆရာ သစ္စာနီ၊ စာရေးဆရာ မောင်စိမ်းနီတို့ ဦးဆောင်သော ကဗျာဆရာများအဖွဲ့သည် ဓမ္မစေတီကျောင်းဝင်း အတွင်းတွင် ကွယ်လွန်သွားကြပြီဖြစ်သော တိုင်းကျိုး ပြည်ကျိုးပြု ကဗျာဆရာကြီးများ၏ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား ရည်စူး၍ မှတ်မှတ်ရရ အရိပ်ရ သစ်ပင်ကြီးများ စိုက်ပျိုးခြင်း ပြုလုပ်ရန်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့၎င်း ၀င်ရောက်၍ “သုခအလင်း စာကြည့်တိုက်”အား လေ့လာကြည့်ရှုကြပြီး အဖိုးတန် စာအုပ်စာပေများအား လာရောက်လှူဒါန်းခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝင်းအတွင်းတွင်လည်း သမိုင်းဝင် မှတ်တိုင်အဖြစ် အရိပ်ရ သစ်ပင်ကြီးများအား လာရောက်ပြီး စိုက်ပျိုးမည်ဟု ကဗျာဆရာများအဖွဲ့မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)တို့ကို ပြောကြားသွားခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts