>FFSS Yangon open X-Ray Clinic on 19th June – freed 65 birds

>

ဇွန် ၁၉ ရက်၊ ငှက် ၆၅ ကောင်၊ နာရေးကူညီမှု ဓာတ်မှန်ခန်း ဖွင့်
မိုးမခဓာတ်ပုံသတင်း
ဇွန် ၁၉၊ ၂၀၁၀
၁၉- ၆ – ၂၀၁၀ (စနေ) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ရှိ နာရေးကူညီမှုအသင်း ၏ ဓါတ်မှန်ခန်း ဖွင့်ပွဲ အခန်းအနား မြင်ကွင်း ဖြစ်ပါတယ်။
ခို ၆၅ ကောင်လွှတ်တဲ့ အမှတ်တရ ပြုလုပ်ပါတယ်။
အလှူရှင်များကတော့ ဓါတ်မှန်ခန်း အဆောက်အဦး မတည်အလှူရှင် ကွယ်လွန်သူ မခိုင်ရွှန်းလဲ့ရည် အားရည်စူး၍ ဖေဖေ ဦးဌေးအောင် + မေမေ ဒေါ်ချိုချိုမြင့်၊ သမီး မဖြူစင်လဲ့ရည် (မိသားစု) တို့မှ ငွေကျပ် (၁,၅၀၀,၀၀၀/-) သိန်းတစ်ရာ့ငါးဆယ် ကျပ်တိတိ၊ ဓါတ်မှန်စက် အလှူရှင် ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးစိန် + ဒေါ်တီ တို့အားရည်စူး၍ ဦးကျင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော်၊ သား မောင်ကောင်းဆွေသန့် (မိသားစု) တို့မှ ငွေကျပ် (၁,၀၀၀,၀၀၀/-) သိန်းတစ်ရာ ကျပ်တိတိအပြင် သုခကုသိုလ်ဖြစ်ဆေးခန်း အတွက် ငွေကျပ် (၁,၂၄၀,၀၀၀/-) တစ်ရာနှစ်ဆယ့်လေးသိန်း ကျပ်တိတိနှင့် ဓါတ်မှန်စက် အလှူရှင် ကွယ်လွန်သူ မိဘများအား ရည်စူး၍ ဦးခင်အောင် + ဒေါ်ကြည်ကြည်သက်၊ သမီး မသီတာအောင် (မိသားစု) တို့မှ ငွေကျပ် (၁,၀၀၀,၀၀၀/-) သိန်းတစ်ရာ ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်တွင်းက သတင်းသမားများ ဓာတ်ပုံဝိုင်းရိုက်ကြသည်ကို တွေ့ရသော်လည်း ထိုသတင်းကို စစ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က ခွင့်ပြုပါ့မည်လားကို မေးခွန်းထုတ်နေကြသည်။ သို့သော်လည်း အင်တာနက်သတင်းများ၊ ဘလောက်များတွင် ထို ကောင်းမှုကို တင်ဆက်ထားသည်။ ထိုပွဲအပြီးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ခေါင်းဆောင်များ ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက် တို့အပါအ၀င် လုပ်အားပေး စေတနရှင်များက ကွမ်းခြံကုန်းသို့ ဆက်လက်ခရီးဆက်ကြပြီး လူမှုရေးအလှူလုပ်ငန်းများ ဆက်ကြသည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts