>Bangkok becomes a battleground after protest leaders are arrested

>

ဘန်ကောက်ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်း၊
ရှပ်နီ ခေါင်းဆောင်တို့ အဖမ်းခံ၊
ရှပ်နီ အမာခံတို့ သတင်းသမားများကို တိုက်ခိုက်
ဘန်ကောက်တွင် ညမထွက်ရ အမိန့်ထုတ်

ဓာတ်ပုံသတင်း
မေ ၁၉၊ ၂၀၁၀



ဘန်ကောက်မြို့ ရှပ်နီတို့၏ ဆန္ဒပြသည့်ကို ထိုင်းစစ်သားများက ယနေ့နံနက်တွင် အင်အားသုံး စီးနင်းလိုက်သည်။
ယခုအခါ ည ၈ နာရီ နှင့် မနက် ၆ နာရီအတွင်း အပြင်မထွက်ရန် အမိန့် ထုတ်လိုက်သည်။ (အပေါ်ပုံ – စစ်သားများ၊ အဖမ်းခံရသူ ရှပ်နီ ၂ ဦး)



မြို့လယ်ရှိ အမာခံ စခန်းကို ၀င်စီးပုံ

ယနေ့ မြို့လယ်မြင်ကွင်း


အဖမ်းခံသည့် ရှပ်နီခေါင်းဆောင် Natthawut Saikua


အစိုးရတပ်များထံတွင် လက်နက်ချသည့် ရှပ်နီ ခေါင်းဆောင် Jatuporn Prompan (ရွှေအိုးစည် ဟု မြန်မာများက အမည်ပြောင် ပေးထားသူ)

သတင်းယူစဉ် ကျည်ဆံထိမှန် သေဆုံးသွားသည့် အီတလီ သတင်းထောက် Fabio Polenghi

ယနေ့ နံနက်က မီးလောင်သည့် ရှပ်နီ စခန်းကို ငြိမ်းသတ်နေပုံ။ နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ပေါ်ရှိ အနည်းဆုံး ၁၅ နေရာတွင် မီးရှိုမှု ဖြစ်ပွားခဲ့သည်ဟု နေးရှင်း သတင်းစာ ၀က်ဆိုက်တွင် ဖော်ပြထားသည်။ စီးပွားရေးဆိုင်ရာ အဆောက်အအုံများဖြစ်သည်။


သေဆုံးသည့် အီတလီ သတင်းထောက် (အကျီ င်္မည်း) နှင့် ကျည်ဆန်ထိမှန်သည့် ဟော်လန်နိုင်ငံမှ သတင်းထောက် (အင်္ကျီဖြူ)။ မည်သည့်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း မသိရသေးပေ။
ဆန္ဒပြသူများက ချယ်နယ် သရီး တီဗီ အဆောက်အအုံကိုလည်း မီးရှို့လိုက်သည်။


မြို့လယ်တွင် တွေ့ရသည့် သံချပ်ကာကားနှင့် စစ်သားများ၊ ဖမ်းဆီးခံရသည့် ရှပ်နီများ
ဖမ်းဆီးမှု၊ သေဆုံးမှု အသေးစိတ်ကို မသိရသေးပေ။


ရှပ်နီတို့နှင့် အတူ ဆန္ဒပြသည့် သံဃာများလည်း ဖမ်းဆီးခံရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts