>

မေတ္တာပို့
မာမာအေး
ဇွန် ၁၉၊ ၂၀၁၀
“ဘဆန်း” ဂုဏ်ဆောင်
“စု” ထိပ်ခေါင် ရေ …
ဝဋ်နှောင်ကြမ္မာ
မရိုးသာမင့်
`ပဋာ’ တပိုင်း
ကံ က ရိုင်းမို့
သမိုင်းဗာလ
ကလိမ်ကျတို့
လောဘထိပ်စု
ထင်တိုင်းပြုလည်း
ယခုထက်တိုင်
မိဘပိုင်သည့်
ရွဲယိုင်အိမ်အို
ပြိမလိုထက်
မပျက်ခန္တီ
ဘေးမသီဖြင့်
သွေးနီဆက်ကမ်း
ခရောင်းလမ်းဝယ်
‘ခြောက်ဆက်ငါးစွန်း’
နှစ်တွေ ယွန်းပေါ့။        ။
‘နေ၀န်းရှေ့မှာ … မှောင်ကြီးလာမြဲ’
အံကို ခဲ၍
တိုက်ပွဲဝင်မှာ
သိနေတာကွယ်
မဟာခံစစ်
ရင်၌ ချစ်တွက်
ဖူးသစ်ချမ်းမြေ့
သည်မွေးနေ့ဝယ်
သက်စေ့မေတ္တာ ပို့လိုက်တယ်။    ။
(မာမာအေး၊ ဇွန် ၁၉၊ စုလေးအတွက်၊ ညနေ ၅ နာရီ ခွဲ၊ ၂၀၁၀)
သရုပ်ဖော် – ပန်းချီ သန်းဌေးမောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts